ရွမ္းျပည္နယ္အတြင္း ယာဥ္/လမ္း အႏၱရာယ္ကင္းရွင္းေရး စီမံခ်က္ ဆပ္ေကာ္မတီ (၄)ခုျဖင့္ ေဆာင္ရြက္မည္

ရွမ္းျပည္နယ္အတြင္း ယာဥ္/လမ္း အႏၱရာယ္ကင္းရွင္းေရး စီမံခ်က္ ဆပ္ေကာ္မတီ (၄)ခုျဖင့္ ေဆာင္ရြက္မည္
ဇူလိုင် 5, 2016
By Tachileik News Agency

ေတာင္ႀကီး၊ ဇူလိုင္(၅)ရက္
ရွမ္းျပည္နယ္အတြင္း ယာဥ္ႏွင့္လမ္းအႏၱရာယ္ ကင္းရွင္းေရးစီမံခ်က္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္ ဆပ္ေကာ္မတီ (၄)ခုမွ  ေတာင္ႀကီးၿမိဳ႕အား ကနဦးစီမံခ်က္ျဖင့္  ဇူလိုင္လ(၈)ရက္ေန႔တြင္ စတင္အေကာင္အထည္ ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္မွာေတာ့ ၀န္ႀကီးခ်ဳပ္က ဦးေဆာင္ၿပီး စီမံခ်က္ကို ဆပ္ေကာ္မတီ(၄)ခုဖြဲ႕စည္းၿပီး ေဆာင္ရြက္ေနပါတယ္။ အဓိက ေတာင္ႀကီးၿမိဳ႕ကို Pilot Project အေနနဲ႔ ဒီတစ္ပတ္အတြင္းစၿပီး အေကာင္အထည္ေဖာ္မွာပါ။ ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္နဲ႔ ယာဥ္ေၾကာပိတ္ဆို႔မႈေတြကို ထိထိ ေရာက္ေရာက္ ကိုင္တြယ္ဖို႔ပါ။ ယာဥ္ထူထပ္တဲ့ၿမိဳ႕ေတြကို အရပ္ဖက္ အဖြဲ႕အစည္းေတြ၊ ပညာရွင္ေတြ ပါ၀င္တဲ့ စီမံကိန္းေရးဆြဲၿပီး ပညာေပးလုပ္ငန္းေတြနဲ႔ ဆက္တိုက္လုပ္ေဆာင္မွာပါ။ အခုေတာ့ ေတာင္ႀကီးမွာ တစ္ပတ္အတြင္း အေကာင္အထည္ေဖာ္ဖို႔ ေဆာင္ရြက္ေနပါတယ္"ဟု ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။

ရွမ္းျပည္နယ္အတြင္း အဆိုပါ စီမံခ်က္အား အေကာင္အထည္ေဖာ္္ရာတြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား ကိစၥႏွင့္ ေမာ္ေတာ္ယာဥ္ႏွင့္ပတ္သက္သည့္ စာရြက္စာတမ္းအတုျပဳလုပ္ေနသည့္ကိစၥမ်ားကိုပါ ထည့္သြင္း ေျဖရွင္းသြားရန္ တာခ်ီလိတ္ မဲဆႏၵနယ္အမွတ္ (၂)မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေထာက္ျပသည္။

"လိုင္စင္မဲ့ကား၊ ဆိုင္ကယ္ျပႆနာတစ္ခုတည္း မဟုတ္ဘူး။ ဘာေတြထပ္ရွိလာလဲဆိုေတာ့ ယာဥ္ေတြရဲ႕ စာအုပ္စာတမ္းေတြကို အတုျပဳလုပ္တာေတြလည္း ထပ္ရွိလာတာကို ေဒသခံေတြၾကားထဲမွာ ေတြ႕ရတယ္ Owner Book အတုလုပ္တာတို႔၊ အ၀ိုင္းျပားအတုလုပ္တာတို႔ေတြရွိတယ္။ ဒါေတြကို ျပည္သူေတြက မသိဘဲ ကိုင္ထားတာေတြရွိသလို သိသိႀကီးနဲ႔ တစ္ႏွစ္သံုးရနည္းလားလို႔ ကိုင္ထားတာေတြလည္းရွိတယ္။ ဒါေတြပါ ထည့္သြင္းေျဖရွင္းရမယ္"ဟု တာခ်ီလိတ္ မဲဆႏၵနယ္ အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

