( ရုပ္သံ ) ၀မ္းတြင္းဆည္ အတြင္း အမ်ဳိးသားတစ္ဦး ေသဆံုး

( ရုပ္သံ ) ၀မ္းတြင္းဆည္ အတြင္း အမ်ဳိးသားတစ္ဦး ေသဆံုး
ဇွန် 1, 2016
By Tachileik News Agency

( ရုပ္သံ )
၀မ္းတြင္း၊ ဇြန္လ(၁)
မႏၱေလးတိုင္း၊ ၀မ္းတြင္းၿမိဳ႕မွာရွိတဲ့ ၀မ္းတြင္းဆည္မွာ ဇြန္လ(၁)ရက္ေန႔ ေန႔လည္ပိုင္းက လူတစ္ဦးေရဆင္းကူးရာကေန ဆည္ေရထြက္ေပါက္မွာ ညႇပ္မိၿပီး ေသဆံုးမႈတစ္ခုျဖစ္ပြားခဲ့ပါတယ္။

၀မ္တြင္းၿမိဳ႕မွာ ေမလ(၃၁)ရက္ေန႔ ညပိုင္းမွာ မိုးသည္းထန္စြာရြာသြန္းၿပီး ဆည္ေရတက္ခ်ိန္ျဖစ္တဲ့အတြက္ ေသဆံုးသူဟာ ယေန႔ ဇြန္လ(၁)ရက္ေန႔ ေရဆင္းကူးရာကေန မေတာ္တဆေသဆံုးမႈျဖစ္ခဲ့တာလို႔ သိရပါတယ္။

ေသဆံုးသူဟာ အသက္(၃၇)ႏွစ္ရွိၿပီး ၀မ္းတြင္းၿမိဳ႕ တံတားဦးရပ္မွာ ေနထိုင္သူလို႔ သိရၿပီး၊ အဆိုပါ ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး ၀မ္းတြင္းၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၁/၂၀၁၆ျဖင့္ အမႈဖြင့္လွစ္ထားရွိတယ္လို႔ သိရပါတယ္။

................

ဝမ်းတွင်း၊ ဇွန်လ(၁)
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှာရှိတဲ့ ဝမ်းတွင်းဆည်မှာ ဇွန်လ(၁)ရက်နေ့ နေ့လည်ပိုင်းက လူတစ်ဦးရေဆင်းကူးရာကနေ ဆည်ရေထွက်ပေါက်မှာ ညှပ်မိပြီး သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဝမ်တွင်းမြို့မှာ မေလ(၃၁)ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ဆည်ရေတက်ချိန်ဖြစ်တဲ့အတွက် သေဆုံးသူဟာ ယနေ့ ဇွန်လ(၁)ရက်နေ့ ရေဆင်းကူးရာကနေ မတော်တဆသေဆုံးမှုဖြစ်ခဲ့တာလို့ သိရပါတယ်။

သေဆုံးသူဟာ အသက်(၃၇)နှစ်ရှိပြီး ဝမ်းတွင်းမြို့ တံတားဦးရပ်မှာ နေထိုင်သူလို့ သိရပြီး၊ အဆိုပါ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၆ဖြင့် အမှုဖွင့်လှစ်ထားရှိတယ်လို့ သိရပါတယ်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~