လက်ကိုင်လွှစက် တင်သွင်းရောင်းချ၊ ၀ယ်ယူသူများ သစ်တော၏ ထောက်ခံချက် ရယူရမည်
လက်ကိုင်လွှစက် တင်သွင်းရောင်းချ၊ ၀ယ်ယူသူများ သစ်တော၏ ထောက်ခံချက် ရယူရမည်
ဇူလိုငျ 8, 2016
By Tachileik News Agency
တရားမ၀င် သစ်ခုတ်လှဲနေမှုများအား ထိရောက်စွာ ကိုင်တွယ်နိုင်ရန်၊ လက်ကိုင်လွှစက်များ တင်သွင်း ဖြန့်ဖြူး ရောင်းချနေမှုများအား ထိန်းချုပ်နိုင်ရန် ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်လိုက်တာကြောင့် သစ်တောဦးစီးဌာနအနေဖြင့် ဒေသတွင်း လုပ်ငန်းရှင်များအား  အသိပေးမှုများ လုပ်ဆောင်ရန်  ပြင်ဆင်နေကြောင်း သိရသည်။
လက်ကိုင်လွှစက် တင်သွင်းသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီများအနေဖြင့် လစဉ် လက်ကိုင်လွှစက် အရောင်းစာရင်းနှင့် လက်ကျန်စာရင်းများကို သစ်တောဦးစီးဌာနကို လချုပ်အနေဖြင့် ပေးပို့သွားရမှာဖြစ်ပြီး၊  ဖြန့်ဖြူးရောင်းချသော အရောင်းဆိုင်နှင့် ကုမ္ပဏီများအား လစဉ် သစ်တောဦးစီးဌာန နှင့် စည်ပင်သာယာရေး ဦးစီးဌာနမှ ၀င်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အနေအထားသည် နိုင်ငံဧရိယာ၏ ထက်ဝက်ကျော်သာ ရှိတော့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရှိရသည်။
သတင်း။  ။ ကိုဇက်
........................
တာချီလိတ်၊ ဇူလိုင်လ(၈)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လက်ကိုင်လွှစက်(ချိန်းစော ( Chain Saw) )များ တင်သွင်းရောင်းချမှုများ၊ ဝယ်ယူမှုများနှင့် ပတ်သက်၍ သစ်တော၏ ထောက်ခံချက်ပါရှိရန် လိုကြောင်း သိရသည်။
"ညွှန်ကြားချက်ဝင်ထားပြီး ပါပြီ။ သိပ်မကြာသေးဘူး ဒေသလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာ အစည်းအေဝး လုပ်ပြီး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်"ဟု တာချီလိတ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
တရားမဝင် သစ်ခုတ်လှဲနေမှုများအား ထိရောက်စွာ ကိုင်တွယ်နိုင်ရန်၊ လက်ကိုင်လွှစက်များ တင်သွင်း ဖြန့်ဖြူး ရောင်းချနေမှုများအား ထိန်းချုပ်နိုင်ရန် ပြည်ထောင်စု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်လိုက်တာကြောင့် သစ်တောဦးစီးဌာနအနဖြေင့် ဒေသတွင်း လုပ်ငန်းရှင်များအား အသိပေးမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
"ချိန်းစော ( Chain Saw)တွေကို ထိုင်းကနေ ပြည်တွင်းကို သွင်းမယ်ဆိုရင်တော့ သစ်တောရဲ့ ထောက်ခံချက် ပါမှရမယ်လို့ အကောက်ခွန်က ပြောတယ်။ ဆိုင်ရောင်းတွေအနေနဲ့လည်း စက်ကြီးတွေဆို ကုမ္ပဏီတွေက ဝယ်ဝါယ်။ စက်သေးတွကြေတော့ တောင်သူ၊ လယ်သမားတွေက တောင်ယာရှင်းဖို့တွေ အတွက် ဝယ်ကြတယ်။ ဆိုင်ကို လာဝယ်သူများ အနေနဲ့လည်း သစ်တောရဲ့ ထောက်ခံချက်ပါမှ ဆိုရင်တော့ ဆိုင်တင်ရောင်းတွေ အနေနဲ့ ကြာလာရင် ရောင်းအားကျသွားနိုင်တယ်”ဟု တာချီလိတ်မြို့ ယဉ်တုံး အိမ်ဆောက်ပစ္စည်းဆိုင်မှ ကိုဇင်မင်းထွန်းက ပြောသည်။
လက်ကိုင်လွှစက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ သွင်းကုန်လိုင်စင်တစ်ခုတည်းဖြင့် ပြည်ပမှ လွတ်လပ်စွာ တင်သွင်းနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ထောက်ခံချက်ပါမှသာ ခွင့်ပြုမှာ ဖြစ်ကြောင်း သိရသည်။
လက်ကိုင်လွှစက် တင်သွင်းသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီများအနဖြေင့် လစဉ် လက်ကိုင်လွှစက် အရောင်းစာရင်းနှင့် လက်ကျန်စာရင်းများကို သစ်တောဦးစီးဌာနကို လချုပ်အနဖြေင့် ပေးပို့သွားရမှာဖြစ်ပြီး၊ ဖြန့်ဖြူးရောင်းချသော အရောင်းဆိုင်နှင့် ကုမ္ပဏီများအား လစဉ် သစ်တောဦးစီးဌာန နှင့် စည်ပင်သာယာရေး ဦးစီးဌာနမှ ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ဇွန်လ(၆)ရက်နေ့က စတင်ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး၊ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ မြို့နယ်၊ ခရိုင်များသို့ ညွှန်ကြားချက်ပေးပို့ထားကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အနေအထားသည် နို်င်ငံဧရိယာ၏ ထက်ဝက်ကျော်သာ ရှိတော့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရှိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~