က်ဳိင္းတံုၿမိဳ႕ ၀မ္တာပင္းပူးေပါင္း စစ္ေဆးေရးစခန္း၌ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

က်ဳိင္းတံုၿမိဳ႕ ၀မ္တာပင္းပူးေပါင္း စစ္ေဆးေရးစခန္း၌ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
ဇူလိုင် 13, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ က်ဳိင္းတံုခရိုင္၊ က်ဳိင္းတံုၿမိဳ႕ရွိ ၀မ္တာပင္းပူးေပါင္း စစ္ေဆးေရးစခန္းတြင္ မူးယစ္ေဆး၀ါးမ်ားကို သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း က်ဳိင္းတံုမူးယစ္တပ္ဖြဲ႔မွ သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံုမွ ရဲအုပ္ ေဇာ္ေဇာ္၀င္း ဦးစီးသည့္ အဖြဲ႔ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္ မူးယစ္ေဆး၀ါးသတင္းအရ ဇူလိုင္လ(၁၂)ရက္ေန႔ ညေန(၃)နာရီအခ်ိန္က အဆိုပါ စခန္း၌ ယာဥ္သြား၊ ယာဥ္လာမ်ားအား ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ေနစဥ္ က်ဳိင္းတံုဘက္မွ မိုင္းလားဘက္သို႔ ဘိုလင္း(က်ား) ေမာင္းႏွင္လာေသာ ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႕ရွိရတာ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ေမာ္ေတာ္ဆိုင္ကယ္ ဖင္ထိုင္ခံုေအာက္အတြင္းက  သို၀ွက္သယ္ေဆာင္လာေသာ စိတ္ၾကြေဆးျပား (၁၇၂၇)ျပားကို ေတြ႕ရွိရသည့္အတြက္ မူးယစ္ေဆး၀ါးမ်ားကို သိမ္းဆည္းခဲ့ၾကၿပီး သယ္ေဆာင္လာသူအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၈၁/၂၀၁၆၊မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
..........

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ရှိ ဝမ်တာပင်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမူးယစ်တပ်ဖွဲ့မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲအုပ် ဇော်ဇော်ဝင်း ဦးစီးသည့် အဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ ဇူလိုင်လ(၁၂)ရက်နေ့ ညနေ(၃)နာရီအချိန်က အဆိုပါ စခန်း၌ ယာဉ်သွား၊ ယာဉ်လာများအား ရှာဖွေစစ်ဆေးမှုများပြုလုပ်နေစဉ် ကျိုင်းတုံဘက်မှ မိုင်းလားဘက်သို့ ဘိုလင်း(ကျား) မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရတာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ မော်တော်ဆိုင်ကယ် ဖင်ထိုင်ခုံအောက်အတွင်းက သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား (၁၇၂၇)ပြားကို တွေ့ရှိရသည့်အတွက် မူးယစ်ဆေးဝါးများကို သိမ်းဆည်းခဲ့ကြပြီး သယ်ဆောင်လာသူအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၈၁/၂၀၁၆၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~