ခ်င္းမိုင္ၿမိဳ႕မွ ေရႊ႕ေျပာင္းလုပ္သားမ်ားကို စစ္ေဆးေနသျဖင့္ ျမန္မာလုပ္သားအခ်ိဳ႕တိမ္းေရွာင္ေနရ

ခ်င္းမိုင္ၿမိဳ႕မွ ေရႊ႕ေျပာင္းလုပ္သားမ်ားကို စစ္ေဆးေနသျဖင့္ ျမန္မာလုပ္သားအခ်ိဳ႕တိမ္းေရွာင္ေနရ
ဇူလိုင် 26, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံ ေျမာက္ပိုင္း ၊ ခ်င္းမိုင္ၿမိဳ႕တြင္ စာရြက္စာတမ္းပါ လုပ္ငန္းခြင္ႏွင့္ ကိုက္ညီမႈမရွိသည့္ ေရႊ႕ေျပာင္း အလုပ္သမားမ်ားအား ထုိင္းအာဏာပိုင္မ်ားက ဇူလိုင္လအတြင္း လိုက္လံစစ္ေဆး ဖမ္းဆီးမႈမ်ား ရွိေနသျဖင့္ ခ်င္းမိုင္ေရာက္ ျမန္မာလုပ္သားအခ်ိဳ႕ တိမ္းေရွာင္ေနရေၾကာင္း သိရသည္။

"ခ်င္းမိုင္ၿမိဳ႕မွာေတာ့ ညဘက္ေစ်းေရာင္းတဲ့ အလုပ္သမားေတြ အစားအေသာက္ဆိုင္ေတြမွာ အလုပ္ လုပ္တဲ့ အလုပ္သမားေတြကို လိုက္ၿပီးစစ္ေဆးတာ ဖမ္ဆီးတာေတြရွိေနပါတယ္။ တခ်ိဳ႕ဆိုရင္ အျပင္ေတာင္ မထြက္ရဲၾကဘူး။ တခ်ိဳ႕ကလည္း ေရွာင္ေနၾကတယ္လို႔ ေျပာၾကတယ္"ဟု ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ(CNCMC)မွ အလုပ္အမႈေဆာင္ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ထုိင္းႏိုင္ငံ၊ ခ်င္းဟိုင္း၊ မယ္ဆိုင္ၿမိဳ႕မ်ားတြင္ ယခုလက္ရွိ အခ်ိန္အထိ ဖမ္းဆီး စစ္ေဆးမႈမ်ား မရွိေသးေသာ္လည္း  ေရႊ႕ေျပာင္း အလုပ္သမားမ်ားမွာ တိမ္းေရွာင္ေနထိုင္မႈမ်ား၊ လုပ္ငန္းခြင္ ေျပာင္းေရႊ႕ လုပ္ကိုင္ေနသူမ်ား ရွိေနေၾကာင္း သိရသည္။

"ထိုင္းမွာ အလုပ္ လုပ္ရင္ ကတ္ျပားထဲမွာပါတဲ့ အလုပ္အကိုင္နဲ႔ အျပင္မွာလုပ္တဲ့ အလုပ္ မတူရင္ ဥပေဒအရ အေရးယူလို႔ရတယ္။ အဲဒီလိုဆိုရင္ ဖမ္းဆီးၿပီး ျမန္မာျပည္ ျပန္ပို႔တာလည္းရွိတယ္။ ေငြေတာင္းတာလည္း ရွိတယ္။ ကၽြန္ေတာ့္ဆိုင္မွာဆို တစ္လဘတ္(၁၀,၀၀၀)ေလာက္ေပးရတယ္။ လူ(၄)ေယာက္စာအတြက္ လတိုင္း ပိုက္ဆံ လာေကာက္တယ္။ ကၽြန္ေတာ္တို႔က အသားလိပ္ေရာင္းတာေလ။ ထိုင္းမွာ ျမန္မာေတြ ေစ်းေရာင္းခြင့္ မရွိဘူး။ ဥပေဒအရ ကန္႔သတ္ထားတယ္"ဟု ဘန္ေကာက္ၿမိဳ႕ တြင္ အသားလိပ္ေရာင္းခ်သူ ကိုသန္႔ဇင္ဦးက ေျပာသည္။

ထုိင္းႏိုင္ငံ ဥပေဒအရ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား တရား၀င္ခြင့္ျပဳထားသည့္ အလုပ္အကိုင္(၂၅)မ်ိဳးရွိၿပီး မုန္႔ေရာင္းခ်ျခင္း၊ ေခါက္ဆြဲေရာင္းခ်ျခင္းမ်ားအပါအ၀င္ ေစ်းေရာင္းခ်ျခင္း၊ ကိုယ္ပိုင္လုပ္ငန္း လုပ္ကိုင္ျခင္းမ်ားအား ခြင့္ျပဳထားျခင္းမရိွဘဲ ခြင့္ျပဳခ်က္ေက်ာ္လြန္လုပ္ကိုင္သည္ကို စိစစ္ေတြ႕ရွိပါက ဥပေဒအရ ေထာင္ဒဏ္(၂)ႏွစ္မွ ဒဏ္ေငြဘတ္ (၁)သိန္းအထိခ်မွတ္ႏိုင္သည့္အျပင္ အမည္ပ်က္(Black List) စာရင္းသြင္းကာ ေနရပ္ျပန္ပို႔ျခင္းကိုလည္း လုပ္ေဆာင္ႏုိင္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ေနထိုင္ အလုပ္လုပ္ကိုင္မႈျဖင့္ ဖမ္းဆီးခံရေသာ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမားမ်ားအား တာခ်ီလိတ္ၿမိဳ႕ ၊ ခ်စ္ၾကည္ေရးတံတားမွ ျပန္လည္ပို႔ေဆာင္ေနရာ ၂၀၁၅ ခုႏွစ္အတြင္း လူဦးေရ(၁,၅၁၃)ဦးရွိၿပီး ၂၀၁၆ ခုႏွစ္ ဧၿပီလအထိ လူဦးေရ(၅၀၀)ခန္႔ရွိၿပီျဖစ္ေၾကာငး္ သိရသည္။

