ျမရတနာဦးေက်ာ္တင့္ မိသားစု၏ (၃၁)ႏွစ္ေျမာက္ ဂုဏ္ျပဳျခင္းအျဖစ္ က်ိဳင္းတံုမွ ဂုဏ္ထူးရ ေက်ာင္းသားမ်ားႏွင့္ ဆရာမ်ားအား ဆုခ်ီးျမႇင့္

ျမရတနာဦးေက်ာ္တင့္ မိသားစု၏ (၃၁)ႏွစ္ေျမာက္ ဂုဏ္ျပဳျခင္းအျဖစ္ က်ိဳင္းတံုမွ ဂုဏ္ထူးရ ေက်ာင္းသားမ်ားႏွင့္ ဆရာမ်ားအား ဆုခ်ီးျမႇင့္
ဇူလိုင် 16, 2016
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ ့ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕တြင္ ၂၀၁၆ ခုႏွစ္ တကၠသိုလ္၀င္တန္းစာေမးပြဲၸကို ထူးခၽြန္စြာ ေအာင္ျမင္ ခဲ့ၾကသည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ သင္ၾကားေပးခဲ့သည့္ ဆရာ၊ဆရာမမ်ားအား ျမရတနာ ဦးေက်ာ္တင့္ မိသားစု၏ (၃၁)ႏွစ္ေျမာက္ ဂုဏ္ျပဳဆုမ်ားခ်ီးျမႇင့္သည့္ အခမ္းအနားကို ဇူလိုင္လ (၁၆) ရက္က က်င္းပသည္။
"ဒီေန ့ဟာ ကၽြန္ေတာ့္ရဲ႕(၆၅)ႏွစ္ျပည့္ေမြးေန႔ ့ျဖစ္ပါတယ္။ ဒါေၾကာင့္ ႏွစ္တိုင္းမွာ ကၽြန္ေတာ့ရဲ့ေမြးေန ့ရက္တိုင္းမွာ အခုလို ထူးခၽြန္ေက်ာင္းသားေတြနဲ႔ ့ဆရာမေတြကို ဂုဏ္ျပဳေပးပါတယ္။ ဘာေၾကာင့္ေပးရတာလဲဆိုေတာ့ ဂုဏ္ထူးမ်ားနဲ ့ေအာင္တဲ့ ကေလးေတြကို အားေပးမႈနည္းတဲ့အတြက္ ကၽြန္ေတာ့္အေနနဲ ့ တတ္ႏိုင္တဲ့ဖက္ကေန ဒီကြက္လပ္ေလးကို ျဖည့္ေပးတာပါ။"ဟု ျမရတနာမိသားစုမွ ဦးေက်ာ္တင့္က ေျပာသည္။
ျမရတနာမိသားစု အေနျဖင့္ ဂုဏ္ထူးရ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ ထူးခၽြန္ေအာင္ သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ားကို ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္းအား ၁၉၈၅ ခုႏွစ္က စတင္ခဲ့ျခင္းျဖစ္ၿပီး ယခု ၂၀၁၆ခုႏွစ္တြင္ (၃၁)ႏွစ္ေျမာက္ၿပီျဖစ္ေၾကာင္း သိရသည္။
"အခုလို ကၽြန္ေတာ္ ေျခာက္ဘာသာဂုဏ္ထူးနဲ ့ေအာင္ျမင္ႏိုင္ဖို ့အတြက္ ငယ္စဥ္ကတည္းက အတန္းစဥ္လိုက္ ထူးခၽြန္ဆုေတြ မရရိွခဲ့ပါဘူး။ ဒါေပမဲ့ အခုလို တကၠသို္လ္၀င္တန္းစာေမးပြဲကို ေျခာက္ဘာသာဂုဏ္ထူးနဲ ့ ေအာင္ျမင္ေအာင္ အခက္အခဲေတြၾကားကေန ေထာက္ပံ့ေပးပါေသာ ကၽြန္ေတာ့္ရဲ႕ မိဘႏွစ္ပါး၊ ပညာႏို ့ရည္ တိုက္ေကၽြးေပးတဲ့ ဆရာ၊ဆရာမမ်ားနဲ ့ အခုလို ဂုဏ္ထူးရ ေက်ာင္းသား၊ေက်ာင္းသူမ်ားနဲ ့ ထူးခၽြန္ေအာင္ သင္ၾကားေပးတဲ့ ဆရာ၊ဆရာမမ်ားကို ႏွစ္စဥ္ႏွစ္တိုင္း ဆုခ်ီးျမႇင့္ေပးတဲ့ ျမရတနာ ဘဘဦးေက်ာ္တင့္ကိုလည္း ေက်းဇူးတင္ပါတယ္။"ဟု ၂၀၁၅-၂၀၁၆ပညာသင္ႏွစ္တြင္ တကၠသိုလ္၀င္တန္း စာေမးပြဲကို ဂုဏ္ထူးေျခာက္ဘာသာျဖင့္ ေအာင္ျမင္ခဲ့ေသာ အာခါတိုင္းရင္းသားေလး ေမာင္လီဂ်ာက ေျပာသည္။
က်ိဳင္းတုံၿမိဳ႕ရိွ အေျခခံပညာအထက္တန္းေက်ာင္း (၆)ေက်ာင္းႏွင့္ အေျခခံပညာ အထက္တန္းေက်ာင္းခြဲ(၂)ေက်ာင္း တို ့မွ ၂၀၁၅- ၂၀၁၆ ပညာသင္ႏွစ္တြင္ (၆)ဘာသာဂုဏ္ထူးရွင္ (၁)ဦး၊ (၅)ဘာသာဂုဏ္ထူးရွင္ (၃)ဦး၊ (၄)ဘာသာဂုဏ္ထူးရွင္ (၃)ဦး၊ (၃)ဘာသာ ဂုဏ္ထူးရွင္ (၅)ဦး၊ (၂)ဘာသာဂုဏ္ထူးရွင္ (၉)ဦးႏွင့္ (၁)ဘာသာဂုဏ္ထူးရွင္ (၄၂)ဦး စုစုေပါင္း(၆၃)ဦး ေပၚထြက္ခဲ့ၿပီး သင္ၾကားေပးခဲ့သည့္ ဆရာ(၆)ဦးႏွင့္ ဆရာမ(၄၉)ဦး စုစုေပါင္း(၅၅)ဦးအား ျမရတနာမိသားစုမွ ဂုဏ္ျပဳဆုမ်ား ခ်ီးျမႇင့္ျခင္းျဖစ္သည္။
