ရန္ကုန္ၿမိဳ႕ျပ စီမံကိန္းေရးဆြဲေရး က႑တြင္ ျပင္သစ္ - ျမန္မာပူးေပါင္းေဆာင္ရြက္ရန္ YHT ေမွ်ာ္လင့္

ရန္ကုန္ၿမိဳ႕ျပ စီမံကိန္းေရးဆြဲေရး က႑တြင္ ျပင္သစ္ - ျမန္မာပူးေပါင္းေဆာင္ရြက္ရန္ YHT ေမွ်ာ္လင့္
ဇွန် 19, 2016
By Tachileik News Agency

ရန္ကုန္၊ ဇြန္လ(၁၉)
ျမန္မာႏုိင္ငံသို႔ ေရာက္ရွိေနေသာ ျပင္သစ္သမၼတႏိုင္ငံ ႏိုင္ငံျခားေရးႏွင့္ ႏိုင္ငံတကာဖြံ႕ၿဖိဳးတုိးတက္ေရး ၀န္ႀကီး မစၥတာဂၽြန္မာ့ခ္ေအ႐ိုသည္ ယေန႔ ဇြန္လ (၁၉) ရက္ မနက္ပိုင္းက ဦးသန္႔ေနအိမ္ျပတိုက္၊ မူလအတြင္းဝန္ရံုးမ်ားကို သြားေရာက္ေလ့လာေၾကာင္း သိရသည္။

ဝန္ႀကီးသည္ ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ (YHT) ဥကၠ႒ ေဒါက္တာသန္႔ျမင့္ဦးႏွင့္ ဦးသန္႔ေနအိမ္ျပတုိက္တြင္ ေတြ႕ဆံုၿပီးေနာက္ မူလအတြင္း၀န္႐ံုးသို႔ သြားေရာက္ကာ ႐ံုး၀င္းအတြင္းရွိ ပါလီမန္အေဆာက္အအံုေဟာင္းကို အတူတကြ ေလ့လာၾကည့္႐ႈခဲ့ၾကေၾကာင္း သိရသည္။

ထို႔ေနာက္ ၀န္ႀကီးႏွင့္အဖြဲ႕သည္ ေဒါက္တာသန္႔ျမင့္ဦးႏွင့္အတူ အာေမးနီးယန္းဘုရားေက်ာင္းအား ေလ့လာၿပီး ပန္းဆိုးတန္းလမ္းေပၚရွိ YHT ႐ံုးသို႔ လမ္းေလွ်ာက္သြားကာ ရန္ကုန္ၿမိဳ႕လယ္ကို ေလ့လာၾကည့္႐ႈခဲ့ေၾကာင္း သိရသည္။

ဝန္ႀကီး၏ ရန္ကုန္ၿမိဳ႕ခရီးစဥ္အတြင္း ရန္ကုန္ၿမိဳ႕ ထိန္းသိမ္းေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားႏွင့္ ၿမိဳ႕ျပစီမံကိန္း ေရးဆြဲျခင္းဆုိင္ရာတို႔ကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ယင္းသို႔ ေတြ႕ဆံုမႈသည္ ၿမိဳ႕ျပစီမံကိန္းက႑တြင္ သာမက ရန္ကုန္၏ သူမတူ ထူးျခားေသာ ယဥ္ေက်းမႈ အေမြအႏွစ္မ်ားကို အနာဂတ္ ေခတ္မီတုိးတက္မႈ အစီအမံမ်ားႏွင့္အတူ ေပါင္းစပ္ႏိုင္မည့္ နည္းလမ္းမ်ားကို ရွာေဖြရာ၌ ျမန္မာ - ျပင္သစ္ ပူးေပါင္းေဆာင္ရြက္မႈ၏ နိဒါန္းအစ ျဖစ္လာမည္ဟု YHT က ေမွ်ာ္လင့္ပါသည္ဟု ေဒါက္တာသန္႔ျမင့္ဦးက ဆိုသည္။

