ရှမ်းပြည်နယ်လွှတ်တော် ဒုတိယမြောက်ပုံမှန်အစည်းအဝေး ဇူလိုင် ၁၂ တွင် ပြန်စမည်
ရှမ်းပြည်နယ်လွှတ်တော် ဒုတိယမြောက်ပုံမှန်အစည်းအဝေး ဇူလိုင် ၁၂ တွင် ပြန်စမည်
ဇူလိုငျ 5, 2016
By Tachileik News Agency
ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ဒုတိယမြောက် ပုံမှန်အစည်းအဝေးအား ဇူလိုင်လ(၁၂)ရက်တွင် ပြန်လည် စတင်မည်ဖြစ်ပြီး ကိုယ်စားလှယ်များမှ သက်ဆိုင်ရာကော်မတီအစည်းအဝေးများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ ဒေသခံများ၏ လိုအပ်ချက်များအား စစ်တမ်းများ လိုက်လံကောက်ခံလျှက်ရှိပြီး လွှတ်တော် ကျင်းပချိန်တွင် သက်ဆိုင်ရာ ကော်မတီများအလိုက် ဆွေးနွေးရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ် ဒုတိယ ပုံမှန်အစည်းအဝေးများအား ဧပြီလအတွင်း၌ နောက်ဆုံး ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးများ လုပ်ငန်းတာဝန်လွှဲပြောင်းမှု အဆင်သင့် မဖြစ်သေးခြင်းကြောင့် ဆက်လက်ကျင်းပတော့ခြင်းမရှိသေးဘဲ ဇူလိုင်လ(၁၂)ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရေးကော်မရှင်အပြင် တိုင်ကြားစာများ စိစစ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၊ ဘတ်ဂျက်စိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ ကတိက၀တ်များနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီဟူ၍ ကော်မတီ(၆)ရပ် ဖွဲ့စည်းထားကြောင်း သိရသည်။
သတင်း။  ။ ကိုဇက်
.......
တောင်ကြီး၊ ဇူလိုင်(၅)ရက်
ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ဒုတိယမြောက် ပုံမှန်အစည်းအေဝးအား ဇူလိုင်လ(၁၂)ရက်တွင် ပြန်လည် စတင်မည်ဖြစ်ပြီး ကိုယ်စားလှယ်များမှ သက်ဆိုင်ရာကော်မတီအစည်းအေဝးများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
 "လွှတ်တော်အစည်းအေဝး ပြန်စမှာတော့ဟုတ်တယ်။ ဒါပေမယ့် (၃)ရက်ပဲလို့ကြားတယ်။ ရှမ်းပြည်နယ် အစိုးရက အတည်ပြုချက်တွေရယူဖို့ဖြစ်နိုင်တယ်။ ဘာလဲတော့ မသိသေးဘူး ကျွန်တော်တို့ ကိုယ်စားလှယ် တွေကတော့ သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေမှာ အစည်းအေဝးတွပြေန်လုပ်ဖို့ ပြင်ဆင်ထားတယ်"ဟု တာချီလိတ်မဲဆန္ဒနယ် အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အနဖြေင့် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ ဒေသခံများ၏ လိုအပ်ချက်များအား စစ်တမ်းများ လိုက်လံကောက်ခံလျှက်ရှိပြီး လွှတ်တော် ကျင်းပချိန်တွင် သက်ဆိုင်ရာ ကော်မတီများအလိုက် ဆွေးနွေးရန် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ် ဒုတိယ ပုံမှန်အစည်းအေဝးများအား ဧပြီလအတွင်း၌ နောက်ဆုံး ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးများ လုပ်ငန်းတာဝန်လွှဲပြောင်းမှု အဆင်သင့် မဖြစ်သေးခြင်းကြောင့် ဆက်လက်ကျင်းပတော့ခြင်းမရှိသေးဘဲ ဇူလိုင်လ(၁၂)ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရေးကော်မရှင်အပြင် တိုင်ကြားစာများ စိစစ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၊ ဘတ်ဂျက်စိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ ကတိကဝတ်များနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၊ ဥပဒပြေုရေးဆိုင်ရာ ကော်မတီဟူ၍ ကော်မတီ(၆)ရပ် ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါကော်မတီများတွင် ရှမ်းပြည်နယ်လွှတ်တော်အတွင်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁၃၁)ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၃၅) ဦးရှိသည့်အနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၃၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၂၄)ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ (၂၁) ဦးနှင့် တအာင်းအမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဝ ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီစသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် (၁၉) ဦးတို့ ပါဝင်ကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~