ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္၀န္ႀကီးမ်ား တာခ်ီလိတ္ေဒသခံမ်ားႏွင့္ ေတြ႕ဆံုရာတြင္ ေဒသခံမ်ားမွ မူးယစ္ေဆး၀ါး/ေလာင္းကစားႏွင့္ ေဒသလိုအပ္ခ်က္မ်ား တင္ျပ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္၀န္ႀကီးမ်ား တာခ်ီလိတ္ေဒသခံမ်ားႏွင့္ ေတြ႕ဆံုရာတြင္ ေဒသခံမ်ားမွ မူးယစ္ေဆး၀ါး/ေလာင္းကစားႏွင့္ ေဒသလိုအပ္ခ်က္မ်ား တင္ျပ
ဇူလိုင် 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ ျပည္နယ္၀န္ႀကီး (၅)ဦးတို႔သည္ ဇူလိုင္လ (၂၆)ရက္တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္၌ လူထုေတြ႕ဆုံပြဲ ျပဳလုပ္သည္။

အဆိုပါ လူထုေတြ႕ဆံုပြဲ အခမ္းအနားသို႔ ဌာနဆိုင္ရာမ်ားမွ တာ၀န္ရွိသူမ်ား၊ လႊတ္ေတာ္ ကိုယ္စား လွယ္မ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မ်ား၊ NGO မ်ား၊ တာခ်ီလိတ္ခရိုင္အတြင္းမွ ေဒသခံမ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ား စုစုေပါင္း လူဦးေရ(၃၀၀)ေက်ာ္ တက္ေရာက္ၾကၿပီး ေဒသအတြင္း လိုအပ္ခ်က္မ်ားကို ၀န္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္၀န္ႀကီး(၅)ဦးထံ တင္ျပၾကသည္။

"ကၽြန္ေတာ္တို႔ ေရာက္ရွိလာတဲ့အခါမွာ ရွမ္းျပည္နယ္အစိုးရရုံးနဲ႔ သတင္းအဆက္ျပတ္သြားတာလည္း ရွိပါတယ္။ အခ်ိဳ႕ေမးခြန္းေတြ အတြက္ အဆင္သင့္ မျဖစ္တာလည္း ရွိပါတယ္။ အဲဒီအတြက္ အားလုံး ဆုံးျဖတ္လာခဲ့ၾကတာေတာ့ ေမးခြန္းမ်ား ေမးၿပီးတဲ့အခါမွာ ေမးခြန္းေတြကို မွတ္တမ္းတင္ျပဳစု ယူေဆာင္သြားၿပီးေတာ့ အလ်ဥ္းသင့္သလို ျပန္လည္ ေျဖၾကားထုတ္ျပန္ေပးဖို႔ရွိပါတယ္။ ဒီအတြက္လည္း ရွမ္းျပည္နယ္အစိုးရရဲ႕ ျပန္ၾကားေရးေကာ္မတီကို ျပန္လည္ဖြဲ႔စည္းထားၿပီးျဖစ္ပါတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ လူထုေတြ႕ဆံုပြဲတြင္ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာသည္။

အခမ္းအနားတက္ေရာက္လာသူမ်ားမွ ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္၀န္ႀကီးမ်ားအား ေဒသအတြင္း လိုအပ္ခ်က္မ်ား ႏွင့္ မီးလင္းေရးကိစၥ၊ မူးယစ္ေဆး၀ါးကိစၥ၊ ေလာင္းကစားကိစၥ၊ ဗိုလ္ခ်ဳပ္ေၾကးရုပ္ကိစၥ၊ လူမႈေရးအက်ဳိးျပဳလုပ္ငန္းမ်ားႏွင့္ ဆက္စပ္သည့္ ကိစၥ၊ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားကိစၥ၊ အခြန္အခမ်ားေကာက္ခံေနမႈ ကိစၥ ႏွင့္ ေျမယာအရႈပ္အရွင္းကိစၥရပ္မ်ားကို တင္ျပခဲ့ၾကသည္။

