ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ႏွင့္ က်ဳိင္းတံုေဒသခံမ်ား ေတြ႕ဆံုပြဲတြင္ မူးယစ္ေဆးကိစၥ အပါအဝင္ ေဒသ လိုအပ္ခ်က္မ်ားတင္ျပ

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ႏွင့္ က်ဳိင္းတံုေဒသခံမ်ား ေတြ႕ဆံုပြဲတြင္ မူးယစ္ေဆးကိစၥ အပါအဝင္ ေဒသ လိုအပ္ခ်က္မ်ားတင္ျပ
ဇူလိုင် 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္၀န္ႀကီး(၄)ဦးတို႔၏ က်ိဳင္းတုံၿမိဳ႕ လူထုေတြ႕ဆံုပြဲတြင္ ဟိုတယ္လုပ္ငန္းဖြံ ့ၿဖိဳး တိုးတက္ေရး၊ ၿမိဳ႕သစ္မ်ား ဖြံ႔ၿဖိဳးတိုးတက္ေရး၊ ၿမိဳ႕ေရွာင္လမ္းမ်ား ေဖာက္လုပ္ေပးေရး၊ မူးယစ္ေဆး၀ါးကိစၥရပ္မ်ား၊ လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္ ကိစၥ၊ တိုင္းရင္းသား စာေပမ်ားကို လြတ္လပ္စြာ သင္ၾကားခြင့္ရေရးႏွင့္ (၂၄)နာရီမီးရရိွေရးတို႔ကို ေဒသလူထုက တင္ျပၾကသည္။

ေဒသခံမ်ားႏွင့္ေတြ႔ဆံုပြဲအား ဇူလိုင္လ(၂၇)ရက္ နံနက္ပိုင္းက ရွမ္းျပည္နယ္(အေရွ ့ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပရာ မိုင္းေယာင္း၊ မိုင္းခတ္၊ မိုင္းယန္းၿမိဳ ့မ်ားမွလည္း တက္ေရာက္လာေၾကာင္း သိရသည္။

"အခု ေဒသခံမ်ား တင္ျပလာတဲ့ဆႏၵမ်ားကို စနစ္တက် မွတ္တမ္းတင္ၿပီးေတာ့ ကၽြန္ေတာ္တို ့ရဲ ့ အစိုးရအဖြဲ႔မွာ ျပန္ၿပီး သုံးသပ္ေလ့လာၿပီးမွ အမွန္တကယ္ လိုအပ္တဲ့ကိစၥေတြကို အေကာင္အထည္ ေဖာ္ေပးႏိုင္ဖို႔ု အတြက္ ကၽြန္ေတာ္တို႔ ျပည္နယ္အစိုးရအဖြဲ ့အေနနဲ႔ စြမ္းေဆာင္ႏိုင္တဲ့ အဆင့္မွာဆိုရင္ ဦးစားေပးအဆင့္ အေနနဲ ့ ေဆာင္ရြက္ေပးပါမယ္။ ကၽြန္ေတာ္တို ့ မစြမ္းေဆာင္ႏိုင္တဲ့ ကိစၥေတြကိုေတာ့ ျပည္ေထာင္စု အစိုးရကို အဆင့္ဆင့္ တင္ျပေပးၿပီးေတာ့ ေဆာင္ရြက္ သြားမွာျဖစ္ပါတယ္။"ဟု ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြြဋ္က ေျပာၾကားသည္။

အဆိုပါ လူထုေတြ ့ဆုံပြဲသို ့ ဌာနဆိုင္ရာမ်ားမွ တာ၀န္ရိွသူမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ ့မ်ား၊ NGOမ်ား၊ အရပ္ဖက္လူမႈေရး အဖြဲ ့အစည္းမ်ားႏွင့္ ေဒသခံမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား တက္ေရာက္ခဲ့ၾကၿပီး ၀န္ႀကီးခ်ဳပ္ႏွင့္အဖြဲ ့အား ေဒသတြင္း လိုအပ္ခ်က္မ်ားကို တင္ျပခဲ့ၾကသည္။

