ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ သစ်ပင်ပေါင်း ၉၂၀ ပင် စိုက်ပျိုး

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ သစ်ပင်ပေါင်း ၉၂၀ ပင် စိုက်ပျိုး
ဇှနျ 5, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန် လ(၅)
ယနေ့ ဇွန် လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ လွယ်စတုံကျေးရွာ၊ ပုံလို့ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း နံနက်ပိုင်းက သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် အပင်ပေါင်း(၉၂၀)ပင်ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။



ယနေ့ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးမှုကို တစ်နိုင်ငံလုံးနီးပါး စိုက်ပျိုးကြကြောင်း သိရှိရသည်။

......................

တာချီလိတ်၊ ဇွန် လ(၅)

ယနေ့ ဇွန် လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမာ္ဘ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ လွယ်စတုံကျေးရွာ၊ ပုံလို့ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း နံနက်ပိုင်းက သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် အပင်ပေါင်း(၉၂၀)ပင်ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရတနာပင်၊ အရိပ်ရ ပင်များဖြစ်သည့် ကျွန်း၊ ကံ့ကော်၊ ခရေ၊ လုမ္မနီအင်ကြင်းပင်များနှင့် သီးပင်၊ စားပင်များဖြစ်သည့် သရက်၊ ပိန္နဲ၊ကျွဲကော၊ စွယ်တော်၊မျောက်ငို စသည့် စုစုပေါင်း သစ်မျိုးပေါင်း(၉)မျိုးကို စိုက်ပျိုးကြခြင်းဖြစ်သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးမှုကို သစ်တောဦးစီးဌာနမှကြီးမှူး ကျင်းပခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်စင်ကျော် နှင့် သစ်တော ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများ စသည်တို့မှ စုပေါင်း၍ စိုက်ပျိုးကြခြင်း ဖြစ်သည်။

ယနေ့ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမာ္ဘ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စို်က်ပျိုးမှုကို တစ်နိုင်ငံလုံးနီးပါး စိုက်ပျိုးကြကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net