ဧည့္လမ္းညႊန္ သင္တန္းမ်ားေၾကာင့္ ယခုႏွစ္ ခရီးသြားရာသီတြင္ ဧည့္လမ္းညႊန္ လံုေလာက္မႈရွိႏိုင္

ဧည့္လမ္းညႊန္ သင္တန္းမ်ားေၾကာင့္ ယခုႏွစ္ ခရီးသြားရာသီတြင္ ဧည့္လမ္းညႊန္ လံုေလာက္မႈရွိႏိုင္
ဇွန် 20, 2016
By Tachileik News Agency

မႏၱေလး၊ ဇြန္လ(၂၀) ရက္
ေဒသအသီးသီးတြင္ ဧည့္လမ္းညႊန္သင္တန္းမ်ား ဖြင့္လွစ္ေပးထားၿပီးျဖစ္သျဖင့္ ယခုႏွစ္ ခရီးသြားရာသီအတြင္း လိုင္စင္ရ ဧည့္လမ္းညႊန္ လံုေလာက္မႈရွိႏိုင္ေၾကာင္း ဧည့္လမ္းညႊန္မ်ားထံမွ သိရပါတယ္။

“ဧည့္လမ္းညႊန္ နယ္လိုင္စင္သင္တန္းေတြ ဖြင့္ေပးတာ အရမ္းေကာင္းပါတယ္။ ဘြဲ႕ရၿပီး အလုပ္မရွိတဲ့သူေတြ အလုပ္အကိုင္ အခြင့္အလမ္းေတြ မ်ားလာတယ္။ ႀကိဳးစားခ်င္စိတ္ေတြလည္း ျဖစ္လာတာေပါ့။ ဟိုအရင္ကလုိ ဧည့္လမ္းညႊန္ မလံုေလာက္တာေတြလည္း နည္းလာတယ္။ လက္ရွိမွာေတာ့ အရင္ကထက္ စာရင္ ဧည့္လမ္းညႊန္လုပ္တဲ့သူ မ်ားလာပါတယ္။ အဂၤလိပ္စကားေျပာ ဧည့္လမ္းညႊန္ကေတာ့ အမ်ားဆံုးပဲ။”ဟု မႏၱေလးမွ ဧည့္လမ္းညႊန္တစ္ဦးျဖစ္သူ ကိုေသာင္းႏိုင္ဦးက ေျပာသည္။

၂၀၁၂ ခုႏွစ္မွစတင္၍ ခရီးသြားလုပ္ငန္းတြင္ ဧည့္လမ္းညႊန္လိုအပ္ခ်က္ မ်ားျပားလာခဲ့ျခင္းျဖစ္ၿပီး ဧည့္လမ္းညႊန္ မလံုေလာက္မႈမ်ားေၾကာင့္ ဘာသာစကား ေျပာတတ္သည့္ ဆိုကၠားသမားမ်ားအား သင္တန္းေပး၍ လိုင္စင္ထုတ္ေပးခဲ့ရသည္အထိ ျဖစ္ခဲ့ေၾကာင္း ဧည့္လမ္းညႊန္ ကို၀င္းေဇာ္ဦးထံမွ သိရသည္။

“ဆိုကၠားသမားေတြကို လိုင္စင္ထုတ္ေပးခဲ့ရဖူးေတာ့ သူတို႔အေနနဲ႔က ဒီႏိုင္ငံအေၾကာင္းကို တိတိက်က် မေျပာနိုင္ဘူး။ ႏိုင္ငံရဲ႕ဂုဏ္လည္းက်တယ္။ အခုလို သင္တန္းေတြေပးၿပီး သင္ထားေတာ့ ကိုယ့္ႏိုင္ငံအေၾကာင္း ၊ ေရေျမသဘာ၀၊ ရိုးရာယဥ္ေက်းမႈေတြအေၾကာင္း တိတိက်က်ရွင္းျပႏိုင္ေတာ့ ဧည့္သည္ေတြလည္း ေနာက္ထပ္ လာလည္ခ်င္စိတ္ ျဖစ္တာေပါ့”လို႔ ကိုေသာင္းႏိုင္ဦးက ဆိုသည္။

ႏိုင္ငံတကာခရီးသြားလုပ္ငန္းစတင္ဖြံၿဖိဳးလာခဲ့သည့္ ၂၀၁၂ခုႏွစ္က မႏၱေလးၿမိဳ႕တြင္ လိုင္စင္ရဧည့္လမ္းညႊန္ (၈၀)ဦးခန္႔သာ ရိွခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ (၂၀၀)ဦးအထိ တိုးလာၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္
.........................

