ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား၏ စုေပါင္းဝါဆိုသကၤန္းကပ္လႈပြဲအား ထိုင္းအာဏာပိုင္မ်ား ဝင္ေရာက္စစ္ေဆး

ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား၏ စုေပါင္းဝါဆိုသကၤန္းကပ္လႈပြဲအား ထိုင္းအာဏာပိုင္မ်ား ဝင္ေရာက္စစ္ေဆး
ဇူလိုင် 10, 2016
By Tachileik News Agency

ထုိုင္းႏုိင္ငံတြင္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ား စုေပါင္းက်င္းပသည့္ စုေပါင္း၀ါဆိုသကၤန္းကပ္လွဴပြဲႏွင့္ ဆလံု-ဂ်လန္းကၽြန္း ဆရာေတာ္တရားပြဲအား ထုိင္းအာဏာပိုင္မ်ားက ၀င္ေရာက္စစ္ေဆးမွဳ ျပဳလုပ္ရာ "AAC"မဟာမိတ္အဖြဲ႕မွ ၀င္ေရာက္ညိႇႏွိဳင္းေပးႏုိင္သျဖင့္ တရားပြဲေအာင္ျမင္စြာ က်င္းပႏိုင္လိုက္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၊ ဖလန္ေစာင္၊ ဆမဲဒမ္း (၅)လမ္းတြင္ ဇူလိုင္လ(၁၀)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမား(၁၀၀၀)ခန္႔က ဂ်လန္းကၽြန္းဆရာေတာ္ အရွင္ကုသလေဇာတိ၏ တရားေတာ္အား နာယူေနစဥ္ ထိုင္းအာဏာပိုင္မ်ားမွ လူစုလူေ၀းျဖင့္ ပြဲျပဳလုပ္သျဖင့္ တရားနာ ပရိသတ္ႏွင့္အတူ ဆရာေတာ္အား ၀င္ေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ထုိင္းမွာ ျမန္မာေတြ လူစုလူေ၀းေနလို႔မရဘူးဆိုတဲ့ အဓိပၸာယ္နဲ႔ တရားနာတဲ့သူေတြကိုေရာ ဆရာေတာ္ႀကီးကိုပါ ၀င္စစ္တာ။ ကၽြန္ေတာ္တို႔ အဖြဲ႕က ညွိႏွိဳင္းခဲ့လို႔ တရားပြဲေတာ့ ၿပီးသြားပါတယ္။ အခု အေခါက္က တမင္ျပႆနာ၀င္ရွာတာဗ်။ အရင္က တရားပြဲေတြကို တစ္ခါမွ ဒီလို လုပ္တာမရွိဘူး"ဟု ျမန္မာသံရံုးအလုပ္သမားေစာင့္ေရွာက္ေရးေကာ္မတီ"AAC"မဟာမိတ္မွ ကိုရဲမင္းက ေျပာသည္။

ယခင္ႏွစ္မ်ားတြင္ ၀ါဆိုသဃၤန္းကပ္လွဴပြဲမ်ား က်င္းပခဲ့ေသာ္လည္း ထိုင္းအာဏာပိုင္မ်ားမွ ၀င္ေရာက္ ေႏွာင့္ယွက္ျခင္းမရွိခဲ့ဘူးေႀကာင္းႏွင့္ ယခုရက္ပိုင္းအတြင္း ထုိင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္း လုပ္သားမ်ားအား အေၾကာင္းအမ်ိဳးမ်ိဳးရွာ၍ ဖိႏွိပ္မႈမ်ားရွိလာေနသည္ဟု AAC ထံမွ သိရသည္။

သတင္း။  ။ #ကိုဇက္
ဓာတ္ပံု။  ။ #AAC
................

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ စုပေါင်းကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဆလုံ-ဂျလန်းကျွန်း ဆရာတော်တရားပွဲအား ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ရာ "AAC"မဟာမိတ်အဖွဲ့မှ ဝင်ရောက်ညှိနှိုင်းပေးနိုင်သဖြင့် တရားပွဲအောင်မြင်စွာ ကျင်းပနိုင်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ဖလန်စောင်၊ ဆမဲဒမ်း (၅)လမ်းတွင် ဇူလိုင်လ(၁၀)ရက်နေ့ နေ့လယ်ပိုင်းတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား(၁၀၀၀)ခန့်က ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ၏ တရားတော်အား နာယူနေစဉ် ထိုင်းအာဏာပိုင်များမှ လူစုလေူဝးဖြင့် ပွဲပြုလုပ်သဖြင့် တရားနာ ပရိသတ်နှင့်အတူ ဆရာတော်အား ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ထိုင်းမှာ မြန်မာတွေ လူစုလေူဝးနေလို့မရဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ တရားနာတဲ့သူတွေကိုရော ဆရာတော်ကြီးကိုပါ ဝင်စစ်တာ။ ကျွန်တော်တို့ အဖွဲ့က ညှိနှိုင်းခဲ့လို့ တရားပွဲတော့ ပြီးသွားပါတယ်။ အခု အခေါက်က တမင်ပြဿနာဝင်ရှာတာဗျ။ အရင်က တရားပွဲတွေကို တစ်ခါမှ ဒီလို လုပ်တာမရှိဘူး"ဟု မြန်မာသံရုံးအလုပ်သမားစောင့်ရှောက်ရေးကော်မတီ"AAC"မဟာမိတ်မှ ကိုရဲမင်းက ပြောသည်။

ယခင်နှစ်များတွင် ဝါဆိုသင်္ဃန်းကပ်လှူပွဲများ ကျင်းပခဲ့သော်လည်း ထိုင်းအာဏာပိုင်များမှ ဝင်ရောက် နှောင့်ယှက်ခြင်းမရှိခဲ့ဘူးကြောင်းနှင့် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအား အကြောင်းအမျိုးမျိုးရှာ၍ ဖိနှိပ်မှုများရှိလာနေသည်ဟု AAC ထံမှ သိရသည်။

သတင်း။ #ကိုဇက်
ဓာတ်ပုံ။ #AAC

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~