ထိုင္းႏုိင္ငံ မယ္ဆိုင္တြင္ က်ဳိင္းတံုမွ အမ်ဳိးသမီးငယ္တစ္ဦး မိသားစုႏွင့္ အဆက္သြယ္ျပတ္ေန

ထိုင္းႏုိင္ငံ မယ္ဆိုင္တြင္ က်ဳိင္းတံုမွ အမ်ဳိးသမီးငယ္တစ္ဦး မိသားစုႏွင့္ အဆက္သြယ္ျပတ္ေန
ဇွန် 6, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ (၆) ရက္
ျမန္မာ-ထိုင္းနယ္စပ္  ထိုင္းႏိုင္ငံ ၊ မယ္ဆိုင္ၿမိဳ႕တြင္ ဇြန္ လ(၃)ရက္ေန႔က ျမန္မာမိန္းကေလးတစ္ဦး မ်က္စိလည္ လမ္းမွားေန၍ ထိုင္းအမ်ိဳးသမီးတစ္ဦးက မယ္ဆိုင္ရဲတပ္ဖြဲ႔သို႔ ဆက္သြယ္အကူအညီ ေတာင္းခံေပးသျဖင့္ ထိုင္းရဲမ်ားမွ တစ္ဆင့္ TBC(ျမန္မာ)ႏွင့္ CNCMC ေကာ္မတီသို႔ အေၾကာင္းၾကားလာေၾကာင္း သိရသည္။

အသက္ (၁၃)ႏွစ္အရြယ္ အဆိုပါ အမ်ိဳးသမီးငယ္ကို အေဒၚျဖစ္သူက ဘန္ေကာက္တြင္ ထိုင္းစာသင္ၾကားႏိုင္ရန္ အတြက္ မယ္ဆိုင္မွ အသိမိတ္ေဆြ ထိုင္းအမ်ိဳးသမီးထံ အပ္ႏွံခဲ့ျခင္းျဖစ္ၿပီး အိမ္ရွင္ ထိုင္းအမ်ိဳးသမီးက ခရီးထြက္ေနသျဖင့္ အမ်ိဳးသမီးငယ္အား အိမ္တြင္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 “ေကာင္မေလးက အိမ္မွာ တစ္ေယာက္ထဲ (၁)လၾကာေနခဲ့တာတဲ့။ အိမ္ရွင္ မသြားခင္ကေတာ့ သူ႔ကို အျပင္မထြက္ဖို႔နဲ႔ ျခံတံခါးကို ေသခ်ာပိတ္ဖို႔ မွာခဲ့တယ္တဲ့။ ထမင္းဟင္းေတြလည္း သူကိုယ္တိုင္ ခ်က္စားတယ္လို႔ သိရပါတယ္။ အဲဒါနဲ႔သူက ကုန္တိုက္မွာ မုန္႔ထြက္၀ယ္ရင္း အျပန္လမ္းမသိေတာ့ဘဲ မ်က္ေစ့လည္ လမ္းမွားသြားတာပါ။ ဒါကို တာဝန္သိ ထိုင္းအမ်ိဳးသမီးတစ္ဦးက မယ္ဆိုင္ရဲတပ္ဖြဲ႔သို႔ ဆက္သြယ္ၿပီးေတာ့ ရဲစခန္းမွာ ေရာက္ေနတာနဲ႔ ကၽြန္ေတာ္တို႔ ေကာ္မတီအေနနဲ႔ သြားေရာက္ ေခၚေဆာင္ခဲ့တာပါ။” ဟု CNCMC လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ၀င္ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ယင္းအမ်ိဳးသမီးသည္ က်ိဳင္းတုံၿမိဳ႕က ျဖစ္သည္ဟု သိရသျဖင့္ တာခ်ီလိတ္/က်ိဳင္းတုံတြင္ရွိေသာ သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ားႏွင့္ ဆက္သြယ္၍ မိဘထံျပန္လည္ေရာက္ရွိေအာင္ ေဆာင္ရြက္သြားမည္ ျဖစ္ေသာ္လည္း လက္ရွိတြင္ သက္ဆိုင္ရာမ်ားဘက္မွ ခ်ိတ္ဆက္ေဆာင္ရြက္ထားမႈ အေျခအေနမ်ားကို မသိရွိရေသးေၾကာင္း ႏွင့္ လတ္တေလာတြင္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရိွ ျမန္မာတိုင္းရင္းသား ကေလးငယ္မ်ား မိဘမဲ့ေဂဟာတြင္ အဆိုပါ အမ်ဳိးသမီးငယ္ကို ေခတၱအပ္ႏွံထားေၾကာင္း သိရသည္။

အဆိုပါ မိန္းကေလးမွာ အသက္(၁၃)ႏွစ္ရွိၿပီျဖစ္ၿပီး က်ဳိင္းတံုၿမိဳ႕နယ္၊ လြိဳင္ေမြေတာင္ေပၚေဒသမွ အာခါတိုင္းရင္းသူ တစ္ဦးျဖစ္ေၾကာင္းႏွင့္ အဖအမည္မွာ ဦးေမာ္ဂ်ား ႏွင့္ မိခင္အမည္မွာ ေဒၚမီဘိုျဖစ္ၿပီး မိန္းကေလးငယ္၏ အမည္မွာ မမိသုျဖစ္ေၾကာင္း သိရွိရသည္။

