ဆိုင္ကယ္ဆီျပန္ပိုက္မွ တဆင့္ ေဆးလိပ္မီးေၾကာင့္ မီးေလာင္မႈျဖစ္

ဆိုင္ကယ္ဆီျပန္ပိုက္မွ တဆင့္ ေဆးလိပ္မီးေၾကာင့္ မီးေလာင္မႈျဖစ္
ဇူလိုင် 3, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇူလိုင္လ(၃)
တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)တြင္ ဇူလိုင္လ(၂)ရက္ေန႔ ည(၈း၄၅)နာရီ၀န္းက်င္က ဆိုင္ကယ္ဆီျပန္ပိုက္မွ တဆင့္ ေဆးလိပ္မီးေၾကာင့္ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင့္ သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္ ကႏၶာမာလမ္းရွိ ေနအိမ္တြင္ Dream အမ်ဳိးအစား ေမာ္ေတာ္ဆိုင္ကယ္ ဆီပိုက္ေပါက္ေန၍ ျပန္လည္ျပဳျပင္ရာ လက္ထဲမွ ကိုင္ထားေသာ ေဆးလိပ္မီးမွတဆင့္ မီးေလာင္မႈ ျဖစ္ပြားခဲ့ရာ  ေမာ္ေတာ္ဆိုင္ကယ္ (၂)စီး ကာဗာႏွင့္ ထိုင္ခံုမီးေလာင္သြားၿပီး ပစၥည္းအနည္းငယ္ ေလာက္ကြ်မ္းသြားေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္ေနမႈအား တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ မီးၿငႇိမ္းသတ္ယာဥ္(၂)စီး၊ မီးသတ္စက္ယာဥ္(၁)စီး၊ သေႏၶ/အရန္ (၂၂)ဦးျဖင့္ အခ်ိန္မီသြားေရာက္ၿပီး ၿငိမ္းသတ္ရာ အနီးရွိျပည္သူမ်ားမွလည္း ၀ိုင္း၀န္းပါ၀င္ ၿငိမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားျခင္းႏွင့္ ပတ္သက္၍ ဦးစိုင္းဆိုင္ခမ္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ  ပုဒ္မ(၂၈၅)ျဖင့္ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
..................

တာချီလိတ်၊ ဇူလိုင်လ(၃)
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)တွင် ဇူလိုင်လ(၂)ရက်နေ့ ည(၈း၄၅)နာရီဝန်းကျင်က ဆိုင်ကယ်ဆီပြန်ပိုက်မှ တဆင့် ဆေးလိပ်မီးကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင့် သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက် ကန္ဓာမာလမ်းရှိ နေအိမ်တွင် Dream အမျိုးအစား မော်တော်ဆိုင်ကယ် ဆီပိုက်ပေါက်နေ၍ ပြန်လည်ပြုပြင်ရာ လက်ထဲမှ ကိုင်ထားသော ဆေးလိပ်မီးမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မော်တော်ဆိုင်ကယ် (၂)စီး ကာဗာနှင့် ထိုင်ခုံမီးလောင်သွားပြီး ပစ္စည်းအနည်းငယ် လောက်ကျွမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်နေမှုအား တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေ/အရန် (၂၂)ဦးဖြင့် အချိန်မီသွားရောက်ပြီး ငြိမ်းသတ်ရာ အနီးရှိပြည်သူများမှလည်း ဝိုင်းဝန်းပါဝင် ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဦးစိုင်းဆိုင်ခမ်းအား တာချီလိတ်မြို့မရဲစခန်းမှ ပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~