တာလေ၌ မိုင်းဖုန်းဆရာတော် ကိုယ်တိုင် ပုံကြမ်း ရေးဆွဲပေးထားသည့် စေတီတော်ပြီးမြောက်၍ ဆရာတော်ကိုယ်တိုင် ထီးတော်တင်မည်

တာလေ၌ မိုင်းဖုန်းဆရာတော် ကိုယ်တိုင် ပုံကြမ်း ရေးဆွဲပေးထားသည့် စေတီတော်ပြီးမြောက်၍ ဆရာတော်ကိုယ်တိုင် ထီးတော်တင်မည်
ဇူလိုင် 10, 2016
By Tachileik News Agency

တာလေ၊ ဇူလိုင်လ(၁၀)
တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မိုင်းဖုန်းဆရာတော်ကိုယ်တိုင်မှ ပုံကြမ်းရေးဆွဲပေးပြီး တည်ထားပြီးစီးပြီဖြစ်သော စေတီတော်အား ထီတော်တင်လှူခြင်းအဖြစ် ဇူလိုင်လ(၁၃)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ မိုင်းဖုန်းဆရာတော်မှ ကြွရောက်ကာ ထီးတော်တင်လှူမှာ ဖြစ်သည့်အတွက် ရပ်နီး၊ ရပ်ဝေးမှ အလှူရှင်များ လာရောက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် တာချီလိတ်မြို့မှတဆင့် တာလေမြို့သို့ ဇူလိုင်လ(၁၂)ရက်နေ့တွင် ကြွမြန်းတော်မူမှာဖြစ်ပြီး အဆိုပါ ညတွင် တာလေ၌ပင် ယာယီသီတင်းသုံးကာ ဇူလိုင်လ(၁၃)ရက်နေ့ နံနက်ပိုင်း၌ ထီတော်တင်၊ တရားတော်ဟောကြားတော်မူမှာ ဖြစ်သည်။


ထပ်စွမ်ခမ်းစွန့်မိန်း အမည်ရှိ စေတီတော်ကြီးအား ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က စတင် ဆောက်လုပ်တည်ထားခြင်းဖြစ်ပြီး စေတီအလုံးစုံအား မေလ(၂၁)ရက်နေ့က ပြီးမြောက်ရာ ထီးတော် တင်လှူခြင်းကို ဇူလိုင်လ(၁၃)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ကြောင်း နှင့် အဆိုပါ စေတီတော်အား တာလေမြို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ လို့တောင်ရွာတွင် တည်ထားခြင်း ဖြစ်ကြောင်း သိရသည်။

...............

တာလေ၊ ဇူလိုင်လ(၁၀)
တာချီလိတ်ခရိုင်၊ တာလမြေို့တွင် မိုင်းဖုန်းဆရာတော်ကိုယ်တိုင်မှ ပုံကြမ်းရေးဆွဲပေးပြီး တည်ထားပြီးစီးပြီဖြစ်သော စေတီတော်အား ထီတော်တင်လှူခြင်းအဖြစ် ဇူလိုင်လ(၁၃)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ မိုင်းဖုန်းဆရာတော်မှ ကြွရောက်ကာ ထီးတော်တင်လှူမှာ ဖြစ်သည့်အတွက် ရပ်နီး၊ ရပေ်ဝးမှ အလှူရှင်များ လာရောက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် တာချီလိတ်မြို့မှတဆင့် တာလမြေို့သို့ ဇူလိုင်လ(၁၂)ရက်နေ့တွင် ကြွမြန်းတော်မူမှာဖြစ်ပြီး အဆိုပါ ညတွင် တာလေ၌ပင် ယာယီသီတင်းသုံးကာ ဇူလိုင်လ(၁၃)ရက်နေ့ နံနက်ပိုင်း၌ ထီတော်တင်၊ တရားတော်ဟောကြားတော်မူမှာ ဖြစ်သည်။

"အခုစေတီကို ဆရာတော်ကိုယ်တိုင် ပုံဖော်ရေးဆွဲပေးထားတာပါ၊ ထီးတော်တင်လှူဖို့အတွက် တာလေကို ဇူလိုင်လ(၁၂)ရက်နေ့ ကတည်းကကြွလာပြီးတော့ (၁၃)ရက်နေ့မှာ ထီးတော်တင်မှာဖြစ်ပါတယ်။"ဟု ထပ်​စွမ်​ခမ်​းစွန်​့မိန်​းစေတီတော်တည်​ထား​ရေး ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။

ထပ်စွမ်ခမ်းစွန့်မိန်း အမည်ရှိ စေတီတော်ကြီးအား ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က စတင် ဆောက်လုပ်တည်ထားခြင်းဖြစ်ပြီး စေတီအလုံးစုံအား မေလ(၂၁)ရက်နေ့က ပြီးမြောက်ရာ ထီးတော် တင်လှူခြင်းကို ဇူလိုင်လ(၁၃)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ကြောင်း နှင့် အဆိုပါ စေတီတော်အား တာလမြေို့ အမှတ်(၄)ရပ်ကွက်အတွင်းရှိ လို့တောင်ရွာတွင် တည်ထားခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net