သတင္း - ကိုဇက္

...............
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် စာရွက်စာတမ်းပါ လုပ်ငန်းခွင်နှင့် ကိုက်ညီမှုမရှိသည့် ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းအာဏာပိုင်များက ဇူလိုင်လအတွင်း လိုက်လံစစ်ဆေး ဖမ်းဆီးမှုများ ရှိနေသဖြင့် ချင်းမိုင်ရောက် မြန်မာလုပ်သားအချို့ တိမ်းရှောင်နေရကြောင်း သိရသည်။
"ချင်းမိုင်မြို့မှာတော့ ညဘက်ဈေးရောင်းတဲ့ အလုပ်သမားတွေ အစားအသောက်ဆိုင်တွေမှာ အလုပ် လုပ်တဲ့ အလုပ်သမားတွေကို လိုက်ပြီးစစ်ဆေးတာ ဖမ်ဆီးတာတွေရှိနေပါတယ်။ တချို့ဆိုရင် အပြင်တောင် မထွက်ရဲကြဘူး။ တချို့ကလည်း ရှောင်နကြေတယ်လို့ ပြောကြတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)မှ အလုပ်အမှုဆောင် ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းဟိုင်း၊ မယ်ဆိုင်မြို့များတွင် ယခုလက်ရှိ အချိန်အထိ ဖမ်းဆီး စစ်ဆေးမှုများ မရှိသေးသော်လည်း ရွှေ့ပြောင်း အလုပ်သမားများမှာ တိမ်းရှောင်နေထိုင်မှုများ၊ လုပ်ငန်းခွင် ပြောင်းရွှေ့ လုပ်ကိုင်နေသူများ ရှိနေကြောင်း သိရသည်။
"ထိုင်းမှာ အလုပ် လုပ်ရင် ကတ်ပြားထဲမှာပါတဲ့ အလုပ်အကိုင်နဲ့ အပြင်မှာလုပ်တဲ့ အလုပ် မတူရင် ဥပဒေအရ အရေးယူလို့ရတယ်။ အဲဒီလိုဆိုရင် ဖမ်းဆီးပြီး မြန်မာပြည် ပြန်ပို့တာလည်းရှိတယ်။ ငွေတောင်းတာလည်း ရှိတယ်။ ကျွန်တော့်ဆိုင်မှာဆို တစ်လဘတ်(၁၀,ဝဝဝ)လောက်ပေးရတယ်။ လူ(၄)ယောက်စာအတွက် လတိုင်း ပိုက်ဆံ လာကောက်တယ်။ ကျွန်တော်တို့က အသားလိပ်ရောင်းတာလေ။ ထိုင်းမှာ မြန်မာတွေ ဈေးရောင်းခွင့် မရှိဘူး။ ဥပဒေအရ ကန့်သတ်ထားတယ်"ဟု ဘန်ကောက်မြို့ တွင် အသားလိပ်ရောင်းချသူ ကိုသန့်ဇင်ဦးက ပြောသည်။
ထိုင်းနိုင်ငံ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်ခွင့်ပြုထားသည့် အလုပ်အကိုင်(၂၅)မျိုးရှိပြီး မုန့်ရောင်းချခြင်း၊ ခေါက်ဆွဲရောင်းချခြင်းများအပါအဝင် ဈေးရောင်းချခြင်း၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ခြင်းများအား ခွင့်ပြုထားခြင်းမရှိဘဲ ခွင့်ပြုချက်ကျော်လွန်လုပ်ကိုင်သည်ကို စိစစ်တွေ့ရှိပါက ဥပဒေအရ ထောင်ဒဏ်(၂)နှစ်မှ ဒဏ်ငွေဘတ် (၁)သိန်းအထိချမှတ်နိုင်သည့်အပြင် အမည်ပျက်(Black List) စာရင်းသွင်းကာ နေရပ်ပြန်ပို့ခြင်းကိုလည်း လုပ်ဆောင်နိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရသော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား တာချီလိတ်မြို့၊ ချစ်ကြည်ရေးတံတားမှ ပြန်လည်ပို့ဆောင်နေရာ ၂၀၁၅ ခုနှစ်အတွင်း လူဦးရေ(၁,၅၁၃)ဦးရှိပြီး ၂၀၁၆ ခုနှစ် ဧပြီလအထိ လူဦးရေ(၅၀၀)ခန့်ရှိပြီဖြစ်ကြောငး် သိရသည်။
သတင်း - ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~