ကျိုင်းတုံ၌ တက္ကသိုလ်ပေါင်းစုံမှ အာခါတိုင်းရင်းသားလူငယ်များ ပထမဆုံးတွေ့ဆုံပွဲ စတင်ကျင်းပ
ကျိုင်းတုံ၌ တက္ကသိုလ်ပေါင်းစုံမှ အာခါတိုင်းရင်းသားလူငယ်များ ပထမဆုံးတွေ့ဆုံပွဲ စတင်ကျင်းပ
ဇူလိုငျ 12, 2016
By Tachileik News Agency
အာခါလူငယ်များ တွေ့ဆုံပွဲကို ဇူလိုင်လ၏ ဒုတိယအပတ်တွင်းက ကျင်းပခြင်းဖြစ်ပြီး အာခါလူငယ်များအနေဖြင့် ဒေသအတွင်း အမှန်တကယ်လိုအပ်နေသော နေရာများတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီနိုင်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံသို့ ကျိုင်းတုံတက္ကသိုလ်၊ ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်နှင့် ကျိုင်းတုံနည်းပညာတက္ကသိုလ်များမှ အာခါတိုင်းရင်းသား ကျောင်းသား၊ကျောင်းသူ (၅၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။  ။ ဇွဲမြတ်
.................
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တက္ကသိုလ်ပေါင်းစုံမှ အာခါတိုင်းရင်းသားလူငယ်များ တွေ့ဆုံပွဲကို ပထမဆုံး စတင်ကျင်းပကြောင်း သိရသည်။
" အဓိကကတော့ လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဖို့၊ တစ်ယောက်နဲ့တစ်ယောက် သိကြဖို့နဲ့ဖေးမဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲလေး လုပ်ပေးတာပါ။ ဘာလို လဲဆိုတော့ ကျောင်းအသီးသီးမှာ တက်နကြေတဲ့ အာခါလူငယ် တော်တော်များများက တစ်ယောက်နဲ့တစ်ယောက်မသိကြဘူး။"ဟု ပွဲစီစဉ်သူ ကိုယာထွန်းက ပြောသည်။
အာခါလူငယ်များ တွေ့ဆုံပွဲကို ဇူလိုင်လ၏ ဒုတိယအပတ်တွင်းက ကျင်းပခြင်းဖြစ်ပြီး အာခါလူငယ်များအနဖြေင့် ဒေသအတွင်း အမှန်တကယ်လိုအပ်နေသော နေရာများတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီနို်င်စေရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
 "အခုခေတ်လူငယ်တွေက ခေတ်နောက်အရမ်းလိုက်သွားတဲ့ အတွက်ကြောင့် ကိုယ့်လူမျိုးတွေ အရင်ကဘယ်လို ဝတ်စားခဲ့တယ်။ ဘယ်လိုယဉ်ကျေးမှုတွေ ရှိခဲ့တယ်ဆိုတာကို ရှေ့မှီနောက်မှီတွေက ချပြဖို့လိုတယ်။ အဲဒီလို မချပြနိုင်ဘူးဆိုရင် အာခါယဉ်ကျေးမှုတွေ ကွယ်ပျောက်သွားနိုင်တဲ့ အတွက် အဲဒီလို မဖြစ်စေချင်ပါဘူး။"ဟု ကိုယာထွန်းက ဆိုသည်။
အဆိုပါ တွေ့ဆုံသို့ ကျိုင်းတုံတက္ကသိုလ်၊ ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်နှင့် ကျိုင်းတုံနည်းပညာတက္ကသို်လ်များမှ အာခါတိုင်းရင်းသား ကျောင်းသား၊ကျောင်းသူ (၅၀)ဦးခန့်တက်ရောက်ကြကြောင်း သိရသည်။
"ဒီလို တွေ့ဆုံဆွေးနွေးပွဲ လုပ်ပေးတဲ့အတွက် တခြားကျောင်းက ကိုယ်နဲ့မသိသေးတဲ့ လူတွေနဲ့တွေ့ဆုံရင်းနှီးခွင့် ရပါတယ်။ ပြီးရင် ဒီလို ဆွေးနွေးပွဲမှာ ကိုယ့်မှာရှိတဲ့ ဗဟုသုတတွေ တခြားသူတွေကိုေဝမျှခြင်းအားဖြင့် အာခါလူငယ်တွေအနေနဲ့လည်း လမ်းမှား မရောက်တော့ဘဲ လူမျိုးအကျိုး၊ ဒေသအကျိုးအတွက် သယ်ပိုးသွားနိုင်ပြီးတော့ အချင်းချင်း ပိုပြီးစည်းလုံးလာကြမယ်လို့ယုံကြည်ပါတယ်။"ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် မချီစောက ပြောသည်။
သတင်း/ဓာတ်ပုံ။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~