က်ိဳင္းလပ္ၿမိဳ႕နယ္အတြင္း ေတာင္ယာဧက (၉၀)ေက်ာ္အား ၾကြက္မ်ားဖ်က္ဆီး

က်ိဳင္းလပ္ၿမိဳ႕နယ္အတြင္း ေတာင္ယာဧက (၉၀)ေက်ာ္အား ၾကြက္မ်ားဖ်က္ဆီး
ဇူလိုင် 8, 2016
By Tachileik News Agency

က်ဳိင္းလပ္၊ ဇူလိုင္လ(၈)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းလပ္ၿမိဳ႕နယ္အတြင္း ေက်းရြာ(၄)ရြာတြင္ စိုက္ပ်ိဳးထားေသာ ေတာင္ယာဧက (၉၀)ေက်ာ္အား ဇြန္လေနာက္ဆံုးပတ္ အတြင္းက ၾကြက္မ်ား၀င္ေရာက္ ဖ်က္ဆီးခံေနရေၾကာင္း က်ိဳင္းလပ္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

"စပါးက အခုမွ အပင္ထြက္ခါစပဲရွိေသးတယ္ ၾကြက္ေတြ ၀င္ကိုက္သြားတာ။ ၾကြက္ေတြက အေကာင္(၁၀၀၀) ေက်ာ္ေလာက္ရွိမယ္။ အုပ္လိုက္ ၀င္ကိုက္သြားတာလို႔ေျပာတယ္။ အခုေတာ့ ေက်းရြာ(၄)ရြာက စိုက္ပ်ိဳးထားတဲ့ ေတာင္ယာစပါးေတြ (၄၀)ရာခိုင္ႏွဳန္းေလာက္ ပ်က္စီးဆံုးရွံဳးသြားတယ္"ဟု က်ိဳင္းလပ္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးမင္းမင္းေဇာ္က ေျပာသည္။

ၾကြက္မ်ား၀င္ေရာက္ ကိုက္ျဖတ္သျဖင့္ နမ့္ဆီး(လားဟူ)ရြာ၊ နမ့္၀မ္း(၁)၊ နမ့္၀မ္း(၂)၊ နမ့္၀မ္း(၃)ေက်းရြာမ်ားမွ ေတာင္ယာစိုက္ပ်ိဳးဧရိယာ(၂၅၁.၅၀)ဧကအနက္ (၉၁.၇၅)ဧကပ်က္စီးသြားေၾကာင္း က်ိဳင္းလပ္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာ၏ စာရင္းမ်ားအရ သိရသည္။

"အရင္တုန္းက ၾကြက္၀င္ကိုက္တာေတြရွိတယ္။ ဒါေပမဲ့ အခုလုိ အုပ္စုလိုက္၀င္ကိုက္တာေတာ့ မရွိဘူး။ အခုက အေကာင္အေရ အတြက္လည္း တအားမ်ားတယ္။ ၾကြက္ကေတာ့ ပံုမွန္ၾကြက္အရြယ္အစားေတြပါ။ အခုေလာေလာဆယ္ စိုက္ပ်ိဳးေရးဦးစီးဌာနက အသိပညာေပးလုပ္ငန္းေတြ လာလုပ္သြားတယ္။ ၾကြက္သတ္ေဆးေတြ မွာထားေပးတယ္ေျပာတယ္"ဟု ေဒသခံ ေတာင္သူတစ္ဦး စိုင္းေပါက္က ေျပာသည္။

ေတာင္ယာခင္းမ်ားတြင္ ၾကြက္မ်ား ဆက္တိုက္၀င္ေရာက္ကိုက္ေနသျဖင့္ ထပ္မံ၍ ပ်က္စီးမႈမ်ားရွိႏိုင္ၿပီး လက္ရွိတြင္ ေဒသရိုးရာနည္းလမ္းမ်ားအတိုင္း ေတာင္ယာခင္းအတြင္း လူေစာင့္ထားျခင္း၊ ေတာင္ယာအစပ္မ်ားတြင္ ညပိုင္း မီးရွိဳ႕ထားျခင္းမ်ားျဖင့္ ၾကြက္ဖ်က္ဆီးမႈနည္းပါးေစရန္ ျပဳလုပ္ေနေၾကာင္း သိရသည္။

ၾကြက္မ်ားမွာ (၆)လက္မေအာက္အရြယ္ရိွ စပါးပင္အႏုမ်ားကို ၀င္ေရာက္ကိုက္ျဖတ္ျခင္းျဖစ္ၿပီး စပါးသက္တမ္းရင့္ေသာ ေတာင္ယာကြက္မ်ားတြင္ ၀င္ေရာက္ကိုက္ျဖတ္ျခင္းမရွိေၾကာင္း က်ိဳင္းလပ္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရးစီးဌာနမွ သိရသည္။

သတင္း။  ။ ကိုဇက္
.......................