အဆိုပါ လူထုေတြ ့ဆုံပြဲသို ့ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္အတူ ျပည္နယ္၀န္ႀကီးမ်ား ျဖစ္သည့္ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးစိုးမိုးေအာင္၊ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရး၀န္ႀကီး ဦးစိုင္းလုံေက်ာက္၊  စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းႏွင့္ အာခါတိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ႀကီး ဦးအာေဗလတို ့တက္ေရာက္ခဲ့ၾကသည္။

ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ျပည္နယ္၀န္ႀကီးမ်ားအဖြဲ႔သည္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသခရီးစဥ္အား ဇူလိုင္လ(၂၄)ရက္ေန႔က စတင္ၿပီး၊ မိုင္းဆတ္ခရိုင္၊ တာခ်ီလိတ္ခရိုင္ ႏွင့္ က်ဳိင္းတံုခရိုင္အတြင္းသို႔ သြားေရာက္ခဲ့ၿပီး လူထုေတြ႕ဆံုမႈမ်ား ျပဳလာကာ ၎တို႔၏ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ ခရီးစဥ္အား ဇူလိုင္လ(၂၇)ရက္ေန႔တြင္ ၿပီးေျမာက္ၿပီး က်ဳိင္းတံုမွ တဆင့္ ဟဲဟိုးသို႔ ျပန္လည္ထြက္ခြာသြားေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - #ဇြဲျမတ္
.................

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီး(၄)ဦးတို့၏ ကျိုင်းတုံမြို့ လူထုတွေ့ဆုံပွဲတွင် ဟိုတယ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ မြို့သစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ရှောင်လမ်းများ ဖောက်လုပ်ပေးရေး၊ မူးယစ်ဆေးဝါးကိစ္စရပ်များ၊ လိုင်စင်မဲ့ မော်တော်ယာဉ် ကိစ္စ၊ တိုင်းရင်းသား စာပေများကို လွတ်လပ်စွာ သင်ကြားခွင့်ရရေးနှင့် (၂၄)နာရီမီးရရှိရေးတို့ကို ဒေသလူထုက တင်ပြကြသည်။

ဒေသခံများနှင့်တွေ့ဆုံပွဲအား ဇူလိုင်လ(၂၇)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျင်းပရာ မိုင်းယောင်း၊ မိုင်းခတ်၊ မိုင်းယန်းမြို့များမှလည်း တက်ရောက်လာကြောင်း သိရသည်။

"အခု ဒေသခံများ တင်ပြလာတဲ့ဆန္ဒများကို စနစ်တကျ မှတ်တမ်းတင်ပြီးတော့ ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့မှာ ပြန်ပြီး သုံးသပ်လေ့လာပြီးမှ အမှန်တကယ် လိုအပ်တဲ့ကိစ္စတွေကို အကောင်အထည် ဖော်ပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ စွမ်းဆောင်နိုင်တဲ့ အဆင့်မှာဆိုရင် ဦးစားပေးအဆင့် အနေနဲ့ ဆောင်ရွက်ပေးပါမယ်။ ကျွန်တော်တို့ မစွမ်းဆောင်နိုင်တဲ့ ကိစ္စတွေကိုတော့ ပြည်ထောင်စု အစိုးရကို အဆင့်ဆင့် တင်ပြပေးပြီးတော့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။"ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ NGOများ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဒေသတွင်း လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့်အတူ ပြည်နယ်ဝန်ကြီးများ ဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျောက်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလတို့တက်ရောက်ခဲ့ကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသခရီးစဉ်အား ဇူလိုင်လ(၂၄)ရက်နေ့က စတင်ပြီး၊ မိုင်းဆတ်ခရိုင်၊ တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်အတွင်းသို့ သွားရောက်ခဲ့ပြီး လူထုတွေ့ဆုံမှုများ ပြုလာကာ၎င်းတို့၏ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ခရီးစဉ်အား ဇူလိုင်လ(၂၇)ရက်နေ့တွင် ပြီးမြောက်ပြီး ကျိုင်းတုံမှ တဆင့် ဟဲဟိုးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~