က်ိဳင္းတံု၌ လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးမႈ စတင္မည္ျဖစ္ေသာ္လည္း လတ္တေလာတြင္ တာခ်ီလိတ္ႏွင့္ မိုုင္းဆတ္ မပါဝင္ေသး

က်ိဳင္းတံု၌ လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးမႈ စတင္မည္ျဖစ္ေသာ္လည္း လတ္တေလာတြင္ တာခ်ီလိတ္ႏွင့္ မိုုင္းဆတ္ မပါဝင္ေသး
ဇွန် 29, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၉)
ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ ဇူလိုင္လ(၁)ရက္ေန႔မွ စတင္ၿပီး လိုင္စင္မဲ့ ေမာ္ေတာ္ ယာဥ္မ်ားအား စီမံခ်က္ျဖင့္ ဖမ္းဆီးသြားမည္ ျဖစ္ေသာ္လည္း တာခ်ီလိတ္ၿမိဳ႕တြင္ အဆိုပါကိစၥႏွင့္ ပတ္သက္၍ ညႊန္ၾကားခ်က္ မရိွေသးေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ အေနနဲ႔ ဇူလို္င္လ(၁)ရက္ေန႔မွာ စၿပီးလို္င္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို ဖမ္းမယ္ဆိုၿပီးေတာ့ စီမံခ်က္္ ဆြဲထားပါတယ္။ တျခားၿမိဳ႕ေတြမွာလည္း ဖမ္းတာဆီးတာေတြ စေနၿပီဆိုေတာ့ ကၽြန္ေတာ္တို႔ အေနနဲ႔လည္း အျမန္ဆုံး လုပ္ေဆာင္သြားမွာပါ။"ဟု အမွတ္(၁၁၆)ယာဥ္ထိန္းရဲတပ္ဖြဲ ့စု (က်ိဳင္းတုံ)မွ
တပ္ဖြဲ ့စုမွဴး ဒုရဲမွဴးေအာင္လြင္က ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ လိုင္စင္မဲ့ယာဥ္မ်ား ဖမ္းဆီးေရးအတြက္ က်ိဳင္းတုံခရိုင္ယာဥ္စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီတြင္ ပါ၀င္သည့္ ဌာနဆိုင္ရာမ်ားႏွင့္ ပူးေပါင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္ေတြကို ဖမ္းဆီးသင့္တာကေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ ဖမ္းဆီး အေရး မယူခင္ေတာ့ ယာဥ္လိုင္စင္ေတြခ်ေပးရင္ ျပည္သူေတြအတြက္လည္း ပိုအဆင္ေျပေစပါတယ္။ လိုင္စင္ မခ်ေပးဘဲ သိမ္းတာေတြ၊ အေရးယူ ဒဏ္ရိုက္တာေတြနဲ႔ေတာ့ ျပည္သူေတြအတြက္ အဆင္ မေျပႏိုင္ပါဘူး"ဟု က်ဳိင္းတံုၿမိဳ႕ေန ကိုေနာင္က ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း နယ္စပ္ေဒသရွိ မိုင္းဆတ္ခရိုင္ ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္း လိုင္စင္မဲ့ ယာဥ္မ်ား ဖမ္းဆီးေရးကိစၥႏွင့္ ပတ္သက္၍ ဖမ္းဆီးမည့္ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း လတ္တေလာတြင္ ယင္းကိစၥႏွင့္ပတ္သက္၍ ညႊန္ၾကားခ်က္ မ၀င္လာေသးသည့္ အတြက္ ၂၀၁၅ ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ႏွင့္ ပတ္သက္၍ အသိပညာေပးမႈမ်ားကို ဆက္လက္ ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရသည္။

"တာခ်ီလိတ္အေနနဲ႔ကေတာ့ ေလာေလာဆယ္ ညႊန္ၾကားခ်က္ ၀င္ထားတာေတြ မရွိေသးပါဘူး။ ညႊန္ၾကားခ်က္၀င္လို႔ လိုင္စင္မဲ့ ယာဥ္ေတြကို ဖမ္းဆီးမယ္ဆိုရင္လည္း အရင္ဆံုး ေဒသခံေတြကို အသိေပးၿပီးမွ လုပ္မွာပါ။ ေလာေလာဆယ္ ကြ်န္ေတာ္တို႔ တပ္ဖြဲ႔အေနနဲ႔ ၂၀၁၅ ေမာ္ေတာ္ယာဥ္ ဥပေဒသစ္နဲ႔ ပတ္သက္ၿပီး အသိပညာေပးမႈေတြ လုပ္ေနပါတယ္"ဟု တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။

