တစ္ႏွစ္အတြင္း မိုင္းဆတ္ၿမိဳ႕အား လွ်ပ္စစ္မီးအျပည့္အဝ ရေစမည္ဟုဆိုေသာ္လည္း ေဆာင္ရြက္ႏိုင္ျခင္း မရွိေသး

တစ္ႏွစ္အတြင္း မိုင္းဆတ္ၿမိဳ႕အား လွ်ပ္စစ္မီးအျပည့္အဝ ရေစမည္ဟုဆိုေသာ္လည္း ေဆာင္ရြက္ႏိုင္ျခင္း မရွိေသး
ဇူလိုင် 6, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇူလိုင္လ (၆) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕တြင္ ေရအားလွ်ပ္စစ္ စက္ရံုတည္ေဆာက္ျခင္းႏွင့္ လွ်ပ္စစ္မီး အျပည့္အ၀ ရရိွေရးကို တစ္ႏွစ္အတြင္း ေဆာင္ရြက္မည္ဟု အစိုးရႏွင့္စာခ်ဳပ္ ခ်ဳပ္ဆို၍ လုပ္ငန္းေဆာင္ရြက္ခဲ့သည့္ လြယ္ဆမ္ဆံုကုမၸဏီက လက္ရိွအခ်ိန္ထိ လုပ္ေဆာင္ေပးႏုိင္ျခင္း မရိွေသးေၾကာင္း သိရသည္။

"သူတို႔က လွ်ပ္စစ္မီးကို (၂၄)နာရီအျပည့္ရေအာင္ လုပ္ေပးမယ္ဆိုၿပီး အစိုးရဆီက တဆင့္ျပန္ၿပီး ကန္ထရိုက္ယူခဲ့တာ။ ဒါေပမဲ့ အခုခ်ိန္ထိ စစ္တပ္နဲ႔ ဌာနဆိုင္ရာကလြဲရင္ ရပ္ကြက္ေတြက အလွည့္က်ပဲ မီးရတယ္။ ဒါကို ၿမိဳ႕ခံေတြက မေက်နပ္လို႔ ဆႏၵျပမယ္လုပ္လို႔ ၿပီးခဲ့တဲ့အပတ္ကပဲ သြားၿပီးၾကည့္ခဲ့တယ္။ ေႏြရာသီမို႔လို႔ မီးအလံုအေလာက္ မေပးႏိုင္တာပါတဲ့။ အခု ဆည္ေရကန္ကို အသစ္ျပန္လုပ္ေနၿပီတဲ့ စက္အသစ္ေတြ ထပ္တပ္ဖို႔ျပင္ေနၿပီလို႔ေျပာတယ္။ ဒါေၾကာင့္ အခ်ိန္အနည္းငယ္ေပးၿပီး ေစာင့္ၾကည့္ဖို႔ ေျပာခဲ့တယ္"ဟု ရွမ္းျပည္နယ္ အမ်ဳိးသားလႊတ္ေတာ္ မဲဆႏၵနယ္(၇)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုးစံခတ္က ေျပာသည္။

အဆိုပါ ကုမၸဏီက ယခင္ကရိွေသာ (၆၀၀)ကီလို၀ပ္ စက္(၂)လံုးအား (၈၀၀)ကီလို၀ပ္ စက္(၂)လံုးျဖင့္ ေျပာင္းလဲ လည္ပတ္မည္ျဖစ္ၿပီး လက္ရွိတြင္ ေရအားအျပည့္အ၀ရရွိရန္ ေရထိန္းဆည္သစ္မ်ား တည္ေဆာက္လွ်က္ရွိသည္ဟု စီမံကိန္းမွ အေၾကာင္းျပန္ၾကားထားေၾကာင္း ဦးစိုင္းလံုစံခတ္ထံမွ သိရသည္။

လွ်ပ္စစ္ဓါတ္အားကို ေန႔စဥ္(၃)နာရီခန္႔သာ အလွည့္က်စနစ္ျဖင့္ ရရွိေနေၾကာင္း ေဒသခံျပည္သူမ်ား၏ တင္ျပခ်က္ကို မိုင္းဆတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီက ေမလ (၄) ရက္တြင္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

"အရင္အစိုးရေပးတုန္းကလည္း တစ္ယူနစ္ကို (၃၅)က်ပ္ ပါ၀ါမီတာသံုးတဲ့ လုပ္ငန္းလုပ္ကိုင္သူေတြကို တစ္ယူနစ္(၇၅)က်ပ္နဲ႔ေပးတယ္။ အခု (၃)ႏွစ္ေက်ာ္လာၿပီ။ ဘာမွမေျပာင္းလဲဘူး။ စက္ေတြကလည္း အရင္တုန္းက စက္ေတြပဲ။ ျပည္နယ္လွ်ပ္စစ္၀န္ႀကီး တာခ်ီလိတ္လာတုန္းကလည္း သြားေျပာတယ္ ၾကားတယ္။ ၀န္ႀကီးက ေတာင္ႀကီးေခၚေတြ႕မယ္ေျပာတယ္။ အခုထိ ကုမၸဏီက ေဒသခံေတြကို မီးလံုလံုေလာက္ေလာက္ မေပးေသးပါဘူး"ဟု မိုင္းဆတ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

