ေျမကြက္မ်ားအား ဒီဂ်စ္တယ္ ေျမတိုင္းစနစ္ျဖင့္ ၀မ္းတြင္းၿမိဳ႕၌ စတင္တိုင္းတာ

ေျမကြက္မ်ားအား ဒီဂ်စ္တယ္ ေျမတိုင္းစနစ္ျဖင့္ ၀မ္းတြင္းၿမိဳ႕၌ စတင္တိုင္းတာ
ဇွန် 16, 2016
By Tachileik News Agency

မႏၱေလး၊ ဇြန္လ (၁၆) ရက္
မႏၱေလးတိုင္းေဒသၾကီး ၊ ၀မ္းတြင္းၿမိဳ႕နယ္ တြင္ ဒီဂ်စ္တယ္ေျမတိုင္းစနစ္ျဖင့္ ေျမတိုင္းတာမႈကို စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း လယ္ယာေျမ စီမံခန္႔ခြဲေရးႏွင့္စာရင္းအင္းဦးစီးဌာနမွ သိရသည္။

“စီမံကိန္းနဲ႔သြားတာဆိုေတာ့ ပထမဦးဆံုးအေနနဲ႔ ၀မ္းတြင္းၿမိဳ႕နယ္ တစ္ၿမိဳ႕နယ္လံုးက အကြက္ (၅၉၈) ကြက္ကို တိုင္းၿပီးသြားၿပီ။  လက္ရွိကေတာ့ ကြန္ပ်ဴတာနဲ႔ တိုင္းၿပီးတာေတြကို ေျမပံုေရးဆြဲဖို႔လုပ္ေနတယ္။ အရင္ ကြန္တိုစနစ္နဲ႔တိုင္းတုန္းက ေတာင္ကုန္းေတြ၊ ေတာင္ေစာင္းေတြကို အတည့္အတိုင္းပဲ တိုင္းခဲ့ေတာ့ လြဲတာေတြ႐ွိတယ္။”ဟု မႏၱေလးတိုင္း လယ္ယာ ေျမစီမံခန္႔ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာနမွဦးစီးအရာရွိ ဦးေဇာ္မင္းေအာင္က ေျပာသည္။

ဒစ္ဂ်စ္တယ္ေျမတိုင္းစနစ္မွာ ေျမယာအျငင္းပြားမႈျပႆနာမ်ားေျဖရွင္းရန္ အေကာင္းဆံုး နည္းစနစ္ျဖစ္ေၾကာင္း ၎က ဆိုသည္။

 

“ေျမတိုင္းတဲ့ေနရာမွာ အခက္အခဲေတြအမ်ားႀကီးရွိတယ္။ ေျမကမတိုင္းတာ ၾကာေတာ့ အဆင့္ဆင့္ေရာင္းခ် သြားတာေတြ၊ အကြက္ေတြအမ်ားၾကီး ျဖစ္သြားတာေတြရွိတယ္။ တခ်ိဳ႕လည္း အမည္ေပါက္ေတြက ဘယ္သူမွန္းမသိဘူး။ အမည္ေပါက္ေတြလည္းလာမလုပ္ၾကေတာ့ ရွင္းရခက္တာေတြ အမ်ားၾကီးရွိတယ္။ အရင္ကက်ေတာ့ ေျမတိုင္းတဲ့ေနရာမွာ  ေငြေၾကးအခက္အခဲေလးေတြရွိေတာ့ ကြင္းမဆင္းနိုင္ခဲ့ဘူး။ ေျမျပင္ ဆိုတာကလည္း  လူ၊ ရာသီဥတု၊ စိုက္ပ်ိဳးသီးႏွံေတြေၾကာင့္လည္း ေျပာင္းလဲမႈေတြ ရွိႏိုင္တယ္။” ဟု ဦးေဇာ္မင္းေအာင္က ဆိုသည္။

