လဲချားစော်ဘွား၏ ဟော်နန်းအုတ်ရိုး ဖြိုဖျက်မှုအား မတားဆီးနိုင်သေး

လဲချားစော်ဘွား၏ ဟော်နန်းအုတ်ရိုး ဖြိုဖျက်မှုအား မတားဆီးနိုင်သေး
ဇူလိုငျ 11, 2016
By Tachileik News Agency
( ဖျက်ပီးပုံ )
( မဖျက်မီပုံ )

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ လဲချားမြို့ရှိ လဲချားစော်ဘွား၏ ဟော်နန်းအုတ်ရိုးအား  အဆိုပါ ဟော်နန်းဝင်းအတွင်း နေအိမ်ဆောက်လုပ်နေထိုင်သူများက ဖြိုဖျက်မှုများ လုပ်ဆောင်နေသည်ကို ဒေသတာဝန်ရှိသူများ အနေဖြင့် တားမြစ်မှု မရှိသေးကြောင်း သိရသည်။



အဆိုပါဟော်နန်းဝင်းမှာ ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးရာတွင် ပါဝင်သည့် လဲချားစော်ဘွား၏ ဟော်နန်းဖြစ်ကြောင်း သိရပြီး ဒေသ တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် ဒေသခံများက လိုလားနေခြင်းဖြစ်သည်။


စော်ဘွားမိသားစုက ဟော်နန်းအား ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းလိုက်သော်လည်း ဟော်နန်းအတွင်း ဝင်ရောက်နေထိုင်သူများက ဖယ်ရှားလိုခြင်း မရှိသည့်အပြင် ဟော်နန်းဝင်းအား ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။


လဲချားမြို့လယ်တွင်ရှိနေသည့် အဆိုပါဟော်နန်းဝင်းမှာ တံခါးလေးပေါက်ရှိသည့်အနက် အမင်္ဂလာတံခါးအဖြစ် အသုံးပြုခဲ့သည့် အနောက်တံခါးမှလွဲ၍ ကျန်တံခါးသုံးခုကို ဖွင့်ထားခြင်းဖြစ်သဖြင့် ဟော်နန်းဝင်းနေထိုင်သူများအနေဖြင့် အုတ်ရိုးများဖြို၍ ဝင်ပေါက်များ မလုပ်သင့်ကြောင်း ဟော်နန်းကျောင်းဆရာတော်က မိန့်ကြားသည်။

သတင်း/ဓာတ်ပုံ။  ။ ဟံနိုင်

............

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ  လဲချားမြို့ရှိ လဲချားစော်ဘွား၏ ဟော်နန်းအုတ်ရိုးအား အဆိုပါ ဟော်နန်းဝင်းအတွင်း နေအိမ်ဆောက်လုပ်နေထိုင်သူများက ဖြိုဖျက်မှုများ လုပ်ဆောင်နေသည်ကို ဒေသတာဝန်ရှိသူများ အနဖြေင့် တားမြစ်မှု မရှိသေးကြောင်း သိရသည်။

အဆိုပါ ဟော်နန်းအား စော်ဘွား၏ အမွေဆက်ခံသူများက ဘုန်းတော်ကြီးကျောင်းအဖြစ် လှုဒါန်းထားခြင်းဖြစ်ပြီး ဟော်နန်းဝင်းအတွင်း နေအိမ်ဆောက်လုပ် နေထိုင်သူများလည်းရှိရာ၎င်းတို့က အုတ်ရိုးအား ဖြိုဖျက်ခြင်းများကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့အိမ်တွေမှာလည်း ထွက်ပေါက်ရှိပြီးသား ဆိုတော့ မဖြိုဖျက်စေချင်ဘူး။ ဦးဇင်းဆီကို လာလျှောက်ထားတာကိုလည်း ခွင့်ပြုမထားပါဘူး။ ဒါက ရှေးဟောင်းအမွေအနှစ်လေ။ ထွေအုပ်ကိုလည်း စည်းရိုးမဖြိုအောင် တားပေးပါလို့ အကြောင်းကြားထားပါတယ်”ဟု ဟော်နန်းကျောင်းဆရာတော်က မိန့်ကြားသည်။

အဆိုပါဟော်နန်းဝင်းမှာ ပင်လုံစာချုပ်အား လက်မှတ်ရေးထိုးရာတွင် ပါဝင်သည့် လဲချားစော်ဘွား၏ ဟော်နန်းဖြစ်ကြောင်း သိရပြီး ဒေသ တာဝန်ရှိသူများအနဖြေင့် ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် ဒေသခံများက လိုလားနခြေင်းဖြစ်သည်။

“ဟော်စည်းရိုးကို ဖြိုလိုက်တာကို သိပြီးပြီ။ ဟော်စည်းရိုးကို ထိန်းသိမ်းဖို့ အုပ်ချုပ်ရေးမှူးကို အလွတ်သဘော ပြောထားတယ်”ဟု လဲချားမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

စော်ဘွားမိသားစုက ဟော်နန်းအား ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းလိုက်သော်လည်း ဟော်နန်းအတွင်း ဝင်ရောက်နေထိုင်သူများက ဖယ်ရှားလိုခြင်း မရှိသည့်အပြင် ဟော်နန်းဝင်းအား ဖျက်ဆီးမှုများ ပြုလုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းသင့်တယ်။ ဟော်နန်းတော်က ဘုန်းကြီးကျောင်းကို လှူထားတော့ မူလအတိုင်းရှိပေမဲ့ စည်းရိုးတံတိုင်းကတော့ ထိန်းသိမ်းဖို့ လိုနေတယ်”ဟု လဲချားမြို့ခံ လုံးစိုင်းစံလင်းက ဆိုသည်။

လဲချားမြို့လယ်တွင်ရှိနေသည့် အဆိုပါဟော်နန်းဝင်းမှာ တံခါးလေးပေါက်ရှိသည့်အနက် အမင်္ဂလာတံခါးအဖြစ် အသုံးပြုခဲ့သည့် အနောက်တံခါးမှလွဲ၍ ကျန်တံခါးသုံးခုကို ဖွင့်ထားခြင်းဖြစ်သဖြင့် ဟော်နန်းဝင်းနေထိုင်သူများအနဖြေင့် အုတ်ရိုးများဖြို၍ ဝင်ပေါက်များ မလုပ်သင့်ကြောင်း ဟော်နန်းကျောင်းဆရာတော်က မိန့်ကြားသည်။

သတင်း/ဓာတ်ပုံ။ ဟံနိုင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~