ဆိုင္ကယ္တစ္စီးမွ အရွိန္လြန္ကာ တိုက္မိရာမွ အမ်ဳိးသမီးတစ္ဦး ေဆးရံုတြင္ ကြယ္လြန္

ဆိုင္ကယ္တစ္စီးမွ အရွိန္လြန္ကာ တိုက္မိရာမွ အမ်ဳိးသမီးတစ္ဦး ေဆးရံုတြင္ ကြယ္လြန္
ဇွန် 17, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ဇြန္လ(၁၇)
တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စု ပါ၀ုန္းရြာလမ္းမေပၚတြင္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးမွ လမ္းေလွ်ာက္လာသည့္ အမ်ဳိးသမီးတစ္ဦးအား အရွိန္မထိန္းႏိုင္ပဲ ၀င္ေရာက္ တိုက္မိျပီး ထိုအမ်ိဳးသမီးမွာ
ေဆးရံုသို႔ ပို႔ေဆာင္စဥ္ေသဆံုးသြားေၾကာင္း သိရသည္။
၂၀၁၆ခုႏွစ္ ဇြန္လ(၁၆)ရက္ေန႔ ည(၁၁)နာရီခြဲ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စု၊ ပါ၀ုန္းေက်းရြာလမ္းမေပၚတြင္ ဆြတ္ဆိုင္ရြာဘက္မွ မယ္ယန္းေက်းရြာဘက္သို႔ ဦးအိုက္ရီ တစ္ဦးတည္း ေမာင္းႏွင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္သည္ အဆိုပါ လမ္းမႀကီးေပၚသို႔ ေနအိမ္အတြင္းမွ ေျခလ်င္လမ္းေလွ်ာက္ထြက္လာသူ အသက္(၆၀)ႏွစ္ရွိ ေဒၚနန္းခမ္းစိန္အား အရွိန္အထိန္းႏိုင္ဘဲ ၀င္ေရာက္တိုက္မိရာမွ တိုက္ခံရသူမွာ ႐ရွိသည့္ဒဏ္ရာမ်ားျဖင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုတြင္ ကြယ္လြန္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ဆိုင္ကယ္ျဖင့္ အရွိန္မထိန္းႏိုင္ဘဲ ၀င္ေရာက္တိုက္မိသူ ဦးအိုက္ရီအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၂/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၀၄-က အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
.................
တာချီလိတ်၊ ဇွန်လ(၁၇)
တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းရွာလမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်တစ်စီးမှ လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦးအား အရှိန်မထိန်းနိုင်ပဲ ဝင်ရောက် တိုက်မိပြီး ထိုအမျိုးသမီးမှာ
ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားကြောင်း သိရသည်။
၂၀၁၆ခုနှစ် ဇွန်လ(၁၆)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာလမ်းမပေါ်တွင် ဆွတ်ဆိုင်ရွာဘက်မှ မယ်ယန်းကျေးရွာဘက်သို့ ဦးအိုက်ရီ တစ်ဦးတည်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် အဆိုပါ လမ်းမကြီးပေါ်သို့ နေအိမ်အတွင်းမှ ခြေလျင်လမ်းလျှောက်ထွက်လာသူ အသက်(၆၀)နှစ်ရှိ ဒေါ်နန်းခမ်းစိန်အား အရှိန်အထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာမှ တိုက်ခံရသူမှာ ရရှိသည့်ဒဏ်ရာများဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆိုင်ကယ်ဖြင့် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသူ ဦးအိုက်ရီအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~