၂၂ ဘီးယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်း ဆိုင်တိုက်မိ၍ ယာဉ်မောင်းနှစ်ဦးလုံးအား အမှုဖွင့်ထား

၂၂ ဘီးယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်း ဆိုင်တိုက်မိ၍ ယာဉ်မောင်းနှစ်ဦးလုံးအား အမှုဖွင့်ထား
ဇှနျ 4, 2016
By Tachileik News Agency

ဝမ်းတွင်း၊ ဇွန်လ (၄) ရက်



အဆိုပါယာဉ်တိုက်မှုအား ဇွန်လ (၄) ရက်နေ့တွင် ရွှေတောင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၇/၂၀၁၆ ပုဒ်မ (၃၃၇)ဖြင့် နှစ်ဖက်ယာဉ်မောင်းများအား အမှုဖွင့် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ကိုလင်း(၀မ်းတွင်း)

..................

ဝမ်းတွင်း၊ ဇွန်လ (၄) ရက်
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ ရန်ကုန် - မန္တလေးလမ်းဟောင်းတွင် (၂၂)ဘီးတွဲယာဉ်နှင့် မျက်နှာချင်းဆိုင်မှ လာသည့် ဆိုင်ကယ်တို့ တိုက်မိသဖြင့် နှစ်ဖက်ယာဉ်မောင်းများအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

''မိုးကလဲ ဖွဲဖွဲနဲ့ လမ်းတွေ စိုစွတ်နေတော့ ဘရိတ်ထိန်းမရဘဲ ဖြစ်ကုန်တာ။ ဘရိတ်ထိန်းလို့ရရင် တိုက်မိမှာ မဟုတ်ဖူး''ဟု ယာဉ်တိုက်မှု ဖြစ်စဉ်ကို တွေ့ခဲ့ရသည့်ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ရွှေတောင်နယ်မြေရဲစခန်းအပိုင်အတွင်း ယနေ့ ဇွန်လ (၄) ရက်နေ့ ညနေ (၆) နာရီခန့်က ရန်ကုန် - မန္တလေးလမ်းဟောင်းတွင် မန္တလေးမှ ရန်ကုန်သို့ ဦးတည်မောင်းနှင်လာသည့် (၂၂)ဘီးတွဲယာဉ်နှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်တို့သည် မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာများရရှိသွားသဖြင့် ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုအား ဇွန်လ (၄) ရက်နေ့တွင် ရွှေတောင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၇/၂၀၁၆ ပုဒ်မ (၃၃၇)ဖြင့် နှစ်ဖက်ယာဉ်မောင်းများအား အမှုဖွင့် စစ်ဆေးဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~