တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးသွန်းရုပ်တု ထားရှိရေး ကော်မတီဖွဲ့ပြီး ဆွေးနွေး

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးသွန်းရုပ်တု ထားရှိရေး ကော်မတီဖွဲ့ပြီး ဆွေးနွေး
ဇူလိုငျ 13, 2016
By Tachileik News Agency

ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးသွန်းရုပ်တုပြုလုပ်ပြီး တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ထားရှိနိုင်ရန်အတွက် ဇူလိုင်(၁၃)ရက်နေ့ ညနေပိုင်းက ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးအား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏ ခန်းမဆောင်တွင် ပြုလုပ်ကာ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ လူဦးရေ (၅၀)ထက် မနည်း တက်ရောက်လာကြပြီး တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူကြေးသွန်းရုပ်တုထားရှိနိုင်ရေးအတွက် တက်ရောက်လာသူများမှ ဆွေးနွေးအကြံပြု တင်ပြခဲ့ကြခြင်း ဖြစ်သည်။

"အဓိကတော့ ဗိုလ်ချုပ်ရုပ်တုထားဖို့ မြေနေရာ ရရှိရေးအတွက် ဘယ်မှာထားမယ်ဆိုတာကို အစည်းအဝေးလုပ်ရင်း ကော်မတီဖွဲ့တာ၊ ဒီကော်မတီကနေ ပြည်နယ်အစိုးရဆီကို မြို့ရဲ့ လူသွား၊ လူလာများပြီး အများအတွက် အဆင်ပြေစေမယ့် ရှမ်းရိုးမကွင်းကို စာတင်ပြီးတောင်းဆိုသွားမှာပါ"ဟု ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။


"ကျွန်တော်တို့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ မြို့တွေမှာတော့ ဗိုလ်ချုပ်ကြေးရုပ်တု ရှိတယ်ဆိုတာ မကြားဖူးသေးဘူး၊ ဒီ တာချီလိတ်မှာ အကောင်အထည်ဖော်လို့ အောင်မြင်ရင်တော့ ရှမ်းအရှေ့မှာ တာချီလိတ်က ပထမဆုံးလို့ ပြောလို့ရနိုင်ပါလိမ့်မယ်"ဟု အစည်းအဝေး တက်ရောက်လာသူ တစ်ဦးက ဆိုသည်။


သတင်း၊ ကိုဇက်

...................

ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးသွန်းရုပ်တုပြုလုပ်ပြီး တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ထားရှိနိုင်ရန်အတွက် ဇူလိုင်(၁၃)ရက်နေ့ ညနေပိုင်းက ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအေဝးအား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏ ခန်းမဆောင်တွင် ပြုလုပ်ကာ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအေဝးသို့ လူဦးရေ (၅၀)ထက် မနည်း တက်ရောက်လာကြပြီး တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူကြေးသွန်းရုပ်တုထားရှိနိုင်ရေးအတွက် တက်ရောက်လာသူများမှ ဆွေးနွေးအကြံပြု တင်ပြခဲ့ကြခြင်း ဖြစ်သည်။

"အဓိကတော့ ဗိုလ်ချုပ်ရုပ်တုထားဖို့ မြေနေရာ ရရှိရေးအတွက် ဘယ်မှာထားမယ်ဆိုတာကို အစည်းအေဝးလုပ်ရင်း ကော်မတီဖွဲ့တာ၊ ဒီကော်မတီကနေ ပြည်နယ်အစိုးရဆီကို မြို့ရဲ့ လူသွား၊ လူလာများပြီး အများအတွက် အဆင်ပြေစေမယ့် ရှမ်းရိုးမကွင်းကို စာတင်ပြီးတောင်းဆိုသွားမှာပါ"ဟု ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တု ဖြစ်မြောက်ရေးအတွက် အများပြည်သူ၏ ဆန္ဒလက်မှတ်များ ကောက်ခံသွားမည်ဖြစ်ပြီး၊ လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီမှ မြေနေရာ ရရှိလာပါက အမြင့်(၁၃)ပေရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုအား ထားရှိနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

"ကျွန်တော်တို့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ မြို့တွေမှာတော့ ဗိုလ်ချုပ်ကြေးရုပ်တု ရှိတယ်ဆိုတာ မကြားဖူးသေးဘူး၊ ဒီ တာချီလိတ်မှာ အကောင်အထည်ဖော်လို့ အောင်မြင်ရင်တော့ ရှမ်းအရှေ့မှာ တာချီလိတ်က ပထမဆုံးလို့ ပြောလို့ရနိုင်ပါလိမ့်မယ်"ဟု အစည်းအေဝး တက်ရောက်လာသူ တစ်ဦးက ဆိုသည်။

တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် ထိစပ်လျှက်ရှိသည့် မြို့ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအား အများပြည်သူများ တွေ့ရှိနိုင်သည့်နေရာဖြစ်ပြီး၊ တိုင်းရင်းသားများနှင့် နောင်လာနောက်သား ကလေးငယ်များအတွက် ဗိုလ်ချုပ်စိတ်ဓာတ်များ ပေါ်ပေါက်လာစေရန် တည်ဆောက်လိုခြင်းဖြစ်ကြောင်း နှင့် ဒေသခံအများစုမှာလည်း အဆိုပါ ရှမ်းရိုးမကွင်းတွင် တည်ဆောက်ထားရှိရန် လိုလားလျှက်ရှိကြောင်း သိရသည်။

သတင်း၊ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~