တာချီလိတ်ခရိုင်အတွင်း ကျေးရွာချင်းဆက်လမ်းနှင့် ရေရရှိရေးအတွက် ကျပ်(၄၉)သန်းကျော် သုံးစွဲမည်

တာချီလိတ်ခရိုင်အတွင်း ကျေးရွာချင်းဆက်လမ်းနှင့် ရေရရှိရေးအတွက် ကျပ်(၄၉)သန်းကျော် သုံးစွဲမည်
ဇူလိုငျ 12, 2016
By Tachileik News Agency



တာချီလိတ်မြို့နယ်အတွင်းရှိ ဟိုနား(အာခါ)ကျေးရွာ ရေပေးဝေရေး၊ မိုင်းဖြတ်မြို့နယ်အတွင်း ဟာကြားဟုန်ရွာ အ၀င်လမ်း၊ မိုင်းယောင်းမြို့နယ်တွင် ယန်းမွန်း-ဟိုရမ်းလမ်းများအား ကျောက်ခင်းလမ်းဖြစ်ရန်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရက် ၁၀၀ အတွင်း ဦးစားပေးလုပ်ငန်းများအဖြစ် ကျေးလက် ရေရရှိရေး လုပ်ငန်းကို ငွေကျပ်(၂,၆၄၈.၇၇)သန်းခန့် အကုန်ကျခံ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း။  ။ ကိုဇက်

..................
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် တာချီလိတ်ခရိုင်အတွင်း ကျေးရွာချင်းဆက်လမ်းနှင့် ရေရှားပါးသည့်ကျေးရွာ ရေရရှိရေးကို ကျပ်ငွေ(၄၉)သန်းကျော်သုံးစွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
"ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ အဓိက ကျေးရွာချင်းဆက်လမ်းတို့ ကျေးရွာတွေ ရေရရှိအောင်တို့ မီးရရှိအောင်တို့ ဆောင်ရွက်ပေးနေတာပါ။ အခုလောလောဆယ်တော့ ခရိုင်အတွင်းမှာ ကျေးရွာချင်းဆက် ကျောက်ခင်းလမ်းတွေ ခင်းဖို့စီစဉ်ထားပါတယ်"ဟု တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းက ပြောသည်။ 
တာချီလိတ်မြို့နယ်အတွင်းရှိ ဟိုနား(အာခါ)ကျေးရွာ ရေပေးေဝရေး၊ မိုင်းဖြတ်မြို့နယ်အတွင်း ဟာကြားဟုန်ရွာ အဝင်လမ်း၊ မိုင်းယောင်းမြို့နယ်တွင် ယန်းမွန်း-ဟိုရမ်းလမ်းများအား ကျောက်ခင်းလမ်းဖြစ်ရန်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနဖြေင့် ရက် ၁၀၀ အတွင်း ဦးစားပေးလုပ်ငန်းများအဖြစ် ကျေးလက် ရေရရှိရေး လုပ်ငန်းကို ငွေကျပ်(၂,၆၄၈.၇၇)သန်းခန့် အကုန်ကျခံ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~