ျမန္မာႏိုင္ငံ ယာဥ္အႏၱရာယ္ႏွင့္ လမ္းအႏၱရာယ္ေလ်ာ့က်ေရးေကာင္စီ NRSC ( National Road Safety Council )အား ႏိုင္ငံေတာ္သမၼတရုံး၏ ေမလ (၃၁) ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာ အမွတ္၂၇/၂၀၁၆ ျဖင့္ ထုတ္ျပန္လိုက္ျခင္း ျဖစ္ၿပီး  ႏိုင္ငံေတာ္ ဒုသမၼတ(၂) ဦးဟင္နရီဗန္ထီးယူမွ အဆိုပါ ေကာင္စီအား ဦးေဆာင္၍ တိုင္းႏွင့္ ျပည္နယ္မ်ားတြင္ ယာဥ္အႏၱရာယ္လမ္း အႏၲရာယ္ကင္းရွင္းေရးေကာင္စီမ်ားကို ဖြဲ႕စည္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စီမံခ်က္မွာ ၂၀၁၄ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္အထိ (၇)ႏွစ္စီမံခ်က္ျဖစ္ၿပီး ျမန္မာႏုိင္ငံအတြင္း ယာဥ္မေတာ္မဆ ထိခိုက္မႈအႏၱရာယ္ေၾကာင့္ ျပည္သူတုိ႔၏ အသက္အႏၱရာယ္ႏွင့္ လူမႈစီးပြား ဘဝဆုံးရွံဳးမႈမ်ား၊ ယာဥ္ေၾကာင့္ျဖစ္ေပၚေသာ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈမ်ားႏွင့္ ယာဥ္ေၾကာ ပိတ္ဆုိ႔မႈမ်ား ေလ်ာ့က်လာေစေရး လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေစာလွမင္း
...........
တောင်ကြီး၊ ဇူလိုင်(၅)ရက်
ရှမ်းပြည်နယ်အတွင်း ယာဉ်နှင့်လမ်းအန္တရာယ် ကင်းရှင်းရေးစီမံချက်အား ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ဆပ်ကော်မတီ (၄)ခုမှ တောင်ကြီးမြို့အား ကနဦးစီမံချက်ဖြင့် ဇူလိုင်လ(၈)ရက်နေ့တွင် စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ရှမ်းပြည်နယ်မှာတော့ ဝန်ကြီးချုပ်က ဦးဆောင်ပြီး စီမံချက်ကို ဆပ်ကော်မတီ(၄)ခုဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ အဓိက တောင်ကြီးမြို့ကို Pilot Project အနေနဲ့ ဒီတစ်ပတ်အတွင်းစပြီး အကောင်အထည်ဖော်မှာပါ။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို ထိထိ ရောက်ရောက် ကိုင်တွယ်ဖို့ပါ။ ယာဉ်ထူထပ်တဲ့မြို့တွေကို အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ ပါဝင်တဲ့ စီမံကိန်းရေးဆွဲပြီး ပညာပေးလုပ်ငန်းတွေနဲ့ ဆက်တိုက်လုပ်ဆောင်မှာပါ။ အခုတော့ တောင်ကြီးမှာ တစ်ပတ်အတွင်း အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေပါတယ်"ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။
ရှမ်းပြည်နယ်အတွင်း အဆိုပါ စီမံချက်အား အကောင်အထည်ဖော်ရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ကိစ္စနှင့် မော်တော်ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းအတုပြုလုပ်နေသည့်ကိစ္စများကိုပါ ထည့်သွင်း ဖြေရှင်းသွားရန် တာချီလိတ် မဲဆန္ဒနယ်အမှတ် (၂)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ထောက်ပြသည်။
"လိုင်စင်မဲ့ကား၊ ဆိုင်ကယ်ပြဿနာတစ်ခုတည်း မဟုတ်ဘူး။ ဘာတွေထပ်ရှိလာလဲဆိုတော့ ယာဉ်တွေရဲ့ စာအုပ်စာတမ်းတွေကို အတုပြုလုပ်တာတွေလည်း ထပ်ရှိလာတာကို ဒေသခံတွကြေားထဲမှာ တွေ့ရတယ် Owner Book အတုလုပ်တာတို့၊ အဝိုင်းပြားအတုလုပ်တာတို့တွေရှိတယ်။ ဒါတွေကို ပြည်သူတွေက မသိဘဲ ကိုင်ထားတာတွေရှိသလို သိသိကြီးနဲ့ တစ်နှစ်သုံးရနည်းလားလို့ ကိုင်ထားတာတွေလည်းရှိတယ်။ ဒါတွေပါ ထည့်သွင်းဖြေရှင်းရမယ်"ဟု တာချီလိတ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
မြန်မာနိုင်ငံ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်လျော့ကျရေးကောင်စီ NRSC ( National Road Safety Council )အား နိုင်ငံတော်သမ္မတရုံး၏ မေလ (၃၁) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၂၇/၂၀၁၆ ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး နိုင်ငံတော် ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူမှ အဆိုပါ ကောင်စီအား ဦးဆောင်၍ တိုင်းနှင့် ပြည်နယ်များတွင် ယာဉ်အန္တရာယ်လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီများကို ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံချက်မှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ (၇)နှစ်စီမံချက်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ယာဉ်မတော်မဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အန္တရာယ်နှင့် လူမှုစီးပွား ဘဝဆုံးရှုံးမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့ကျလာစေရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း။ စောလှမင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~