မိုင္းဆတ္ၿမိဳ႕နယ္ လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရးလုပ္ငန္းအား လြယ္ဆမ္ဆံု ကုမၸဏီလီမိတက္မွ ၂၀၁၃ ခုႏွစ္ မတ္လ(၃၁)ရက္ေန႔တြင္ စတင္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၅ ခုႏွစ္အတြင္း စက္ရံုအသစ္တည္ေဆာက္ျခင္း၊ လမ္းေဖါက္လုပ္ျခင္း၊ ေကာင္းကင္ေျမပံုတိုင္းတာျခင္းႏွင့္ ေရထု ေရဆင္းမႈတို႔အား အခ်ိန္(၁၂)လျဖင့္ ေဆာင္ရြက္မည္ဟု တင္ျပထားခဲ့ျခင္းျဖစ္ေသာ္လည္း ယေန႔အခ်ိန္ထိ ၿပီးစီးျခင္းမရွိေသးေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
................

တာချီလိတ်၊ ဇူလိုင်လ (၆) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ခြင်းနှင့် လျှပ်စစ်မီး အပြည့်အဝ ရရှိရေးကို တစ်နှစ်အတွင်း ဆောင်ရွက်မည်ဟု အစိုးရနှင့်စာချုပ် ချုပ်ဆို၍ လုပ်ငန်းဆောင်ရွက်ခဲ့သည့် လွယ်ဆမ်ဆုံကုမ္ပဏီက လက်ရှိအချိန်ထိ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"သူတို့က လျှပ်စစ်မီးကို (၂၄)နာရီအပြည့်ရအောင် လုပ်ပေးမယ်ဆိုပြီး အစိုးရဆီက တဆင့်ပြန်ပြီး ကန်ထရိုက်ယူခဲ့တာ။ ဒါပေမဲ့ အခုချိန်ထိ စစ်တပ်နဲ့ ဌာနဆိုင်ရာကလွဲရင် ရပ်ကွက်တွေက အလှည့်ကျပဲ မီးရတယ်။ ဒါကို မြို့ခံတွေက မကျေနပ်လို့ ဆန္ဒပြမယ်လုပ်လို့ ပြီးခဲ့တဲ့အပတ်ကပဲ သွားပြီးကြည့်ခဲ့တယ်။ နွေရာသီမို့လို့ မီးအလုံအလောက် မပေးနိုင်တာပါတဲ့။ အခု ဆည်ရေကန်ကို အသစ်ပြန်လုပ်နပြေီတဲ့ စက်အသစ်တွေ ထပ်တပ်ဖို့ပြင်နပြေီလို့ပြောတယ်။ ဒါကြောင့် အချိန်အနည်းငယ်ပေးပြီး စောင့်ကြည့်ဖို့ ပြောခဲ့တယ်"ဟု ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံးစံခတ်က ပြောသည်။

အဆိုပါ ကုမ္ပဏီက ယခင်ကရှိသော (၆၀၀)ကီလိုဝပ် စက်(၂)လုံးအား (၈၀၀)ကီလိုဝပ် စက်(၂)လုံးဖြင့် ပြောင်းလဲ လည်ပတ်မည်ဖြစ်ပြီး လက်ရှိတွင် ရေအားအပြည့်အဝရရှိရန် ရေထိန်းဆည်သစ်များ တည်ဆောက်လျှက်ရှိသည်ဟု စီမံကိန်းမှ အကြောင်းပြန်ကြားထားကြောင်း ဦးစိုင်းလုံစံခတ်ထံမှ သိရသည်။

လျှပ်စစ်ဓာတ်အားကို နေ့စဉ်(၃)နာရီခန့်သာ အလှည့်ကျစနစ်ဖြင့် ရရှိနေကြောင်း ဒေသခံပြည်သူများ၏ တင်ပြချက်ကို မိုင်းဆတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီက မေလ (၄) ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

"အရင်အစိုးရပေးတုန်းကလည်း တစ်ယူနစ်ကို (၃၅)ကျပ် ပါဝါမီတာသုံးတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေကို တစ်ယူနစ်(၇၅)ကျပ်နဲ့ပေးတယ်။ အခု (၃)နှစ်ကျော်လာပြီ။ ဘာမှမပြောင်းလဲဘူး။ စက်တွေကလည်း အရင်တုန်းက စက်တွေပဲ။ ပြည်နယ်လျှပ်စစ်ဝန်ကြီး တာချီလိတ်လာတုန်းကလည်း သွားပြောတယ် ကြားတယ်။ ဝန်ကြီးက တောင်ကြီးခေါ်တွေ့မယ်ပြောတယ်။ အခုထိ ကုမ္ပဏီက ဒေသခံတွေကို မီးလုံလုံလောက်လောက် မပေးသေးပါဘူး"ဟု မိုင်းဆတ်မြို့ခံတစ်ဦးက ပြောသည်။

မိုင်းဆတ်မြို့နယ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းအား လွယ်ဆမ်ဆုံ ကုမ္ပဏီလီမိတက်မှ ၂၀၁၃ ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း စက်ရုံအသစ်တည်ဆောက်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ကောင်းကင်မြေပုံတိုင်းတာခြင်းနှင့် ရေထု ရေဆင်းမှုတို့အား အချိန်(၁၂)လဖြင့် ဆောင်ရွက်မည်ဟု တင်ပြထားခဲ့ခြင်းဖြစ်သော်လည်း ယနေ့အချိန်ထိ ပြီးစီးခြင်းမရှိသေးကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~