သစ္လုပ္ငန္းသုံး လႊစက္မ်ား တင္သြင္း၊ ျဖန္႔ျဖဴး ေရာင္းခ်ျခင္းမ်ားကုိ တနသၤာရီတုိင္းအတြင္း ထိန္းခ်ဳပ္မည္

သစ္လုပ္ငန္းသုံး လႊစက္မ်ား တင္သြင္း၊ ျဖန္႔ျဖဴး ေရာင္းခ်ျခင္းမ်ားကုိ တနသၤာရီတုိင္းအတြင္း ထိန္းခ်ဳပ္မည္
ဇူလိုင် 7, 2016
By Tachileik News Agency

ထားဝယ္၊ ဇူလိုင္လ (၇) ရက္
တနသၤာရီတုိင္းအတြင္း သစ္လုပ္ငန္းသုံးလႊစက္မ်ား တင္သြင္း၊ျဖန္႔ျဖဴးေရာင္းခ်ျခင္းမ်ားကုိ ၾသဂုတ္လမွ စတင္ကာ ထိန္းခ်ဳပ္သြားမည္ျဖစ္ေၾကာင္း တနသၤာရီတုိင္းေဒသႀကီး သစ္ေတာဦးစီးဌာနမွ သိသည္။

 “ေလာေလာဆယ္ တုိင္းအစုိးရကုိ ေကာ္မတီဖြဲ႔ဖုိ႔တင္ျပထားတယ္။ တုိင္းအစုိးရက ေကာ္မတီဖြဲ႔ခြင့္က်တာနဲ႔ ေကာ္မတီဖြဲ႔ၿပီး လုပ္ငန္းကုိအေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမယ္။ ဇူလိုင္လထဲမွာ ေကာ္မတီအၿပီး ဖြဲ႔ျဖစ္ဖုိ႔ စီစဥ္ထားတယ္”ဟု တုိင္းေဒသႀကီး သစ္ေတာဦးစီးဌာနရုံး ဒုတိယညြန္ၾကားေရးမွဴး ဦးေမာင္၀င္းက ေျပာသည္။

ေကာ္မတီကို ခရုိင္၊ၿမိဳ႕နယ္အလုိက္ ဖြဲ႔စည္းသြားမည္ျဖစ္ၿပီး အုပ္ခ်ုဳပ္ေရးဌာနႏွင့္ သစ္ေတာဦးစီးဌာနတို႔ ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“အဓိကေတာ့ ေစ်းကြက္ထဲမွာရွိၿပီးသား စက္ေတြထက္ ေနာက္ထပ္တင္သြင္းလာမယ့္ စက္ေတြကုိ ပုိၿပီးထိန္းခ်ဳပ္ လုိက္တဲ့သေဘာပါ။ တင္သြင္းခြင့္ကိစၥေတြက်ေတာ့ စီးပြားကူးသန္းကကုိင္ေတာ့ အခုစီးပြားကူးသန္းကလည္း လက္ကုိင္လႊစက္ေတြတင္သြင္းခြင့္မွာ သက္ဆုိင္ရာ ၿမဳိ႕နယ္၊ခရုိင္က လုိအပ္လုိ႔ခြင့္ျပဳတဲ့ ပမာဏအတုိင္းပဲ တင္သြင္းခြင့္ျပဳေတာ့မွာပါ”ဟု  ဦးေမာင္၀င္းက ေျပာသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ တုိင္းေဒသႀကီးအတြင္း လက္ကိုင္လႊစက္တင္သြင္းေရာင္းခ်ေနသူမ်ားအား လက္ကုိင္လႊစက္ကုိင္ေဆာင္ အသုံးျပဳခြင့္ ေလ်ွာက္ထားျခင္း၊ လုိက္နာရမည့္ စည္းကမ္းမ်ားႏွင့္ အေရးယူ ေဆာင္ရြက္ႏုိင္သည့္ သစ္ေတာဥပေဒမ်ားအေၾကာင္းကုိ နယ္ေျမအလုိက္ ပညာေပး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သစ္ေတာဦးစီးဌာနမွ ခြင့္ျပဳေပးထားသည့္အတုိင္းသာ ဆိုင္မ်ားအေနျဖင့္ ေရာင္းခ်ခြင့္ရရွိမည္ျဖစ္ၿပီး တရား၀င္ခြင့္ျပဳခ်က္ျဖင့္ လုပ္ကုိင္ေနသည့္ သစ္လုပ္ငန္းမ်ားတြင္အသံုးျပဳသည့္ လက္ကိုင္ လႊစက္မ်ားကိုလည္း လိုင္စင္ျပဳလုပ္ရမည္ျဖစ္ေၾကာင္း သိရသည္။