၂၀၁၂ ခုႏွစ္တြင္ စတင္ထူေထာင္ခဲ့ေသာ ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔သည္ ၂၁ ရာစုအတြင္း ရန္ကုန္ၿမိဳ႕ကို အာ႐ွ၏ ေနခ်င့္စဖြယ္အေကာင္းဆံုး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ လာေစရန္ ရည္မွန္းေဆာင္႐ြက္ရာတြင္ အဆိုပါအေမြအႏွစ္မ်ားအား ထည့္သြင္းေပါင္းစည္းႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း  သိရသည္။

အဖြဲ႕အေနျဖင့္ ၿမိဳ႕အေမြအႏွစ္မ်ားအား ထိန္းသိမ္းေစာင့္ေရွာက္ရာတြင္ ကူညီျခင္း၊ စီမံခန္႔ခြဲေရးဆိုင္ရာ မူဝါဒမ်ား ခ်မွတ္ရာတြင္ အၾကံေပးျခင္းႏွင့္ သင္တန္းမ်ား၊ အမ်ားျပည္သူကို အသိပညာေပးျခင္းစသည္တို႔ကို ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ဓာတ္ပံု။  ။ Yangon Heritage Trust
...................

ရန်ကုန်၊ ဇွန်လ(၁၉)
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ပြင်သစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး မစ္စတာဂျွန်မာ့ခ်အေရိုသည် ယနေ့ ဇွန်လ (၁၉) ရက် မနက်ပိုင်းက ဦးသန့်နေအိမ်ပြတိုက်၊ မူလအတွင်းဝန်ရုံးများကို သွားရောက်လေ့လာကြောင်း သိရသည်။

ဝန်ကြီးသည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးနှင့် ဦးသန့်နေအိမ်ပြတိုက်တွင် တွေ့ဆုံပြီးနောက် မူလအတွင်းဝန်ရုံးသို့ သွားရောက်ကာ ရုံးဝင်းအတွင်းရှိ ပါလီမန်အဆောက်အအုံဟောင်းကို အတူတကွ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ဒေါက်တာသန့်မြင့်ဦးနှင့်အတူ အာမေးနီးယန်းဘုရားကျောင်းအား လေ့လာပြီး ပန်းဆိုးတန်းလမ်းပေါ်ရှိ YHT ရုံးသို့ လမ်းလျှောက်သွားကာ ရန်ကုန်မြို့လယ်ကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝန်ကြီး၏ ရန်ကုန်မြို့ခရီးစဉ်အတွင်း ရန်ကုန်မြို့ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများနှင့် မြို့ပြစီမံကိန်း ရေးဆွဲခြင်းဆိုင်ရာတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံမှုသည် မြို့ပြစီမံကိန်းကဏ္ဍတွင် သာမက ရန်ကုန်၏ သူမတူ ထူးခြားသော ယဉ်ကျေးမှု အမွေအနှစ်များကို အနာဂတ် ခေတ်မီတိုးတက်မှု အစီအမံများနှင့်အတူ ပေါင်းစပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရာ၌ မြန်မာ - ပြင်သစ် ပူးပေါင်းဆောင်ရွက်မှု၏ နိဒါန်းအစ ဖြစ်လာမည်ဟု YHT က မျှော်လင့်ပါသည်ဟု ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် ၂၁ ရာစုအတွင်း ရန်ကုန်မြို့ကို အာရှ၏ နေချင့်စဖွယ်အကောင်းဆုံး မြို့တစ်မြို့ဖြစ် လာစေရန် ရည်မှန်းဆောင်ရွက်ရာတွင် အဆိုပါအမွေအနှစ်များအား ထည့်သွင်းပေါင်းစည်းနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

အဖွဲ့အနဖြေင့် မြို့အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် အကြံပေးခြင်းနှင့် သင်တန်းများ၊ အများပြည်သူကို အသိပညာပေးခြင်းစသည်တို့ကို ဆောင်ရွက်နခြေင်းဖြစ်သည်။

ဓာတ်ပုံ။ Yangon Heritage Trust

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~