(၂၁)ရာစု ပင်လုံညီလာခံထောက်ခံကြိုဆိုပွဲအဖြစ် မန္တလေးမြို့တွင် လမ်းလျှောက်ချီတက်

(၂၁)ရာစု ပင်လုံညီလာခံထောက်ခံကြိုဆိုပွဲအဖြစ် မန္တလေးမြို့တွင် လမ်းလျှောက်ချီတက်
ဇူလိုငျ 31, 2016
By Tachileik News Agency
................
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်မှ ပြည်သူများက (၂၁)ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုသည့် ချီတက်လမ်းလျှောက်ပွဲကို ဇူလိုင်လ (၃၁) ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး (ဘုရားကြီး)အရှေ့မုခ်မှ မင်္ဂလာမန္တလေးအထိ တစ်နာရီခန့် ချီတက်လမ်းလျှောက်ခဲ့ကြပြီး လူအင်အား (၅၀) ခန့်ပါဝင်ခဲ့ကြောင်းသိရသည်။ 
အဆိုပါ ထောက်ခံပွဲကို မန္တလေးမြို့အနှံ့ ဇူလိုင် (၃၁) ရက်မှ သြဂုတ်လ (၈) ရက်နေအထိ (၉) ရက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~