ျမန္မာ့ရက္ကန္းထည္မ်ား ႏိုင္ငံျခားေစ်းကြက္ ထိုးေဖာက္ရန္ နည္းပညာ အခက္ခဲရွိေန

ျမန္မာ့ရက္ကန္းထည္မ်ား ႏိုင္ငံျခားေစ်းကြက္ ထိုးေဖာက္ရန္ နည္းပညာ အခက္ခဲရွိေန
ဇွန် 24, 2016
By Tachileik News Agency

မႏၱေလး၊ ဇြန္လ (၂၄) ရက္
ႏိုင္ငံတကာမွ ခရီးသြားမ်ား ျမန္မာ့ရိုးရာ ရက္ကန္းလုပ္ငန္းအား လာေရာက္ေလ့လာမႈ မ်ားျပားလာေသာ္လည္း ႏိုင္ငံတကာေစ်းကြက္သို႔ ျမန္မာရက္ကန္းထည္မ်ားကိုေစ်းကြက္ထိုးေဖာက္ရန္မွာ နည္းပညာအခက္အခဲမ်ားရွိေၾကာင္း အမရပူရမွ ရက္ကန္းလုပ္ငန္းရွင္မ်ားက ဆိုသည္။

“အမရပူရကို ႏိုင္ငံျခားဧည့္သည္ေတြ လာေရာက္ေလ့လာၾကတယ္။ ျမန္မာ့လက္ရာ ရက္ကန္းထည္ေလး ေတြကို စိတ္၀င္စားမႈလည္း မ်ားတယ္။ လက္ေဆာင္၀ယ္ၾကတဲ့သူေတြလည္း ရွိတယ္။ ဒါေပမဲ့ ခရီးသြားအရမ္းမ်ားတဲ့ ရာသီဆိုရင္ ၀ယ္ခ်င္တဲ့သူဘက္က လိုသေလာက္ကို အခ်ိန္မွီ မလုပ္ေပးႏိုင္ဘူး။ ေနာက္ၿပီးေတာ့ ျပည္တြင္းမွာကုန္ၾကမ္းလည္း အလံုအေလာက္မရွိဘူးျဖစ္ေနတယ္။”ဟု အမရပူရမွ ရက္ကန္းလုပ္ငန္းရွင္ မမိုးမိုးက ဆိုသည္။

ျမန္မာရက္ကန္းထည္မ်ားမွာ ေခတ္မီေသာရက္ကန္းစင္မ်ား နည္းပါးျခင္း၊ ကုန္ၾကမ္းရွားပါးျခင္း၊ ကုန္ပစၥည္းမ်ားအား အရည္အေသြးစစ္ေဆး အသိအမွတ္ျပဳအဖြဲ႕မ်ားလိုအပ္ျခင္းမ်ားေၾကာင့္ ႏုိင္ငံတကာေစ်းကြက္ ထိုးေဖာက္္ရန္ခက္ခဲေၾကာင္း သိရသည္။

“ႏိုင္ငံျခားဧည့္သည္ေတြက ရက္ကန္းထည္ေတြရဲ႕ ဒီဇိုင္း၊ အေရာင္အေသြးလွပျခင္းနဲ႕ လက္ရာ ေသသပ္တာေလးကို အရမ္းသေဘာက်တယ္။ လက္ရာပိုင္းကေတာ့ ေျပာစရာမရွိပါဘူး။ ဒါေပမဲ့ လက္ရွိသံုးေနရတဲ့ ရက္ကန္းစင္ေတြနဲ႕က်ေတာ့ အခ်ိန္အရမ္းၾကာတယ္။ အထည္ေတြ ျမန္ျမန္ၿပီးခ်င္တယ္ ဆိုရင္ေတာ့ ေခတ္မီတဲ့နည္းပညာကိုသံုးဖို႕ လိုအပ္ပါတယ္။ ကၽြန္မတို႕ရဲ႕ ရိုးရာထည္ကို ျပည္ပကို ထိုးေဖာက္မယ္ဆိုရင္ေတာ့ ရွယ္ယာရွင္လည္း လိုအပ္ပါတယ္။” ဟု ရိုးရာထည္လက္လီလက္ကား ေရာင္းခ်သူ မယဥ္လွက ဆိုသည္။

လက္ရွိရက္ကန္းခတ္ရာတြင္ အထည္အမ်ိဳးအစားအလိုက္ (၇)ရက္မွ ပိုးထည္တစ္ကြင္းလွ်င္ ရက္ (၃၀) အထိ ၾကာျမင့္ၿပီး မႏၱေလးတိုင္းေဒသႀကီး အမရပူရမွထြက္ေသာ ရက္ကန္း ထည္မ်ားအား ျမန္မာႏိုင္ငံ အနွံ႔အျပားသို႕ တင္ပို႔လွ်က္ရွိေၾကာင္း သိရသည္။

ႏိုင္ငံတကာေစ်းကြက္သို႔ ရုိးရာအထည္မ်ား တင္ပို႔ႏိုင္ရန္ ရက္ကန္းေက်ာင္းမ်ားတြင္ လက္ရွိအသံုးျပဳလွ်က္ ရွိသည့္ စက္ရက္ကန္းစင္မ်ားအျပင္ ေခတ္မီစက္ရက္ကန္းစင္မ်ား၊ ခ်ည္မွ်င္ႏွင့္အထည္အလိပ္ဆိုင္ရာ စမ္းသပ္သည့္ စက္ကိရိယာမ်ားကို ထပ္မံ တပ္ဆင္ရန္လိုအပ္လွ်က္ရွိၿပီး အစိုးရ၏ ကူညီမႈလည္း လိုအပ္သည္ဟု ရက္ကန္းလုပ္ငန္းရွင္မ်ားကဆိုသည္။

သတင္း။  ။ ေရႊေဇာ္

.................

