အရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး လမ္းျဖတ္ကူးစဥ္ ဆိုင္ကယ္တို္က္မိ၍ ဒဏ္ရာျဖင့္ ေသဆံုး

အရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး လမ္းျဖတ္ကူးစဥ္ ဆိုင္ကယ္တို္က္မိ၍ ဒဏ္ရာျဖင့္ ေသဆံုး
ဇွန် 14, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၄)
တာခ်ီလိတ္ၿမိဳ႕တြင္ ဇြန္လ(၁၃)ရက္ေန႔ ည(၁၀)နာရီအခ်ိန္က လူငယ္တစ္ဦးအရွိန္ႏွင့္ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္္ျဖင့္ လမ္းျဖတ္ကူးစဥ္ တိုက္မိသြားသည့္ အရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးသည္ ေဆးကုသမႈခံယူရင္း ဇြန္လ(၁၄)ရက္တြင္ ေသဆုံးသြားေၾကာင္း သိရသည္။

ပါဆတ္ရပ္ကြက္ ဘုန္းႀကီးေက်ာင္းပြဲတြင္ တာ၀န္ထမ္းေဆာင္ေနသည့္ အရန္မီးသတ္တပ္ဖြဲ႕၀င္တစ္ဦးသည္ ဘုန္းႀကီးေက်ာင္း၏ တစ္ဖက္လမ္းသို႔ ကူးေနစဥ္ ေဟာင္လိတ္မီးပိြဳင့္လမ္းဆုံမွ ၿမိဳ႕တြင္းသို႔ လူငယ္တစ္ဦးက အရွိန္ျဖင့္ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္ျဖင့္ တိုက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ဒဏ္ရာရရိွသြားသည့္ အရန္မီးသတ္တပ္ဖြဲ႕ဝင္အား ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ၿပီး ေဆးကုသမႈခံယူေနစဥ္ ယေန႔ ဇြန္လ(၁၄)ရက္ေန႔ နံနက္ပိုင္းက ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသြားသည့္ အရန္မီးသတ္တပ္ဖြဲ႔၀င္သည္ ပါဆတ္ရပ္ကြက္မွ အသက္(၅၇)ႏွစ္ရွိ ဦးနန္အြန္ျဖစ္ၿပီး အရွိန္ျပင္းစြာျဖင့္ ေမာင္းလာသူမွာ အသက္(၁၆)ႏွစ္ရွိ ေမာင္ျမင့္ေဇာ္ထြန္းျဖစ္ၿပီး ၎၏ ေနာက္တြင္ အသက္(၁၇)ႏွစ္ရွိ ေမာင္သိန္းေက်ာ္လည္း လိုက္ပါလာေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ယာဥ္အား မဆင္မျခင္ေမာင္းႏွင္မႈျဖင့္ ပုန္းထြန္ရပ္ကြက္မွ အသက္ (၁၆)ႏွစ္အရြယ္ လူငယ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၀/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၀၄-က/၃၃၇ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း။  ။ ေဇာင္းညီ

............

တာချီလိတ်၊ ဇွန်လ(၁၄)
တာချီလိတ်မြို့တွင် ဇွန်လ(၁၃) ရက် ည(၁၀)နာရီအချိန်က လူငယ်တစ်ဦးအရှိန်ဖြင့် မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် လမ်းဖြတ်ကူးစဉ် တိုက်မိသွားသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးသည် ဆေးကုသမှုခံယူရင်း ဇွန်လ(၁၄)ရက်တွင် သေဆုံးသွားကြောင်း သိရသည်။

ပါဆတ်ရပ်ကွက် ဘုန်းကြီးကျောင်းပွဲတွင် တာဝန်ထမ်းဆောင်နေသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးသည် ဘုန်းကြီးကျောင်း၏ တစ်ဖက်လမ်းသို့ ကူးနေစဉ် ဟောင်လိတ်မီးပွိုင့်လမ်းဆုံမှ မြို့တွင်းသို့ လူငယ်တစ်ဦးက အရှိန်ဖြင့် မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်အား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ် ယနေ့ ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်သည် ပါဆတ်ရပ်ကွက်မှ အသက်(၅၇)နှစ်ရှိ ဦးနန်အွန်ဖြစ်ပြီး အရှိန်ပြင်းစွာဖြင့် မောင်းလာသူမှာ အသက်(၁၆)နှစ်ရှိ မောင်မြင့်ဇော်ထွန်းဖြစ်ပြီး၎င်း၏ နောက်တွင် အသက်(၁၇)နှစ်ရှိ မောင်သိန်းကျော်လည်း လိုက်ပါလာကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်အား မဆင်မခြင်မောင်းနှင်မှုဖြင့် ပုန်းထွန်ရပ်ကွက်မှ အသက် (၁၆)နှစ်အရွယ် လူငယ်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~