၎၏ မိသားစုမ်ားအေနျဖင့္ ေအာက္ေဖာ္ျပပါ ဆက္သြယ္ရန္ ဖုန္းနံပါတ္သို႔ ဆက္သြယ္အကူ အညီေတာင္းခံႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

ဦးထြန္း(မယ္ဆိုင္)
CNCMC ( မယ္ဆိုင္တာ၀န္ခံ )
ျမန္မာဖုန္း။  ။ 09262721544 ၊
ထိုင္းဖုန္း။  ။ 0896376367

သတင္း။  ။ ေဇာင္းညီ

.......................

တာချီလိတ်၊ ဇွန်လ (၆) ရက်
မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ဇွန် လ(၃)ရက်နေ့က မြန်မာမိန်းကလေးတစ်ဦး မျက်စိလည် လမ်းမှားနေ၍ ထိုင်းအမျိုးသမီးတစ်ဦးက မယ်ဆိုင်ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကူအညီ တောင်းခံပေးသဖြင့် ထိုင်းရဲများမှ တစ်ဆင့် TBC(မြန်မာ)နှင့် CNCMC ကော်မတီသို့ အကြောင်းကြားလာကြောင်း သိရသည်။

အသက် (၁၃)နှစ်အရွယ် အဆိုပါ အမျိုးသမီးငယ်ကို အဒေါ်ဖြစ်သူက ဘန်ကောက်တွင် ထိုင်းစာသင်ကြားနိုင်ရန် အတွက် မယ်ဆိုင်မှ အသိမိတ်ဆွေ ထိုင်းအမျိုးသမီးထံ အပ်နှံခဲ့ခြင်းဖြစ်ပြီး အိမ်ရှင် ထိုင်းအမျိုးသမီးက ခရီးထွက်နေသဖြင့် အမျိုးသမီးငယ်အား အိမ်တွင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ကောင်မလေးက အိမ်မှာ တစ်ယောက်ထဲ (၁)လကြာနေခဲ့တာတဲ့။ အိမ်ရှင် မသွားခင်ကတော့ သူ့ကို အပြင်မထွက်ဖို့နဲ့ ခြံတံခါးကို သေချာပိတ်ဖို့ မှာခဲ့တယ်တဲ့။ ထမင်းဟင်းတွေလည်း သူကိုယ်တိုင် ချက်စားတယ်လို့ သိရပါတယ်။ အဲဒါနဲ့သူက ကုန်တိုက်မှာ မုန့်ထွက်ဝယ်ရင်း အပြန်လမ်းမသိတော့ဘဲ မျက်စေ့လည် လမ်းမှားသွားတာပါ။ ဒါကို တာဝန်သိ ထိုင်းအမျိုးသမီးတစ်ဦးက မယ်ဆိုင်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ပြီးတော့ ရဲစခန်းမှာ ရောက်နေတာနဲ့ ကျွန်တော်တို့ ကော်မတီအနေနဲ့ သွားရောက် ခေါ်ဆောင်ခဲ့တာပါ။” ဟု CNCMC လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင် ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ယင်းအမျိုးသမီးသည် ကျိုင်းတုံမြို့က ဖြစ်သည်ဟု သိရသဖြင့် တာချီလိတ်/ကျိုင်းတုံတွင်ရှိသော သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ဆက်သွယ်၍ မိဘထံပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း လက်ရှိတွင် သက်ဆိုင်ရာများဘက်မှ ချိတ်ဆက်ဆောင်ရွက်ထားမှု အခြေအနေများကို မသိရှိရသေးကြောင်း နှင့် လတ်တလောတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာတိုင်းရင်းသား ကလေးငယ်များ မိဘမဲ့ဂေဟာတွင် အဆိုပါ အမျိုးသမီးငယ်ကို ခေတ္တအပ်နှံထားကြောင်း သိရသည်။

အဆိုပါ မိန်းကလေးမှာ အသက်(၁၆)နှစ်ရှိပြီဖြစ်ပြီး ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်ပေါ်ဒေသမှ အာခါတိုင်းရင်းသူ တစ်ဦးဖြစ်ကြောင်းနှင့် အဖအမည်မှာ ဦးမော်ဂျား နှင့် မိခင်အမည်မှာ ဒေါ်မီဘိုဖြစ်ပြီး မိန်းကလေးငယ်၏ အမည်မှာ မမိသုဖြစ်ကြောင်း သိရှိရသည်။

၎င်း၏ မိသားစုများအနဖြေင့် အောက်ဖော်ပြပါ ဆက်သွယ်ရန် ဖုန်းနံပါတ်သို့ ဆက်သွယ်အကူ အညီတောင်းခံနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဦးထွန်း(မယ်ဆိုင်)
CNCMC ( မယ်ဆိုင်တာဝန်ခံ )
မြန်မာဖုန်း။ 09262721544၊
ထိုင်းဖုန်း။ 0896376367

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~