မန္တလေး၊ ဇွန်လ (၂၄) ရက်
နိုင်ငံတကာမှ ခရီးသွားများ မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းအား လာရောက်လေ့လာမှု များပြားလာသော်လည်း နိုင်ငံတကာဈေးကွက်သို့ မြန်မာရက်ကန်းထည်များကိုဈေးကွက်ထိုးဖောက်ရန်မှာ နည်းပညာအခက်အခဲများရှိကြောင်း အမရပူရမှ ရက်ကန်းလုပ်ငန်းရှင်များက ဆိုသည်။

“အမရပူရကို နိုင်ငံခြားဧည့်သည်တွေ လာရောက်လေ့လာကြတယ်။ မြန်မာ့လက်ရာ ရက်ကန်းထည်လေး တွေကို စိတ်ဝင်စားမှုလည်း များတယ်။ လက်ဆောင်ဝယ်ကြတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ ခရီးသွားအရမ်းများတဲ့ ရာသီဆိုရင် ဝယ်ချင်တဲ့သူဘက်က လိုသလောက်ကို အချိန်မှီ မလုပ်ပေးနိုင်ဘူး။ နောက်ပြီးတော့ ပြည်တွင်းမှာကုန်ကြမ်းလည်း အလုံအလောက်မရှိဘူးဖြစ်နေတယ်။”ဟု အမရပူရမှ ရက်ကန်းလုပ်ငန်းရှင် မမိုးမိုးက ဆိုသည်။

မြန်မာရက်ကန်းထည်များမှာ ခေတ်မီသောရက်ကန်းစင်များ နည်းပါးခြင်း၊ ကုန်ကြမ်းရှားပါးခြင်း၊ ကုန်ပစ္စည်းများအား အရည်အသွေးစစ်ဆေး အသိအမှတ်ပြုအဖွဲ့များလိုအပ်ခြင်းများကြောင့် နိုင်ငံတကာဈေးကွက် ထိုးဖောက်ရန်ခက်ခဲကြောင်း သိရသည်။

“နိုင်ငံခြားဧည့်သည်တွေက ရက်ကန်းထည်တွေရဲ့ ဒီဇိုင်း၊ အရောင်အသွေးလှပခြင်းနဲ့ လက်ရာ သေသပ်တာလေးကို အရမ်းသဘောကျတယ်။ လက်ရာပိုင်းကတော့ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ လက်ရှိသုံးနေရတဲ့ ရက်ကန်းစင်တွေနဲ့ကျတော့ အချိန်အရမ်းကြာတယ်။ အထည်တွေ မြန်မြန်ပြီးချင်တယ် ဆိုရင်တော့ ခေတ်မီတဲ့နည်းပညာကိုသုံးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ ရိုးရာထည်ကို ပြည်ပကို ထိုးဖောက်မယ်ဆိုရင်တော့ ရှယ်ယာရှင်လည်း လိုအပ်ပါတယ်။” ဟု ရိုးရာထည်လက်လီလက်ကား ရောင်းချသူ မယဉ်လှက ဆိုသည်။

လက်ရှိရက်ကန်းခတ်ရာတွင် အထည်အမျိုးအစားအလိုက် (၇)ရက်မှ ပိုးထည်တစ်ကွင်းလျှင် ရက် (၃၀) အထိ ကြာမြင့်ပြီး မန္တလေးတိုင်းဒေသကြီး အမရပူရမှထွက်သော ရက်ကန်း ထည်များအား မြန်မာနိုင်ငံ အနှံ့အပြားသို့ တင်ပို့လျှက်ရှိကြောင်း သိရသည်။

နိုင်ငံတကာဈေးကွက်သို့ ရိုးရာအထည်များ တင်ပို့နိုင်ရန် ရက်ကန်းကျောင်းများတွင် လက်ရှိအသုံးပြုလျှက် ရှိသည့် စက်ရက်ကန်းစင်များအပြင် ခေတ်မီစက်ရက်ကန်းစင်များ၊ ချည်မျှင်နှင့်အထည်အလိပ်ဆိုင်ရာ စမ်းသပ်သည့် စက်ကိရိယာများကို ထပ်မံ တပ်ဆင်ရန်လိုအပ်လျှက်ရှိပြီး အစိုးရ၏ ကူညီမှုလည်း လိုအပ်သည်ဟု ရက်ကန်းလုပ်ငန်းရှင်များကဆိုသည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~