ကျိုင်းလပ်၊ ဇူလိုင်လ(၈)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့နယ်အတွင်း ကျေးရွာ(၄)ရွာတွင် စိုက်ပျိုးထားသော တောင်ယာဧက (၉၀)ကျော်အား ဇွန်လနောက်ဆုံးပတ် အတွင်းက ကြွက်များဝင်ရောက် ဖျက်ဆီးခံနေရကြောင်း ကျိုင်းလပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

"စပါးက အခုမှ အပင်ထွက်ခါစပဲရှိသေးတယ် ကြွက်တွေ ဝင်ကိုက်သွားတာ။ ကြွက်တွေက အကောင်(၁၀၀၀) ကျော်လောက်ရှိမယ်။ အုပ်လိုက် ဝင်ကိုက်သွားတာလို့ပြောတယ်။ အခုတော့ ကျေးရွာ(၄)ရွာက စိုက်ပျိုးထားတဲ့ တောင်ယာစပါးတွေ (၄၀)ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးသွားတယ်"ဟု ကျိုင်းလပ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းဇော်က ပြောသည်။

ကြွက်များဝင်ရောက် ကိုက်ဖြတ်သဖြင့် နမ့်ဆီး(လားဟူ)ရွာ၊ နမ့်ဝမ်း(၁)၊ နမ့်ဝမ်း(၂)၊ နမ့်ဝမ်း(၃)ကျေးရွာများမှ တောင်ယာစိုက်ပျိုးဧရိယာ(၂၅၁.၅၀)ဧကအနက် (၉၁.၇၅)ဧကပျက်စီးသွားကြောင်း ကျိုင်းလပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၏ စာရင်းများအရ သိရသည်။

"အရင်တုန်းက ကြွက်ဝင်ကိုက်တာတွေရှိတယ်။ ဒါပေမဲ့ အခုလို အုပ်စုလိုက်ဝင်ကိုက်တာတော့ မရှိဘူး။ အခုက အကောင်အရေ အတွက်လည်း တအားများတယ်။ ကြွက်ကတော့ ပုံမှန်ကြွက်အရွယ်အစားတွေပါ။ အခုလောလောဆယ် စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းတွေ လာလုပ်သွားတယ်။ ကြွက်သတ်ဆေးတွေ မှာထားပေးတယ်ပြောတယ်"ဟု ဒေသခံ တောင်သူတစ်ဦး စိုင်းပေါက်က ပြောသည်။

တောင်ယာခင်းများတွင် ကြွက်များ ဆက်တိုက်ဝင်ရောက်ကိုက်နေသဖြင့် ထပ်မံ၍ ပျက်စီးမှုများရှိနိုင်ပြီး လက်ရှိတွင် ဒေသရိုးရာနည်းလမ်းများအတိုင်း တောင်ယာခင်းအတွင်း လူစောင့်ထားခြင်း၊ တောင်ယာအစပ်များတွင် ညပိုင်း မီးရှို့ထားခြင်းများဖြင့် ကြွက်ဖျက်ဆီးမှုနည်းပါးစေရန် ပြုလုပ်နေကြောင်း သိရသည်။

ကြွက်များမှာ (၆)လက်မအောက်အရွယ်ရှိ စပါးပင်အနုများကို ဝင်ရောက်ကိုက်ဖြတ်ခြင်းဖြစ်ပြီး စပါးသက်တမ်းရင့်သော တောင်ယာကွက်များတွင် ဝင်ရောက်ကိုက်ဖြတ်ခြင်းမရှိကြောင်း ကျိုင်းလပ်မြို့ အထွေထွေအုပ်ချုပ်ရေးစီးဌာနမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~