ေျမယာတိုင္းတာျခင္းအား အခ်ိန္ၾကာျမင့္စြာ မလုပ္ေဆာင္ႏိုင္ခဲ့သျဖင့္ ၾကာျမင့္ခဲ့ၿပီးေသာ ေျမတိုင္းစာရင္း မ်ားမွာလည္း ေျမျပင္ႏွင့္ေျမပံု လြဲေခ်ာ္မႈမ်ားရိွေနသည္ဟု သိရပါတယ္။

ဒစ္ဂ်စ္တယ္စနစ္ျဖင့္ ေျမတိုင္းျခင္းလုပ္ငန္းႏွင့္ အခ်က္အလက္ သိမ္းဆည္းျခင္းအား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

သတင္း။  ။ ေရႊေဇာ္

.....................

မန္တလေး၊ ဇွန်လ (၁၆) ရက်
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် တွင် ဒီဂျစ်တယ်မြေတိုင်းစနစ်ဖြင့် မြေတိုင်းတာမှုကို စတင်လုပ်ဆောင်နပြေီဖြစ်ကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

“စီမံကိန်းနဲ့သွားတာဆိုတော့ ပထမဦးဆုံးအနေနဲ့ ဝမ်းတွင်းမြို့နယ် တစ်မြို့နယ်လုံးက အကွက် (၅၉၈) ကွက်ကို တိုင်းပြီးသွားပြီ။ လက်ရှိကတော့ ကွန်ပျူတာနဲ့ တိုင်းပြီးတာတွေကို မြေပုံရေးဆွဲဖို့လုပ်နေတယ်။ အရင် ကွန်တိုစနစ်နဲ့တိုင်းတုန်းက တောင်ကုန်းတွေ၊ တောင်စောင်းတွေကို အတည့်အတိုင်းပဲ တိုင်းခဲ့တော့ လွဲတာတွေရှိတယ်။”ဟု မန္တလေးတိုင်း လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဦးစီးအရာရှိ ဦးဇော်မင်းအောင်က ပြောသည်။

ဒစ်ဂျစ်တယ်မြေတိုင်းစနစ်မှာ မြေယာအငြင်းပွားမှုပြဿနာများဖြေရှင်းရန် အကောင်းဆုံး နည်းစနစ်ဖြစ်ကြောင်း၎င်းက ဆိုသည်။

“မြေတိုင်းတဲ့နေရာမှာ အခက်အခဲတွေအများကြီးရှိတယ်။ မြေကမတိုင်းတာ ကြာတော့ အဆင့်ဆင့်ရောင်းချ သွားတာတွေ၊ အကွက်တွေအများကြီး ဖြစ်သွားတာတွေရှိတယ်။ တချို့လည်း အမည်ပေါက်တွေက ဘယ်သူမှန်းမသိဘူး။ အမည်ပေါက်တွေလည်းလာမလုပ်ကြတော့ ရှင်းရခက်တာတွေ အများကြီးရှိတယ်။ အရင်ကကျတော့ မြေတိုင်းတဲ့နေရာမှာ ငွေကြေးအခက်အခဲလေးတွေရှိတော့ ကွင်းမဆင်းနိုင်ခဲ့ဘူး။ မြပြေင် ဆိုတာကလည်း လူ၊ ရာသီဥတု၊ စိုက်ပျိုးသီးနှံတွေကြောင့်လည်း ပြောင်းလဲမှုတွေ ရှိနိုင်တယ်။” ဟု ဦးဇော်မင်းအောင်က ဆိုသည်။

မြေယာတိုင်းတာခြင်းအား အချိန်ကြာမြင့်စွာ မလုပ်ဆောင်နိုင်ခဲ့သဖြင့် ကြာမြင့်ခဲ့ပြီးသော မြေတိုင်းစာရင်း များမှာလည်း မြပြေင်နှင့်မြေပုံ လွဲချော်မှုများရှိနေသည်ဟု သိရပါတယ်။

ဒစ်ဂျစ်တယ်စနစ်ဖြင့် မြေတိုင်းခြင်းလုပ်ငန်းနှင့် အချက်အလက် သိမ်းဆည်းခြင်းအား လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~