သစ္ေတာျပဳန္းတီးမႈကုိ ျဖစ္ေပၚေစသည့္ အေၾကာင္းရင္း တစ္ခုျဖစ္သည့္ တရားမ၀င္ သစ္ခုတ္လွဲခုိးယူေနမႈမ်ားကုိ ထိေရာက္စြာ ကုိင္တြယ္ႏုိင္ရန္ လက္ကုိင္လႊစက္မ်ားတင္သြင္း ျဖန္႔ျဖဴးေရာင္းျခင္းမ်ားကုိ ထိန္းခ်ဳပ္ကန္႔သတ္ရန္ သယံဇာတနွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး ၀န္ႀကီးဌာနက ျပည္ေထာင္စုအစုိးရသုိ႔ ဇြန္လ(၂၀)ရက္က တင္ျပခဲ့ၿပီး ျပည္ေထာင္စုအစုိးရမွ ဇြန္လ (၂၃)ရက္တြင္ ခြင့္ျပဳလုိက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း ။  ။ ေရႊေဇာ္
................

ထားဝယ်၊ ဇူလိုင်လ (၇) ရက်
တနင်္သာရီတိုင်းအတွင်း သစ်လုပ်ငန်းသုံးလွှစက်များ တင်သွင်း၊ဖြန့်ဖြူးရောင်းချခြင်းများကို သြဂုတ်လမှ စတင်ကာ ထိန်းချုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိသည်။

 “လောလောဆယ် တိုင်းအစိုးရကို ကော်မတီဖွဲ့ဖို့တင်ပြထားတယ်။ တိုင်းအစိုးရက ကော်မတီဖွဲ့ခွင့်ကျတာနဲ့ ကော်မတီဖွဲ့ပြီး လုပ်ငန်းကိုအကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။ ဇူလိုင်လထဲမှာ ကော်မတီအပြီး ဖွဲ့ဖြစ်ဖို့ စီစဉ်ထားတယ်”ဟု တိုင်းဒေသကြီး သစ်တောဦးစီးဌာနရုံး ဒုတိယညွန်ကြားရေးမှူး ဦးမောင်ဝင်းက ပြောသည်။

ကော်မတီကို ခရိုင်၊မြို့နယ်အလိုက် ဖွဲ့စည်းသွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ဈေးကွက်ထဲမှာရှိပြီးသား စက်တွေထက် နောက်ထပ်တင်သွင်းလာမယ့် စက်တွေကို ပိုပြီးထိန်းချုပ် လိုက်တဲ့သဘောပါ။ တင်သွင်းခွင့်ကိစ္စတွေကျတော့ စီးပွားကူးသန်းကကိုင်တော့ အခုစီးပွားကူးသန်းကလည်း လက်ကိုင်လွှစက်တွေတင်သွင်းခွင့်မှာ သက်ဆိုင်ရာ မြို့နယ်၊ခရိုင်က လိုအပ်လို့ခွင့်ပြုတဲ့ ပမာဏအတိုင်းပဲ တင်သွင်းခွင့်ပြုတော့မှာပါ”ဟု ဦးမောင်ဝင်းက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း လက်ကိုင်လွှစက်တင်သွင်းရောင်းချနေသူများအား လက်ကိုင်လွှစက်ကိုင်ဆောင် အသုံးပြုခွင့် လျှောက်ထားခြင်း၊ လိုက်နာရမည့် စည်းကမ်းများနှင့် အရေးယူ ဆောင်ရွက်နိုင်သည့် သစ်တောဥပဒေများအကြောင်းကို နယ်မြေအလိုက် ပညာပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သစ်တောဦးစီးဌာနမှ ခွင့်ပြုပေးထားသည့်အတိုင်းသာ ဆိုင်များအနဖြေင့် ရောင်းချခွင့်ရရှိမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် သစ်လုပ်ငန်းများတွင်အသုံးပြုသည့် လက်ကိုင် လွှစက်များကိုလည်း လိုင်စင်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်း တစ်ခုဖြစ်သည့် တရားမဝင် သစ်ခုတ်လှဲခိုးယူနေမှုများကို ထိရောက်စွာ ကိုင်တွယ်နိုင်ရန် လက်ကိုင်လွှစက်များတင်သွင်း ဖြန့်ဖြူးရောင်းခြင်းများကို ထိန်းချုပ်ကန့်သတ်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရသို့ ဇွန်လ(၂၀)ရက်က တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရမှ ဇွန်လ (၂၃)ရက်တွင် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~