တကၠသိုလ္ဝင္ စာေမးပြဲေအာင္ျမင္သူမ်ားအား ရွမ္းတိုင္းရင္းသား လူမႈေရးအသင္းမ်ားမွ ဒုတိယအႀကိမ္ ဂုဏ္ျပဳခ်ီးျမႇင့္

တကၠသိုလ္ဝင္ စာေမးပြဲေအာင္ျမင္သူမ်ားအား ရွမ္းတိုင္းရင္းသား လူမႈေရးအသင္းမ်ားမွ ဒုတိယအႀကိမ္ ဂုဏ္ျပဳခ်ီးျမႇင့္
ဇူလိုင် 16, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ လူမႈေရးေဆာင္ရြက္ေနေသာ ရွမ္းတိုင္းရင္းသားလူမႈေရးအသင္း (၁၃)သင္းမွ အဖြဲ႕ဝင္မ်ား၏ မိသားစုဝင္မ်ားမွ ၂၀၁၆ ခုႏွစ္ တကၠသိုလ္စာေမးပြဲေအာင္ျမင္သူ (၅၄) ဦးအား ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္း ႏွင့္ နမ့္ခုံးရွမ္းမ်ားပရဟိတ(ဗဟို)အသင္းမွ ဂုဏ္ျပဳဆုမ်ားခ်ီးျမႇင့္ေၾကာင္း သိရသည္။

အဆိုပါ ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားကို ဇူလိုင္လ (၁၆)ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္းခန္းမတြင္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

"အဓိကကေတာ့ ေတာင္ႀကီးၿမိဳ႕မွာ ပရဟိတလူမႈေရး လႈပ္ရွားေနတဲ့ ရွမ္းတိုင္းရင္းသားလူမႈေရးအသင္း (၁၃)သင္းရဲ႕ သားသမီးေတြ ၊ တူ၊တူမ ေတြကို ဆုခ်ီးျမႇင့္ေပးတာပါ။ အဓိက ရည္ရြယ္ခ်က္ကေတာ့ ေနာင္တစ္ခ်ိန္က်ရင္ လူႀကီးေတြျဖစ္လာတဲ့အခ်ိန္ ေက်ာင္းၿပီးသြားတဲ့ အခ်ိန္က်ရင္ လူမႈေရး လႈပ္ရွားတတ္ေအာင္ သူတို႔စိတ္ဓာတ္ေတြကို သီးျခားဂုဏ္ျပဳ ျမႇင့္တင္ေပးေရးျဖစ္ပါတယ္။"ဟု ရွမ္းစာေပ ႏွင့္ ယဥ္ေက်းမႈအသင္း (ေတာင္ႀကီး)မွ အတြင္းေရးမွဴး ဦးစိုင္းႏြတ္က ေျပာသည္။

ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္း(ေတာင္ႀကီး)မွ ပထမအႀကိမ္ ဆုခ်ီးျမႇင့္ပြဲတြင္ တကၠသိုလ္ဝင္ စာေမးပြဲ ေအာင္ျမင္သူ(၄၅)ဦးကို ဆုခ်ီးျမႇင့္ေပးခဲ့ၿပီး ယခုဆုခ်ီးျမႇင့္ပြဲသည္ ဒုတိယအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားသို႔ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးစိုင္းလံုးဆိုင္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္၀န္ႀကီးမ်ားျဖစ္သည့္ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရဲွန္တစ္လံု ႏွင့္ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္ အပါအ၀င္ ရွမ္းတိုင္းရင္းသားလူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ေဇာင္းညီ
ဓာတ္ပံု။  ။ Sai Noot

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် လူမှုရေးဆောင်ရွက်နေသော ရှမ်းတိုင်းရင်းသားလူမှုရေးအသင်း (၁၃)သင်းမှ အဖွဲ့ဝင်များ၏ မိသားစုဝင်များမှ ၂၀၁၆ ခုနှစ် တက္ကသိုလ်စာမေးပွဲအောင်မြင်သူ (၅၄) ဦးအား ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း နှင့် နမ့်ခုံးရှမ်းများပရဟိတ(ဗဟို)အသင်းမှ ဂုဏ်ပြုဆုများချီးမြှင့်ကြောင်း သိရသည်။ အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ (၁၆)ရက်နေ့က တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ "အဓိကကတော့ တောင်ကြီးမြို့မှာ ပရဟိတလူမှုရေး လှုပ်ရှားနေတဲ့ ရှမ်းတိုင်းရင်းသားလူမှုရေးအသင်း (၁၃)သင်းရဲ့ သားသမီးတွေ၊ တူ၊တူမ တွေကို ဆုချီးမြှင့်ပေးတာပါ။ အဓိက ရည်ရွယ်ချက်ကတော့ နောင်တစ်ချိန်ကျရင် လူကြီးတွဖြေစ်လာတဲ့အချိန် ကျောင်းပြီးသွားတဲ့ အချိန်ကျရင် လူမှုရေး လှုပ်ရှားတတ်အောင် သူတို့စိတ်ဓာတ်တွေကို သီးခြားဂုဏ်ပြု မြှင့်တင်ပေးရေးဖြစ်ပါတယ်။"ဟု ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအသင်း (တောင်ကြီး)မှ အတွင်းရေးမှူး ဦးစိုင်းနွတ်က ပြောသည်။ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း(တောင်ကြီး)မှ ပထမအကြိမ် ဆုချီးမြှင့်ပွဲတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ(၄၅)ဦးကို ဆုချီးမြှင့်ပေးခဲ့ပြီး ယခုဆုချီးမြှင့်ပွဲသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများဖြစ်သည့် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် အပါအဝင် ရှမ်းတိုင်းရင်းသားလူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြောင်း သိရှိရသည်။ သတင်း။ ဇောင်းညီ ဓာတ်ပုံ။ Sai Noot

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~