ထိုင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေရး ကူညီရန္ ျမန္မာသံရံုးကို ေဒၚေအာင္ဆန္းစုၾကည္ ညႊန္ၾကား

ထိုင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ားအေရး ကူညီရန္ ျမန္မာသံရံုးကို ေဒၚေအာင္ဆန္းစုၾကည္ ညႊန္ၾကား
ဇွန် 28, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၈)ရက္
ထုိင္းႏိုင္ငံေရာက္ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမားမ်ား အခက္အခဲ ႀကံဳေတြ႔ပါက ျမန္မာသံရံုးသို႔ တိုက္ရိုက္လာေရာက္ အကူအညီေတာင္းခံရန္ႏွင့္ ျမန္မာသံရံုးကလည္း ကူညီေစာင့္ေရွာက္ရန္ ထိုင္းႏုိင္ငံသို႔ ေရာက္ရိွစဥ္က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ညႊန္ၾကားခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ႏုိင္ငံျခားေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္  ဇြန္လ(၂၅)ရက္ေန႔ ေန႔လည္(၂)နာရီက ထုိင္းႏိုင္ငံေရာက္ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ားအေရး ကူညီေဆာင္ရြက္ေနေသာ အဖြဲ႕အစည္းမ်ား ႏွင့္ ထုိင္းႏိုင္ငံဆိုင္ရာ ျမန္မာသံရံုးတြင္ ေတြ႕ဆံုကာ ျမန္မာအလုပ္သမားမ်ား ၾကံဳေတြ႕ေနရေသာ အခက္အခဲမ်ား တင္ျပခဲ့ေၾကာင္း သိရသည္။

"ေနာက္တစ္ခါ ျမန္မာအလုပ္သမားေတြ တစ္ခုခုျဖစ္ရင္ သံရံုးမွာ လာေျပာပါ။ ဒီလိုအလုပ္ဆိုတာ အေမလာမွပဲ လာတိုင္ရမယ့္ အလုပ္ မဟုတ္ဘူး။ ဒါမ်ိဳးဆိုတာက ေန႔တိုင္း ေျဖရွင္းေနရမယ့္ အရာေတြ။ အခု အလုပ္သမား၀န္ႀကီး ဦးေဆြသိန္းကို မွာထားတယ္။ အလုပ္သမား ၀န္ထမ္းေတြနဲ႔ ေျဖရွင္းဖို႔ အလုပ္သမား၀န္ႀကီးဌာနက လူေတြထပ္ထားဖို႔"ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားေၾကာင္း ျမန္မာသံရံုးအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ"AAC"မွ ကိုရဲမင္းထံမွ သိရသည္။

အခက္အခဲႏွင့္ ရင္ဆိုင္ၾကံဳေတြ႕ေနရေသာ ျမန္မာအလုပ္သမားမ်ားအေနႏွင့္ သံရံုးအား အကူအညီ ေတာင္းခံရာတြင္ စက္ရုံလိပ္စာ၊ ေနရပ္လိပ္စာ အေၾကာင္းအရာႏွင့္ အမည္တို႔အား တိက်မွန္ကန္စြာ သတင္းေပးမွသာ ေျဖရွင္းရန္ လြယ္ကူမည္ျဖစ္ၿပီး အလုပ္သမားကိစၥမ်ားအား အလုပ္သမား၀န္ႀကီးဌာနႏွင့္ ျပည္ထဲေရး၀န္ႀကီးဌာနတို႔ႏွင့္ ခ်ိတ္ဆက္၍ ေျဖရွင္းေဆာင္ရြက္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

"ေဒၚေအာင္ဆန္းစုၾကည္ အဓိကေျပာသြားတာက အလုပ္သမားအေရးနဲ႔ ပတ္သက္ရင္ သံရံုးကို အဓိကထား ဆက္သြယ္ပါ။ အလုပ္သမားေတြမွာ အခက္အခဲေျဖရွင္းဖို႔ ဘာသာျပန္ေတြ အဓိက လိုအပ္ေနတယ္ ေျပာတယ္။ အဲဒါကို ကူညီေနတဲ့ အဖြဲ႕အစည္းေတြအေနနဲ႔ အခ်ိန္ပိုင္း လုပ္အားေပးဖို႔ ေျပာသြားတယ္။ ကၽြန္ေတာ္တို႔ ရံုးမွာ အမႈရင္ဆိုင္ေနတဲ့ အလုပ္သမားေတြကို ကူညီထားတာ စားဖို႔ေသာက္ဖို႔ လိုအပ္ရင္ သံရံုးမွာ အကူအညီေတာင္းပါလို႔လည္း မွာသြားတယ္"ဟု ထိုင္းႏိုင္ငံ ျမန္မာသံရံုးအလုပ္သမား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ၀င္ AAC မဟာမိတ္အဖြဲ႔ မွ ကိုရဲမင္းက ေျပာသည္။

