႐ွမ္းျပည္နယ္ ၀န္ႀကီးမ်ား ေရအားလွ်ပ္စစ္လုပ္ငန္းမ်ားသို႔ သြားေရာက္စစ္ေဆး

႐ွမ္းျပည္နယ္ ၀န္ႀကီးမ်ား ေရအားလွ်ပ္စစ္လုပ္ငန္းမ်ားသို႔ သြားေရာက္စစ္ေဆး
ဇွန် 26, 2016
By Tachileik News Agency

နမ့္စန္၊ ဇြန္လ(၂၆)
ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ဝန္ႀကီးမ်ားျဖစ္သည့္ ျပည္နယ္လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဦးေဆြသိန္းႏွင့္ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစုိင္းစြံဆုိင္းတို႔သည္ ျပည္နယ္အတြင္း ေရအားလွ်ပ္စစ္ လုပ္ငန္းမ်ားျဖစ္သည့္ က်ိဳင္းေတာင္းေရအား လ်ွပ္စစ္ စက္႐ုံႏွင့္ အားပါးေရအား လွ်ပ္စစ္စီမံကိန္းမ်ားအား သြားေရာက္စစ္ေဆးေနေၾကာင္း သိရသည္။

ဝန္ႀကီးမ်ားႏွင့္ အဖြဲ႔သည္ ႐ွမ္းျပည္နယ္ေတာင္ပုိင္း၊ လင္းေခးခ႐ုိင္၊ မုိးနဲၿမိဳ႕နယ္ က်ိဳင္းေတာင္းၿမိဳ႕ နမ့္တိန္းေခ်ာင္းေပၚ႐ွိ က်ိဳင္းေတာင္းေရတံခြန္အနီးတြင္ တည္႐ွိေသာ က်ိဳင္းေတာင္းေရအား လ်ွပ္စစ္စက္႐ုံသုိ႔ ဇြန္လ (၂၄)ရက္ေန႔က ေရာက္ရိွ စစ္ေဆးျခင္းျဖစ္ၿပီး အားပါးေရအားလွ်ပ္စစ္ စီမံကိန္းအား ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းေတာင္းေရအားလွ်ပ္စစ္စက္ရံုကို ၂၀၀၉ ခုႏွစ္ မတ္လ (၂၁) ရက္က ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး စီမံကိန္းကုန္က်စားရိတ္မွာ က်ပ္ေငြသန္းေပါင္း (၈၄၆၅.၄၄၈)သန္း ကုန္က်ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ သန္းစိုးေအာင္
..................

နမ့်စန်၊ ဇွန်လ(၂၆)
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများဖြစ်သည့် ပြည်နယ်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဆွေသိန်းနှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့သည် ပြည်နယ်အတွင်း ရေအားလျှပ်စစ် လုပ်ငန်းများဖြစ်သည့် ကျိုင်းတောင်းရေအား လျှပ်စစ် စက်ရုံနှင့် အားပါးရေအား လျှပ်စစ်စီမံကိန်းများအား သွားရောက်စစ်ဆေးနေကြောင်း သိရသည်။

ဝန်ကြီးများနှင့် အဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ နမ့်တိန်းချောင်းပေါ်ရှိ ကျိုင်းတောင်းရေတံခွန်အနီးတွင် တည်ရှိသော ကျိုင်းတောင်းရေအား လျှပ်စစ်စက်ရုံသို့ ဇွန်လ (၂၄)ရက်နေ့က ရောက်ရှိ စစ်ဆေးခြင်းဖြစ်ပြီး အားပါးရေအားလျှပ်စစ် စီမံကိန်းအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံကို ၂၀၀၉ ခုနှစ် မတ်လ (၂၁) ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းကုန်ကျစားရိတ်မှာ ကျပ်ငွေသန်းပေါင်း (၈၄၆၅.၄၄၈)သန်း ကုန်ကျကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ သန်းစိုးအောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~