တစ္ႏိုင္ငံလံုးတြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအား ဖမ္းဆီးမည္ဟု လႊတ္ေတာ္တြင္ ေဆြးေႏြးၿပီး ေနာက္ပိုင္း အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ လိုင္စင္မဲ့ယာဥ္မ်ား ဖမ္းဆီးျခင္းႏွင့္ ပတ္သက္၍ ေကာလာဟလ အမ်ဳိးမ်ဳိး ထြက္ေပၚေနလွ်က္ရွိေၾကာင္း သိရသည္။

သတင္း။ ။ ဇြဲျမတ္
...............

တာချီလိတ်၊ ဇွန်လ(၂၉)
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဇူလိုင်လ(၁)ရက်နေ့မှ စတင်ပြီး လိုင်စင်မဲ့ မော်တော် ယာဉ်များအား စီမံချက်ဖြင့် ဖမ်းဆီးသွားမည် ဖြစ်သော်လည်း တာချီလိတ်မြို့တွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ညွှန်ကြားချက် မရှိသေးကြောင်း သိရသည်။

"ကျွန်တော်တို့ အနေနဲ့ ဇူလို်င်လ(၁)ရက်နေ့မှာ စပြီးလို်င်စင်မဲ့ မော်တော်ယာဉ်တွေကို ဖမ်းမယ်ဆိုပြီးတော့ စီမံချက် ဆွဲထားပါတယ်။ တခြားမြို့တွေမှာလည်း ဖမ်းတာဆီးတာတွေ စနပြေီဆိုတော့ ကျွန်တော်တို့ အနေနဲ့လည်း အမြန်ဆုံး လုပ်ဆောင်သွားမှာပါ။"ဟု အမှတ်(၁၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှ
တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောသည်။

ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရေးအတွက် ကျိုင်းတုံခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို ဖမ်းဆီးသင့်တာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဖမ်းဆီး အရေး မယူခင်တော့ ယာဉ်လိုင်စင်တွေချပေးရင် ပြည်သူတွေအတွက်လည်း ပိုအဆင်ပြေစေပါတယ်။ လိုင်စင် မချပေးဘဲ သိမ်းတာတွေ၊ အရေးယူ ဒဏ်ရိုက်တာတွေနဲ့တော့ ပြည်သူတွေအတွက် အဆင် မပြေနိုင်ပါဘူး"ဟု ကျိုင်းတုံမြို့နေ ကိုနောင်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း နယ်စပ်ဒေသရှိ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးရေးကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးမည့် သတင်းများ ထွက်ပေါ်နေသော်လည်း လတ်တလောတွင် ယင်းကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက် မဝင်လာသေးသည့် အတွက် ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်နှင့် ပတ်သက်၍ အသိပညာပေးမှုများကို ဆက်လက် ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။

"တာချီလိတ်အနေနဲ့ကတော့ လောလောဆယ် ညွှန်ကြားချက် ဝင်ထားတာတွေ မရှိသေးပါဘူး။ ညွှန်ကြားချက်ဝင်လို့ လိုင်စင်မဲ့ ယာဉ်တွေကို ဖမ်းဆီးမယ်ဆိုရင်လည်း အရင်ဆုံး ဒေသခံတွေကို အသိပေးပြီးမှ လုပ်မှာပါ။ လောလောဆယ် ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့ ၂၀၁၅ မော်တော်ယာဉ် ဥပဒေသစ်နဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ လုပ်နေပါတယ်"ဟု တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံးတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးမည်ဟု လွှတ်တော်တွင် ဆွေးနွေးပြီး နောက်ပိုင်း အချို့မြို့နယ်များတွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ထွက်ပေါ်နေလျှက်ရှိကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~