အဆိုပါ အခမ္းအနားသို ့ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္မွ ဒုတိယဗိုလ္မွဴးႀကီးေဌး၀င္း၊ တိုင္းလိယဥ္ေက်းမႈအဖြဲ ့နာယက ဦးစိုင္းရြက္၊ ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) ျပည္နယ္ပညာေရးမွဴးရုံးမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတင့္ေဆြ၊ ျမရတနာမိသားစု၀င္မ်ား၊ ေက်ာင္းအသီးသီးမွ ေက်ာင္းအုပ္ႀကီးမ်ားႏွင့္တကြ ဆရာ၊ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား တက္ေရာက္ခဲ့ၾကသည္။
သတင္း/ဓာတ္ပံု။  ။ ဇြဲျမတ္
.................
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ္ပကို ထူးချွန်စွာ အောင်မြင် ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် သင်ကြားပေးခဲ့သည့် ဆရာ၊ဆရာမများအား မြရတနာ ဦးကျော်တင့် မိသားစု၏ (၃၁)နှစ်မြောက် ဂုဏ်ပြုဆုများချီးမြှင့်သည့် အခမ်းအနားကို ဇူလိုင်လ (၁၆) ရက်က ကျင်းပသည်။
"ဒီနေ့ဟာ ကျွန်တော့်ရဲ့(၆၅)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် နှစ်တိုင်းမှာ ကျွန်တော့ရဲ့မွေးနေ့ရက်တိုင်းမှာ အခုလို ထူးချွန်ကျောင်းသားတွေနဲ့ဆရာမတွေကို ဂုဏ်ပြုပေးပါတယ်။ ဘာကြောင့်ပေးရတာလဲဆိုတော့ ဂုဏ်ထူးများနဲ့အောင်တဲ့ ကလေးတွေကို အားပေးမှုနည်းတဲ့အတွက် ကျွန်တော့်အနေနဲ့ တတ်နိုင်တဲ့ဖက်ကနေ ဒီကွက်လပ်လေးကို ဖြည့်ပေးတာပါ။"ဟု မြရတနာမိသားစုမှ ဦးကျော်တင့်က ပြောသည်။
မြရတနာမိသားစု အနဖြေင့် ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူများနှင့် ထူးချွန်အောင် သင်ကြားပေးသော ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းအား ၁၉၈၅ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၆ခုနှစ်တွင် (၃၁)နှစ်မြောက်ပြီဖြစ်ကြောင်း သိရသည်။
"အခုလို ကျွန်တော် ခြောက်ဘာသာဂုဏ်ထူးနဲ့အောင်မြင်နိုင်ဖို့အတွက် ငယ်စဉ်ကတည်းက အတန်းစဉ်လိုက် ထူးချွန်ဆုတွေ မရရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုလို တက္ကသို်လ်ဝင်တန်းစာမေးပွဲကို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်အောင် အခက်အခဲတွကြေားကနေ ထောက်ပံ့ပေးပါသော ကျွန်တော့်ရဲ့ မိဘနှစ်ပါး၊ ပညာနို့ရည် တိုက်ကျွေးပေးတဲ့ ဆရာ၊ဆရာမများနဲ့ အခုလို ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူများနဲ့ ထူးချွန်အောင် သင်ကြားပေးတဲ့ ဆရာ၊ဆရာမများကို နှစ်စဉ်နှစ်တိုင်း ဆုချီးမြှင့်ပေးတဲ့ မြရတနာ ဘဘဦးကျော်တင့်ကိုလည်း ကျေးဇူးတင်ပါတယ်။"ဟု ၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးခြောက်ဘာသာဖြင့် အောင်မြင်ခဲ့သော အာခါတိုင်းရင်းသားလေး မောင်လီဂျာက ပြောသည်။
ကျိုင်းတုံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ(၂)ကျောင်း တို့မှ ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်တွင် (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၉)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၄၂)ဦး စုစုပေါင်း(၆၃)ဦး ပေါ်ထွက်ခဲ့ပြီး သင်ကြားပေးခဲ့သည့် ဆရာ(၆)ဦးနှင့် ဆရာမ(၄၉)ဦး စုစုပေါင်း(၅၅)ဦးအား မြရတနာမိသားစုမှ ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးဌေးဝင်း၊ တိုင်းလိယဉ်ကျေးမှုအဖွဲ့နာယက ဦးစိုင်းရွက်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဆွေ၊ မြရတနာမိသားစုဝင်များ၊ ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့်တကွ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~