က်ိဳင္းတံု ကြန္ပ်ဴတာတကၠသိုလ္တြင္ စားသံုးသူအကာအကြယ္ေပးေရးႏွင့္ လူကုန္ကူးမႈတားဆီးေရး အသိပညာေပး

က်ိဳင္းတံု ကြန္ပ်ဴတာတကၠသိုလ္တြင္ စားသံုးသူအကာအကြယ္ေပးေရးႏွင့္ လူကုန္ကူးမႈတားဆီးေရး အသိပညာေပး
ဇူလိုင် 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း )က်ိဳင္းတံုၿမိဳ႕ ကြန္ပ်ဴတာတကၠသိုလ္တြင္ စားသုံးသူအကာအကြယ္ေပးေရးဆိုင္ရာ အသိပညာေပးျခင္းႏွင့္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဆိုင္ရာ အသိပညာေပးေဟာေျပာပြဲကုိ ဇူလိုင္လ (၂၉)ရက္က က်င္းပသည္။

"ကၽြန္ေတာ္တို႔ႏိုင္ငံမွာ စားသုံးသူအကာအကြယ္ေပးေရးဥေပဒကို ၂၀၁၄ ခုႏွစ္ မတ္လမွာ ျပဌာန္းထားျပီး ျဖစ္ပါတယ္။ အဲဒီဥပေဒမွာပါတဲ႔ စားသုံးသူေတြရဲ႕အခြင္႔အေရးနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြ လိုက္နာရမယ့္ အခ်က္အလက္ေတြကို သိရွိႏိုင္ေအာင္နဲ႔ စားသုံးသူေတြရဲ ႔နစ္နာမႈေတြကို ေျဖရွင္းေပးႏိုင္မယ့္အဖြဲ႔ေတြ ရိွေနတယ္ဆိုတာကိုလည္း သိေစခ်င္တယ္။ ၿပီးရင္ လူထုေတြအေနနဲ႔ က်န္းမာေရးနဲ႔ ညီညြတ္တဲ႔ အစားအစာေတြ ေရြးခ်ယ္စားေသာက္ႏိုင္ဖုိ႔အတြက္ အခုလို လိုက္ျပီးေတာ႔ အသိပညာေပး ေဟာေျပာေပးေနတာျဖစ္ပါတယ္။"ဟု စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးခင္ေအာင္သြင္က ေျပာသည္။

စားသုံးသူေရးရာဦးစီးဌာန အေနျဖင့္ "ေက်ာင္းသား၊ေက်ာင္းသူမ်ားမွတစ္ဆင့္ မိဘ ျပည္သူမ်ားဆီသို႔"ဆိုသည့္ ေဆာင္ပုဒ္ႏွင့္အညီ ေက်ာင္းသား၊ေက်ာင္းသူမ်ားကို အဓိကထား၍ လိုက္လံပညာေပး ေဟာေျပာၿပီး အမ်ားျပည္သူမ်ား သိရိွႏိုင္ရန္အတြက္လည္း ရပ္ကြက္/ေက်းရြာမ်ားအထိ လိုက္လံ အသိပညာေပး ေဟာေျပာလွ်က္ရိွေၾကာင္း သိရသည္။

အဆိုပါ ေဟာေျပာပြဲတြင္ စားသုံးသူအကာအကြယ္ေပးေရးဆိုင္ရာ အသိပညာေပးျခင္းကို စားသုံးသူေရးရာဦးစီးဌာနမွ က်ိဳင္းတံုခရိုင္ဦးစီးမွဴး ဦးသန္းစိုးက ပညာေပးေဟာေျပာခဲ့ၿပီး လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဆုိင္ရာအသိပညာေပးျခင္းကို အမွတ္(၁၈)လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔(က်ိဳင္းတုံ)မွ ရဲအုပ္ေအာင္ေက်ာ္ဇင္ က ပညာေပးေဟာေျပာခဲ့သည္။

အဆိုပါ ေဟာေျပာပြဲသို႔ အမွတ္(၁၈) လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔(က်ိဳင္းတံု)မွ ရဲအုပ္ေက်ာ္ဇင္၊ က်ိဳင္းတံု ကြန္ပ်ဴတာတကၠသိုလ္မွ ေက်ာင္းအုပ္ႀကီး ေဒါက္တာေဒၚခင္မာမ်ိဳးႏွင့္ ဆရာ၊ဆရာမမ်ား၊ ေက်ာင္းသား၊ေက်ာင္းသူမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္

.............

ရှမ်းပြည်နယ်(အရှေ့ပိုင်း )ကျိုင်းတုံမြို့ ကွန်ပျူတာတက္ကသိုလ်တွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ (၂၉)ရက်က ကျင်းပသည်။

"ကျွန်တော်တို့နိုင်ငံမှာ စားသုံးသူအကာအကွယ်ပေးရေးဥပေဒကို ၂၀၁၄ ခုနှစ် မတ်လမှာ ပြဌာန်းထားပြီး ဖြစ်ပါတယ်။ အဲဒီဥပဒေမှာပါတဲ့ စားသုံးသူတွေရဲ့အခွင့်အရေးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်နာရမယ့် အချက်အလက်တွေကို သိရှိနိုင်အောင်နဲ့ စားသုံးသူတွေရဲ့နစ်နာမှုတွေကို ဖြေရှင်းပေးနိုင်မယ့်အဖွဲ့တွေ ရှိနေတယ်ဆိုတာကိုလည်း သိစေချင်တယ်။ ပြီးရင် လူထုတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ရွေးချယ်စားသောက်နိုင်ဖို့အတွက် အခုလို လိုက်ပြီးတော့ အသိပညာပေး ဟောပြောပေးနေတာဖြစ်ပါတယ်။"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြောသည်။

စားသုံးသူရေးရာဦးစီးဌာန အနဖြေင့် "ကျောင်းသား၊ကျောင်းသူများမှတစ်ဆင့် မိဘ ပြည်သူများဆီသို့"ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ကျောင်းသူများကို အဓိကထား၍ လိုက်လံပညာပေး ဟောပြောပြီး အများပြည်သူများ သိရှိနိုင်ရန်အတွက်လည်း ရပ်ကွက်/ကျေးရွာများအထိ လိုက်လံ အသိပညာပေး ဟောပြောလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးခြင်းကို စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာအသိပညာပေးခြင်းကို အမှတ်(၁၈)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ရဲအုပ်အောင်ကျော်ဇင် က ပညာပေးဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ရဲအုပ်ကျော်ဇင်၊ ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ခင်မာမျိုးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~