တာခ်ီလိတ္၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုတူ ေၾကးရုပ္တုတည္ေဆာက္ရန္ ေျမေနရာႏွင့္ ခြင့္ျပဳခ်က္အား ျပည္နယ္အစိုးရထံ ေတာင္းဆိုထား

တာခ်ီလိတ္၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုတူ ေၾကးရုပ္တုတည္ေဆာက္ရန္ ေျမေနရာႏွင့္ ခြင့္ျပဳခ်က္အား ျပည္နယ္အစိုးရထံ ေတာင္းဆိုထား
ဇူလိုင် 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္  ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုတူေၾကးရုပ္တု တည္ေဆာက္ရန္ ေျမေနရာႏွင့္ ခြင့္ျပဳမိန္႔အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံ တာခ်ီလိတ္ ဗိုလ္ခ်ဳပ္ရုပ္တုျဖစ္ေျမာက္ေရးအဖြဲ႕မွ တင္ျပေတာင္းဆိုထားေၾကာင္း သိရသည္။

ဇူလိုင္လ(၂၆)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပခဲ့သည့္ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ေဒသခံျပည္သူမ်ား ေတြ႕ဆံုပြဲတြင္ ဗိုလ္ခ်ဳပ္ရုပ္တုျဖစ္ေျမာက္ေရးအဖြဲ႕မွ တင္ျပေတာင္းဆိုလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔  ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုကို ေနာင္လာေနာက္သား လူငယ္ေတြအတြက္ ေမ့ေလ်ာ့ျခင္း မရွိေအာင္ ေနာက္ၿပီး နယ္စပ္ၿမိဳ႕ျဖစ္တဲ့အတြက္ ကိုယ့္ႏိုင္ငံရဲ႕ လြတ္လပ္ေရးကို အရယူေပးခဲ့တဲ့ ေခါင္းေဆာင္ႀကီးရဲ႕ ပံုတူရုပ္တုထားဖို႔ လိုအပ္တယ္လို႔ သတ္မွတ္ၿပီး ေျမေနရာေတာင္းခံတာပါ"ဟု ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တု ျဖစ္ေျမာက္ေရးအဖြဲ႕မွ  ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုထားရွိႏိုင္ရန္  ၿမိဳ႕လယ္ရွိ ရွမ္းရိုးမကြင္းအတြင္းရွိ ေျမဧရိယာ ေပ(၃၀)ပတ္လည္ကို  ေတာင္းခံထားျခင္းျဖစ္ၿပီး  ဗိုလ္ခ်ဳပ္ရုပ္တုျဖစ္ေျမာက္ေရးအဖြဲ႕မွ ကုန္က်ေငြ ရွာေဖြကာ အျမင့္(၁၃)ေပရိွသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္တုအား က်ပ္သိန္း(၁၂၀)ခန္႔ ကုန္က်ခံ တည္ေဆာက္ရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

သတင္း - ကိုဇက္

.....................

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းပုံတူကြေးရုပ်တု တည်ဆောက်ရန် မြေနေရာနှင့် ခွင့်ပြုမိန့်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တာချီလိတ် ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးအဖွဲ့မှ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

ဇူလိုင်လ(၂၆)ရက်နေ့က တာချီလိတ်မြို့တွင် ကျင်းပခဲ့သည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးအဖွဲ့မှ တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို နောင်လာနောက်သား လူငယ်တွေအတွက် မေ့လျော့ခြင်း မရှိအောင် နောက်ပြီး နယ်စပ်မြို့ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ ခေါင်းဆောင်ကြီးရဲ့ ပုံတူရုပ်တုထားဖို့ လိုအပ်တယ်လို့ သတ်မှတ်ပြီး မြေနေရာတောင်းခံတာပါ"ဟု ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖြစ်မြောက်ရေးအဖွဲ့မှ ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

တာချီလိတ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိနိုင်ရန် မြို့လယ်ရှိ ရှမ်းရိုးမကွင်းအတွင်းရှိ မြေဧရိယာ ပေ(၃၀)ပတ်လည်ကို တောင်းခံထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးအဖွဲ့မှ ကုန်ကျငွေ ရှာဖွေကာ အမြင့်(၁၃)ပေရှိသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအား ကျပ်သိန်း(၁၂၀)ခန့် ကုန်ကျခံ တည်ဆောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~