တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့(ယာယီ)မှ တရားဝင် မှတ်ပုံတင်ရန် ဆွေးနွေး
တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့(ယာယီ)မှ တရားဝင် မှတ်ပုံတင်ရန် ဆွေးနွေး
ဇူလိုငျ 2, 2016
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်တွင် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အား ဖွဲ့စည်းရန်အတွက် ယာယီအလုပ်အမှုဆောင်စာရင်းကို ပထမအကြိမ် သင်းလုံးကျွတ် အစည်းအဝေးပြုလုပ်ကာ အတည်ပြုခဲ့ပြီး တရားဝင် မှတ်ပုံတင်သွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့သင်းလုံးကျွတ် အစည်းအဝေး အခမ်းအနားကို ဇူလိုင်လ (၂) ရက်နေ့၊ ညနေ(၅)နာရီ အချိန်မှ ည(၈)နာရီအချိန်အထိ တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက် အတွင်းရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ အနေဖြင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ပွဲသဘင်များ၊ နေ့ထူး၊ နေ့မြတ်များတွင်လည်း ဗမာ့ယဉ်ကျေးမှုဆိုင်ရာများနှင့် ပတ်သက်၍ ပူးပေါင်းပါဝင် ကူညီသွားမှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ ။  ။ ဇောင်းညီ
.....................
တာချီလိတ်၊ ဇူလိုင်လ(၂)ရက်
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်တွင် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အား ဖွဲ့စည်းရန်အတွက် ယာယီအလုပ်အမှုဆောင်စာရင်းကို ပထမအကြိမ် သင်းလုံးကျွတ် အစည်းအေဝးပြုလုပ်ကာ အတည်ပြုခဲ့ပြီး တရားဝင် မှတ်ပုံတင်သွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့သင်းလုံးကျွတ် အစည်းအေဝး အခမ်းအနားကို ဇူလိုင်လ (၂) ရက်နေ့၊ ညနေ(၅)နာရီ အချိန်မှ ည(၈)နာရီအချိန်အထိ တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက် အတွင်းရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့(ယာယီ)အလုပ်အမှုဆောင်တွင် အဖွဲ့ဝင် (၂၃)ဦး ပါဝင်မှာ ဖြစ်ပြီး ဗမာယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍအသီးသီးတို့ကို ဆပ်ကော်မတီ (၁၂)ခုဖြင့် ဖွဲ့စည်း၍ တရားဝင် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သိရသည်။
“တာချီလိတ်မြို့နယ်မှာတင် မဟုတ်ဘဲ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ တခြားမြို့နယ်တွေမှာလည်း အခုလိုဖွဲ့ဖို့ ဆောင်ရွက်နကြေတယ်လို့ ဗမာတိုင်းရင်းသားဝန်ကြီးက ပြောလို့သိရပါတယ်။ အဓိက ကတော့ နောင်လာ နောင်သား မျိုးဆက်သစ်များအတွက် ဗမာ့ယဉ်ကျေးမှုများကို မပျောက်ကွယ်စေရန် နဲ့ နယ်စပ်ဒေသဖြစ်တဲ့ အတွက် တစ်ဖက်နိုင်ငံက ယဉ်ကျေးမှုတွေ အလွယ်တကူ ဝင်ရောက်နိုင်တာကြောင့် ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့အတွက် ဖွဲ့ဖို့လိုအပ်ပါတယ်။”ဟု တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့(ယာယီ) ဥက္ကဌ ဒေါ်ခင်သန်းမူက ပြောသည်။
တာချီလိတ်မြို့နယ် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ အနဖြေင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ပွဲသဘင်များ၊ နေ့ထူး၊ နေ့မြတ်များတွင်လည်း ဗမာ့ယဉ်ကျေးမှုဆိုင်ရာများနှင့် ပတ်သက်၍ ပူးပေါင်းပါဝင် ကူညီသွားမှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~