မန္တလေး၊ ဇွန်လ(၂၀) ရက်
ဒေသအသီးသီးတွင် ဧည့်လမ်းညွှန်သင်တန်းများ ဖွင့်လှစ်ပေးထားပြီးဖြစ်သဖြင့် ယခုနှစ် ခရီးသွားရာသီအတွင်း လိုင်စင်ရ ဧည့်လမ်းညွှန် လုံလောက်မှုရှိနိုင်ကြောင်း ဧည့်လမ်းညွှန်များထံမှ သိရပါတယ်။

“ဧည့်လမ်းညွှန် နယ်လိုင်စင်သင်တန်းတွေ ဖွင့်ပေးတာ အရမ်းကောင်းပါတယ်။ ဘွဲ့ရပြီး အလုပ်မရှိတဲ့သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာတယ်။ ကြိုးစားချင်စိတ်တွေလည်း ဖြစ်လာတာပေါ့။ ဟိုအရင်ကလို ဧည့်လမ်းညွှန် မလုံလောက်တာတွေလည်း နည်းလာတယ်။ လက်ရှိမှာတော့ အရင်ကထက် စာရင် ဧည့်လမ်းညွှန်လုပ်တဲ့သူ များလာပါတယ်။ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ကတော့ အများဆုံးပဲ။”ဟု မန္တလေးမှ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုသောင်းနိုင်ဦးက ပြောသည်။

၂၀၁၂ ခုနှစ်မှစတင်၍ ခရီးသွားလုပ်ငန်းတွင် ဧည့်လမ်းညွှန်လိုအပ်ချက် များပြားလာခဲ့ခြင်းဖြစ်ပြီး ဧည့်လမ်းညွှန် မလုံလောက်မှုများကြောင့် ဘာသာစကား ပြောတတ်သည့် ဆိုက္ကားသမားများအား သင်တန်းပေး၍ လိုင်စင်ထုတ်ပေးခဲ့ရသည်အထိ ဖြစ်ခဲ့ကြောင်း ဧည့်လမ်းညွှန် ကိုဝင်းဇော်ဦးထံမှ သိရသည်။

“ဆိုက္ကားသမားတွေကို လိုင်စင်ထုတ်ပေးခဲ့ရဖူးတော့ သူတို့အနေနဲ့က ဒီနိုင်ငံအကြောင်းကို တိတိကျကျ မပြောနိုင်ဘူး။ နိုင်ငံရဲ့ဂုဏ်လည်းကျတယ်။ အခုလို သင်တန်းတွေပေးပြီး သင်ထားတော့ ကိုယ့်နိုင်ငံအကြောင်း၊ ရေမြေသဘာဝ၊ ရိုးရာယဉ်ကျေးမှုတွေအကြောင်း တိတိကျကျရှင်းပြနိုင်တော့ ဧည့်သည်တွေလည်း နောက်ထပ် လာလည်ချင်စိတ် ဖြစ်တာပေါ့”လို့ ကိုသောင်းနိုင်ဦးက ဆိုသည်။

နိုင်ငံတကာခရီးသွားလုပ်ငန်းစတင်ဖွံဖြိုးလာခဲ့သည့် ၂၀၁၂ခုနှစ်က မန္တလေးမြို့တွင် လိုင်စင်ရဧည့်လမ်းညွှန် (၈၀)ဦးခန့်သာ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် (၂၀၀)ဦးအထိ တိုးလာပြီဖြစ်ကြောင်း သိရသည်။

သတင်း။ ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~