ထုိင္းႏိုင္ငံဆိုင္ရာ ျမန္မာသံရံုးအေနႏွင့္ ထုိင္းႏိုင္ငံအတြင္းရွိ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ား အခက္အခဲႏွင့္ ရင္ဆိုင္ၾကံဳေတြ႕ရပါ Hot Line ဖုန္းနံပါတ္ထား၍ သံရံုးအား ဆက္သြယ္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္ႏိုင္ေရးကိုလည္း ညႊန္ၾကားထားခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ေစာလွမင္း

......................

တာချီလိတ်၊ ဇွန်လ(၂၈)ရက်
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ အခက်အခဲ ကြုံတွေ့ပါက မြန်မာသံရုံးသို့ တိုက်ရိုက်လာရောက် အကူအညီတောင်းခံရန်နှင့် မြန်မာသံရုံးကလည်း ကူညီစောင့်ရှောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဇွန်လ(၂၅)ရက်နေ့ နေ့လည်(၂)နာရီက ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်နေသော အဖွဲ့အစည်းများ နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် တွေ့ဆုံကာ မြန်မာအလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများ တင်ပြခဲ့ကြောင်း သိရသည်။

"နောက်တစ်ခါ မြန်မာအလုပ်သမားတွေ တစ်ခုခုဖြစ်ရင် သံရုံးမှာ လာပြောပါ။ ဒီလိုအလုပ်ဆိုတာ အမေလာမှပဲ လာတိုင်ရမယ့် အလုပ် မဟုတ်ဘူး။ ဒါမျိုးဆိုတာက နေ့တိုင်း ဖြေရှင်းနေရမယ့် အရာတွေ။ အခု အလုပ်သမားဝန်ကြီး ဦးဆွေသိန်းကို မှာထားတယ်။ အလုပ်သမား ဝန်ထမ်းတွေနဲ့ ဖြေရှင်းဖို့ အလုပ်သမားဝန်ကြီးဌာနက လူတွေထပ်ထားဖို့"ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီ"AAC"မှ ကိုရဲမင်းထံမှ သိရသည်။

အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာအလုပ်သမားများအနေနှင့် သံရုံးအား အကူအညီ တောင်းခံရာတွင် စက်ရုံလိပ်စာ၊ နေရပ်လိပ်စာ အကြောင်းအရာနှင့် အမည်တို့အား တိကျမှန်ကန်စွာ သတင်းပေးမှသာ ဖြေရှင်းရန် လွယ်ကူမည်ဖြစ်ပြီး အလုပ်သမားကိစ္စများအား အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် ချိတ်ဆက်၍ ဖြေရှင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

"ဒေါ်အောင်ဆန်းစုကြည် အဓိကပြောသွားတာက အလုပ်သမားအရေးနဲ့ ပတ်သက်ရင် သံရုံးကို အဓိကထား ဆက်သွယ်ပါ။ အလုပ်သမားတွေမှာ အခက်အခဲဖြေရှင်းဖို့ ဘာသာပြန်တွေ အဓိက လိုအပ်နေတယ် ပြောတယ်။ အဲဒါကို ကူညီနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အချိန်ပိုင်း လုပ်အားပေးဖို့ ပြောသွားတယ်။ ကျွန်တော်တို့ ရုံးမှာ အမှုရင်ဆိုင်နေတဲ့ အလုပ်သမားတွေကို ကူညီထားတာ စားဖို့သောက်ဖို့ လိုအပ်ရင် သံရုံးမှာ အကူအညီတောင်းပါလို့လည်း မှာသွားတယ်"ဟု ထိုင်းနိုင်ငံ မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် AAC မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနှင့် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရပါ Hot Line ဖုန်းနံပါတ်ထား၍ သံရုံးအား ဆက်သွယ်နိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရေးကိုလည်း ညွှန်ကြားထားခဲ့ကြောင်း သိရသည်။

သတင်း။ စောလှမင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~