ကင္းတားဆည္ေရေသာက္လယ္အခ်ိဳ႕ ေရမလံုေလာက္၍ ေႏြစပါးခင္းမ်ား ပ်က္စီး

ကင္းတားဆည္ေရေသာက္လယ္အခ်ိဳ႕ ေရမလံုေလာက္၍ ေႏြစပါးခင္းမ်ား ပ်က္စီး
ဇွန် 29, 2016
By Tachileik News Agency

ဝမ္းတြင္း၊ ဇြန္လ (၂၉) ရက္
မႏၱေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္အတြင္း ကင္းတားဆည္ေရေသာက္လယ္မ်ား ယခုႏွစ္ေႏြစပါးအတြက္ ဆည္ေရအလံုအေလာက္မရျခင္းေၾကာင့္ စပါးခင္းအခ်ိဳ႕ ပ်က္စီးမႈမ်ားရိွေၾကာင္း သိရသည္။

ဆည္ေရမွာ ဇြန္လ (၄) ရက္ေန႔ ေနာက္ပုိင္းတြင္ ျပတ္လပ္သြားၿပီး ဇြန္လ (၂၂) ရက္တြင္ ျပန္လည္ရရိွ ေသာ္လည္း ဆည္ေျမာင္းလက္တံမ်ားအထိ ေရမေရာက္သျဖင့္ စပါးခင္းအခ်ိဳ႕ ပ်က္စီးရျခင္းျဖစ္ေၾကာင္း ေဒသခံေတာင္သူမ်ားထံမွ သိရသည္။

“စပါးပ်ိဳးေထာင္ခ်ိန္မွာ ေရရွိေပမဲ့လည္း အပင္ေပါက္ ႀကီးထြားခ်ိန္မွာ ဆည္အတြင္းေရနည္းေနလို႕ ဖူလုံေအာင္ေရ မေပးနိုင္ခ့ဲပါဘူး။ ေရမ႐ရင္ စပါးခင္းေတြ ပ်က္စီးနိုင္တာေၾကာင့္ တိုင္းေဒသႀကီး လႊတ္ေတာ္အမတ္ဆီကို ေတာင္သူေတြက အကူညီေတာင္းခံခဲ့ပါတယ္။ ဒါေပမဲ့ ဆည္ေရဖူလံုေအာင္မရခဲ့လို႔ စပါးခင္းတခ်ိဳ႕ ပ်က္စီးသြားပါတယ္”ဟု ဒိုင္ေကာင္းကုန္းေက်းရြာမွ ေႏြစပါးစိုက္ေတာင္သူ ဦးေဌးေအာင္က ဆိုသည္။

ယခုႏွစ္အတြင္း အယ္နီညိုရာသီဥတုေၾကာင့္ ႏုိ္င္ငံတစ္ဝန္းေရရွားပါးမႈျပႆနာမ်ားႏွင့္ ႀကံဳေတြ႕ခဲ့ရျခင္းျဖစ္ၿပီး ဆည္ေျမာင္းတြင္လည္း ေရနည္းသျဖင့္ ရက္တိုသီးႏွံမ်ားကိုသာစိုက္ပ်ိဳးရန္ ဆည္ေျမာင္းဦးစီးဌာနအေနျဖင့္ ေတာင္သူမ်ားအား အသိေပးထားေၾကာင္း သိရသည္။

“ ဒီနွစ္အယ္နီညိဳရာသီျဖစ္ေနတာေၾကာင့္ ဆည္ထဲမွာေရနည္းေနလုိ႔ ရက္တိုသီးနွံသာ စုိက္ပ်ိဳးပါ။ စပါးမစုိက္ပါနဲ႕လုိ႔ ေတာင္သူေတြကုိ ေျပာျပျပီးျဖစ္တယ္” ဟု ဆည္ေျမာင္းတာဝန္ရိွသူတစ္ဦးက ဆိုသည္။

ဝမ္းတြင္းၿမိဳ႕နယ္အတြင္း ကင္းတားေျမာင္းမႀကီးမွ ခြဲထြက္ေရေဝလက္တံ (၂၀)ခန္႕ရွိၿပီး အဆိုပါေဒသမွ လယ္ေျမမ်ားတြင္ ရက္တိုသီးႏွံ စိုက္ပ်ိဳးရန္အဆင္မေျပသျဖင့္ ေႏြစပါးစိုက္ပ်ိဳးခဲဲ့ၾကျခင္းျဖစ္ေၾကာင္း အဆိုပါေဒသမွ ေတာင္သူမ်ားထံမွ သိရသည္။

သတင္း။  ။ ကိုလင္း(၀မ္းတြင္း)
.............

ဝမ်းတွင်း၊ ဇွန်လ (၂၉) ရက်
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း ကင်းတားဆည်ရေသောက်လယ်များ ယခုနှစ်နွေစပါးအတွက် ဆည်ရေအလုံအလောက်မရခြင်းကြောင့် စပါးခင်းအချို့ ပျက်စီးမှုများရှိကြောင်း သိရသည်။

ဆည်ရေမှာ ဇွန်လ (၄) ရက်နေ့ နောက်ပိုင်းတွင် ပြတ်လပ်သွားပြီး ဇွန်လ (၂၂) ရက်တွင် ပြန်လည်ရရှိ သော်လည်း ဆည်မြောင်းလက်တံများအထိ ရေမရောက်သဖြင့် စပါးခင်းအချို့ ပျက်စီးရခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“စပါးပျိုးထောင်ချိန်မှာ ရေရှိပေမဲ့လည်း အပင်ပေါက် ကြီးထွားချိန်မှာ ဆည်အတွင်းရေနည်းနေလို့ ဖူလုံအောင်ရေ မပေးနိုင်ခဲ့ပါဘူး။ ရေမရရင် စပါးခင်းတွေ ပျက်စီးနိုင်တာကြောင့် တိုင်းဒေသကြီး လွှတ်တော်အမတ်ဆီကို တောင်သူတွေက အကူညီတောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ ဆည်ရေဖူလုံအောင်မရခဲ့လို့ စပါးခင်းတချို့ ပျက်စီးသွားပါတယ်”ဟု ဒိုင်ကောင်းကုန်းကျေးရွာမှ နွေစပါးစိုက်တောင်သူ ဦးဌေးအောင်က ဆိုသည်။

ယခုနှစ်အတွင်း အယ်နီညိုရာသီဥတုကြောင့် နို်င်ငံတစ်ဝန်းရေရှားပါးမှုပြဿနာများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ဆည်မြောင်းတွင်လည်း ရေနည်းသဖြင့် ရက်တိုသီးနှံများကိုသာစိုက်ပျိုးရန် ဆည်မြောင်းဦးစီးဌာနအနဖြေင့် တောင်သူများအား အသိပေးထားကြောင်း သိရသည်။

“ ဒီနှစ်အယ်နီညိုရာသီဖြစ်နေတာကြောင့် ဆည်ထဲမှာရေနည်းနေလို့ ရက်တိုသီးနှံသာ စိုက်ပျိုးပါ။ စပါးမစိုက်ပါနဲ့လို့ တောင်သူတွေကို ပြောပြပြီးဖြစ်တယ်” ဟု ဆည်မြောင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ကင်းတားမြောင်းမကြီးမှ ခွဲထွက်ရေဝေလက်တံ (၂၀)ခန့်ရှိပြီး အဆိုပါဒေသမှ လယ်မြေများတွင် ရက်တိုသီးနှံ စိုက်ပျိုးရန်အဆင်မပြေသဖြင့် နွေစပါးစိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါဒေသမှ တောင်သူများထံမှ သိရသည်။

သတင်း။ ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~