ကျိုင်းတုံ၌ အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသည့် လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာ
ကျိုင်းတုံ၌ အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသည့် လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာ
ဇူလိုငျ 23, 2016
By Tachileik News Agency
ကျိုင်းတုံမြို့တွင် အွန်လိုင်းက ရောင်းချနေသူများ အနေဖြင့် အခြားမြို့မှတဆင့် ပစ္စည်းမှာယူရာ၌ ကြန့်ကြာတာကြောင့် လုပ်ငန်းတွင် အနည်းငယ် အခက်အခဲဖြစ်ရကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
.................
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့ရှိ လူငယ်အများစုသည် အွန်လိုင်းမှ အဝတ်အထည် နှင့် အသုံးဆောင်ပစ္စည်းများ ဝယ်ခြင်း စနစ်ကို အသုံးပြုသူ များလာသည့်အတွက် ဒေသတွင်း အွန်လိုင်းမှ ဈေးရောင်းချခြင်းလုပ်ငန်းကို လုပ်ဆောင်သူများလာကြောင်း သိရသည်။
"ကျွန်တော် Online ကနေ လူငယ်တွေ စိတ်ဝင်စားကြတဲ့ အဝတ်အစားတို့၊အိတ်တွေ၊ဖိနပ်တွေကို ရောင်းနေတာကတော့ (၂)လလောက်ရှိပါပြီ။ ပစ္စည်းတွေကိုကျတော့ Onlieပေါ်မှာ ပစ္စည်းတွေကို လက်ကားဖြန့်နေတဲ့ Group တွေကနေယူပြီးတော့ ရှမ်း/အရှေ့ကမြို့တွေကို တစ်ဆင့်ပြန်ဖြန့် ပေးနေတာပါ။ အခက်အခဲကတော့ အခုချိန်ထိ ဘာမှမရှိသေးပါဘူး။ နောက်ပိုင်းကျရင်တော့ ဘာတွကြေုံလာမလဲတော့ မသိဘူးပေါ့နော်။"ဟု Online Shopping လုပ်ငန်းကို လုပ်ကိုင်နေသည့် လူငယ်တစ်ဦးဖြစ်သူ ကိုမိုးယံပိုင်က ပြောသည်။
ကျိုင်းတုံမြို့တွင် အွန်လိုင်းက ရောင်းချနေသူများ အနဖြေင့် အခြားမြို့မှတဆင့် ပစ္စည်းမှာယူရာ၌ ကြန့်ကြာတာကြောင့် လုပ်ငန်းတွင် အနည်းငယ် အခက်အခဲဖြစ်ရကြောင်း သိရသည်။
"အခုလက်ရှိ ဒီလုပ်ငန်းကို လုပ်ကိုင်နကြေတဲ့ လူငယ်တွေနဲ့ ကျွန်တော်တွေ့ဆုံကြည့်တဲ့အခါမှာ သူတို့က ဒီလုပ်ငန်းကို တစ်ဆင့်ခံလုပ်ကြတဲ့အတွက် ဟိုဘက်က ပစ္စည်းပို့တဲ့အခါမှာ အချိန်ကြန့်ကြာတာတွကြေုံရတာတို့ ပြီးရင် Onlie ပေါ်ကနေ အရောင်းအဝယ်လုပ်ကြတဲ့အတွက် ရောင်းသူနဲ့ဝယ်သူကြားမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှုတည်ဆောက်ရတာတွေမှာ အခက်အခဲတွေ ကြုံနကြေရပါတယ်။"ဟု ကျိုင်းတုံမြို့မှ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုမင်းဟိန်းထက်က ပြောပါတယ်။
ကျိုင်းတုံ ဒေသတွင်း လူငယ်များ၏ Online Shopping လုပ်ငန်းများတွင် လစဉ် ရောင်းအား တက်လာကြောင်း သိရသည်။
"ညီမ Onlineပေါ်မှာတင်ပြီး ရောင်းနေတဲ့ ပစ္စည်းတွေကို မူဆယ်ကနေတစ်ဆင့် ယူပြီးတော့ ရောင်းနေတာပါ။ ပစ္စည်းအရောင်းအဝယ်လုပ်တဲ့အခါမှာ ကြုံနေရတဲ့ အခက်အခဲကတော့ မူဆယ်ကနေ ညီမဆီကို ပစ္စည်းပို့ပေးတဲ့ အခါမှာ နည်းနည်းကြန့်ကြာတာကိုပဲ ကြုံရပါတယ်။ ကျန်တဲ့ အခက်အခဲကတော့ မရှိပါဘူး။ အဆင်ပြေပါတယ်။"ဟု Online Shopping လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် မသွန်းဆက်ဟေသီက ဆိုသည်။
ယခုလက်ရှိ ကျိုင်းတုံမြို့တွင် အွန်လိုင်းဈေးရောင်းချနေသည့် လုပ်ငန်း (၈)ခုဝန်းကျင် ရှိပြီး ဇူလိုင်လ (၁၆) ရက်နေ့က လုပ်ငန်းဆိုင်ရာ အတွေ့အကြုံဖလှယ်ရန် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သတင်း - ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~