ကျိုင်းတုံမြို့ နမ့်စိုဓာတ်အားပေးစက်ရုံ လည်ပတ်ရေး အစစ်ဆေးခံရန် စောင့်ဆိုင်းနေဆဲ

ကျိုင်းတုံမြို့ နမ့်စိုဓာတ်အားပေးစက်ရုံ လည်ပတ်ရေး အစစ်ဆေးခံရန် စောင့်ဆိုင်းနေဆဲ
ဇူလိုငျ 22, 2016
By Tachileik News Agency



အဆိုပါ နမ့်စိုရေအားလျှပ်စစ်ကို ဧပြီလက တည်ဆောက် ပြီးစီးခဲ့ပြီးနောက် ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများဖြင့် စစ်ဆေးမှုများပြုလုပ်ကာ မှတ်တမ်းများ၊ အချက်အလက်များနှင့် စက်ရုံတွင် အသုံးပြုထားသော ပစ္စည်းများစာရင်းကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ပို့ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံသို့ မြို့ ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ၊ စက်မှုအင်ဂျင်နီယာပိုင်းဆိုင်ရာနှင့် လျှပ်စစ်အင်ဂျင်နီယာ ပိုင်းဆိုင်ရာတို့ကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့ ၏ ထောက်ခံချက်ရမှသာ စက်ရုံအနေဖြင့် တရားဝင်လုပ်ငန်း လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇွဲမြတ်

...............

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့တွင် ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ တည်ဆောက် ပြီးစီးသွားပြီဖြစ်သည့် နမ့်စိုဓာတ်အားပေး စက်ရုံအား တရားဝင် လည်ပတ်နိုင်ရန် အတွက် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ စစ်ဆေးမှု ခံယူနိုင်ရန် လုပ်ဆောင်ဆဲဖြစ်ကြောင်း သိရသည်။

"စက်မှုကြီးကြပ်က နမ့်စိုရေအားလျှပ်စစ်ကို စစ်ဆေးဖို့အတွက် မလာသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ သူတို့ လာစစ်ဆေးဖို့ အတွက် စာတင်ထားတာ (၂)ပတ်ကျော်လောက်ရှိပါပြီ။ သူတို့ဘက်က ပြည်နယ်အစိုးရက ကန့်ကွက်ရန်မရှိကြောင်းနဲ့ ပြည်နယ်လျှပ်စစ်က ကန့်ကွက်ရန်မရှိကြောင်းဆိုတဲ့ ထောက်ခံချက်တွေ ထပ်တောင်းနေတဲ့အတွက် အချိန်နည်းနည်းကြန့်ကြာနေတာပါ။"ဟု ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမြင့်နိုင်က ပြောသည်။

အဆိုပါ နမ့်စိုရေအားလျှပ်စစ်ကို ဧပြီလက တည်ဆောက် ပြီးစီးခဲ့ပြီးနောက် ကုမ္ပဏီအနဖြေင့် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများဖြင့် စစ်ဆေးမှုများပြုလုပ်ကာ မှတ်တမ်းများ၊ အချက်အလက်များနှင့် စက်ရုံတွင် အသုံးပြုထားသော ပစ္စည်းများစာရင်းကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ပို့ဆောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံသို့ မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ၊ စက်မှုအင်ဂျင်နီယာပိုင်းဆိုင်ရာနှင့် လျှပ်စစ်အင်ဂျင်နီယာ ပိုင်းဆိုင်ရာတို့ကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့၏ ထောက်ခံချက်ရမှသာ စက်ရုံအနဖြေင့် တရားဝင်လုပ်ငန်း လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

နမ့်စိုရေအားလျှပ်စစ်စက်ရုံစီမံကိန်းသည် အချိန်(၁)နှစ်ခွဲအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~