အဆိုပါ လူထုေတြ႕ဆံုပြဲသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္အတူ ျပည္နယ္ဝန္ႀကီးမ်ားျဖစ္သည့္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးစိုးမိုးေအာင္၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရး၀န္ႀကီး ဦးစိုင္းလုံေက်ာ္၊ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦးခြန္ရဲေထြး၊ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းႏွင့္ အာခါတိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ႀကီး ဦးအာေဗလတို႔ ပါဝင္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္၀န္ႀကီးမ်ားသည္ ဇူလိုင္လ (၂၄)ရက္ေန႔ကစတင္ၿပီး လူထုေတြ႕ဆံုပြဲမ်ားကို မိုင္းတုံ၊ မိုင္းဆတ္၊ တာခ်ီလိတ္ၿမိဳ႕မ်ားတြင္ ဆက္တိုက္က်င္းပကာ ယင္းမွတစ္ဆင့္ က်ိဳင္းလပ္ၿမိဳ႕သို႔ သြားေရာက္ၿပီး လာအို - ျမန္မာခ်စ္ၾကည္ေရးတံတားအား စစ္ေဆးကာ က်ိဳင္းတုံၿမိဳ႕သုိ႔ ဆက္လက္သြားေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ

.............

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်ဝန်ကြီး (၅)ဦးတို့သည် ဇူလိုင်လ (၂၆)ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၌ လူထုတွေ့ဆုံပွဲ ပြုလုပ်သည်။

အဆိုပါ လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ NGO များ၊ တာချီလိတ်ခရိုင်အတွင်းမှ ဒေသခံများနှင့် မြို့မိမြို့ဖများ စုစုပေါင်း လူဦးရေ(၃၀၀)ကျော် တက်ရောက်ကြပြီး ဒေသအတွင်း လိုအပ်ချက်များကို ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး(၅)ဦးထံ တင်ပြကြသည်။

"ကျွန်တော်တို့ ရောက်ရှိလာတဲ့အခါမှာ ရှမ်းပြည်နယ်အစိုးရရုံးနဲ့ သတင်းအဆက်ပြတ်သွားတာလည်း ရှိပါတယ်။ အချို့မေးခွန်းတွေ အတွက် အဆင်သင့် မဖြစ်တာလည်း ရှိပါတယ်။ အဲဒီအတွက် အားလုံး ဆုံးဖြတ်လာခဲ့ကြတာတော့ မေးခွန်းများ မေးပြီးတဲ့အခါမှာ မေးခွန်းတွေကို မှတ်တမ်းတင်ပြုစု ယူဆောင်သွားပြီးတော့ အလျဉ်းသင့်သလို ပြန်လည် ဖြကြေားထုတ်ပြန်ပေးဖို့ရှိပါတယ်။ ဒီအတွက်လည်း ရှမ်းပြည်နယ်အစိုးရရဲ့ ပြန်ကြားရေးကော်မတီကို ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။"ဟု တာချီလိတ်မြို့နယ် လူထုတွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောသည်။

အခမ်းအနားတက်ရောက်လာသူများမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများအား ဒေသအတွင်း လိုအပ်ချက်များ နှင့် မီးလင်းရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လောင်းကစားကိစ္စ၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ၊ လူမှုရေးအကျိုးပြုလုပ်ငန်းများနှင့် ဆက်စပ်သည့် ကိစ္စ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကိစ္စ၊ အခွန်အခများကောက်ခံနေမှု ကိစ္စ နှင့် မြေယာအရှုပ်အရှင်းကိစ္စရပ်များကို တင်ပြခဲ့ကြသည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလတို့ ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ဇူလိုင်လ (၂၄)ရက်နေ့ကစတင်ပြီး လူထုတွေ့ဆုံပွဲများကို မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်မြို့များတွင် ဆက်တိုက်ကျင်းပကာ ယင်းမှတစ်ဆင့် ကျိုင်းလပ်မြို့သို့ သွားရောက်ပြီး လာအို - မြန်မာချစ်ကြည်ရေးတံတားအား စစ်ဆေးကာ ကျိုင်းတုံမြို့သို့ ဆက်လက်သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~