ဗိုလ္ခ်ဳပ္ႏွင့္မတူသည့္ ရုပ္ထုအား ျပဳျပင္ရန္ မဲအသာရရိွ

ဗိုလ္ခ်ဳပ္ႏွင့္မတူသည့္ ရုပ္ထုအား ျပဳျပင္ရန္ မဲအသာရရိွ
ဇူလိုင် 10, 2016
By Tachileik News Agency

လားရႈိး၊ ဇူလိုင္(၁၀)
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕တြင္ စိုက္ထူမည့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ထုျပန္လည္ ျပင္ဆင္ရန္ လွ်ိဳ႕ဝွက္မဲဆႏၵျဖင့္ ဆံုးျဖတ္ရာ ျပင္ဆင္ရန္ မဲဆႏၵအမ်ားစုရရိွသြားေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕တြင္ ဇူလိုင္လ (၉)ရက္ေန႔က ဆႏၵမဲခံယူပြဲျပဳလုပ္ရာ ဗိုလ္ခ်ဳပ္ႏွင့္မတူသျဖင့္ ရုပ္ထုအသစ္ ျပန္လည္ထုလုပ္ရန္ မဲေပးသူ (၂၂၁)မဲ၊ ျပင္ဆင္ရန္ မလိုပါဟု မဲထည့္သူ(၅၄)မဲ၊ ပယ္မဲ(၄)မဲတို႔ျဖင့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ထုအား ျပန္လည္ျပင္ဆင္ရန္ ဆံုးျဖတ္လိုက္ျခင္း ျဖစ္သည္။

အဆိုပါရုပ္တုအား ဗိုလ္ခ်ဳပ္ေၾကးရုပ္ျဖစ္ေျမာက္ေရးေကာ္မတီမွ မႏၲေလးၿမိဳ႕တြင္ သြန္းလုပ္ခဲ့ျခင္းျဖစ္ၿပီး လားရိႈးၿမိဳ႕သို႔ ရုပ္ထုေရာက္လာခ်ိန္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္မတူသျဖင့္ ေဝဖန္မႈမ်ား ထြက္ေပၚလာရာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္ထု ပံုတူျဖစ္ေျမာက္ေရးအဖြဲ႕ ဦးစီးေကာ္မတီကို ဖြဲ႕စည္းလိုက္ျပီး ရုပ္ထုအသစ္ ျပန္လည္ျပင္ဆင္ရန္ လို၊မလို လူထုဆႏၵသေဘာထား ရယူခဲ့ျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု။  ။ ေအာင္ျပည့္
................

လားရှိုး၊ ဇူလိုင်(၁၀)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ်ထုပြန်လည် ပြင်ဆင်ရန် လျှို့ဝှက်မဲဆန္ဒဖြင့် ဆုံးဖြတ်ရာ ပြင်ဆင်ရန် မဲဆန္ဒအများစုရရှိသွားကြောင်း သိရသည်။

လားရှိုးမြို့တွင် ဇူလိုင်လ (၉)ရက်နေ့က ဆန္ဒမဲခံယူပွဲပြုလုပ်ရာ ဗိုလ်ချုပ်နှင့်မတူသဖြင့် ရုပ်ထုအသစ် ပြန်လည်ထုလုပ်ရန် မဲပေးသူ (၂၂၁)မဲ၊ ပြင်ဆင်ရန် မလိုပါဟု မဲထည့်သူ(၅၄)မဲ၊ ပယ်မဲ(၄)မဲတို့ဖြင့် ဗိုလ်ချုပ်ကြေးရုပ်ထုအား ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါရုပ်တုအား ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ မန္တလေးမြို့တွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့သို့ ရုပ်ထုရောက်လာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်မတူသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာရာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထု ပုံတူဖြစ်မြောက်ရေးအဖွဲ့ ဦးစီးကော်မတီကို ဖွဲ့စည်းလိုက်ပြီး ရုပ်ထုအသစ် ပြန်လည်ပြင်ဆင်ရန် လို၊မလို လူထုဆန္ဒသဘောထား ရယူခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ။ အောင်ပြည့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~