ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်ပြည့် မွေးနေ့အဖြစ် ကျိုင်းတုံ၌ သစ်ပင် (၂၄၀၀)ကျော် စိုက်ပျိုး

ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်ပြည့် မွေးနေ့အဖြစ် ကျိုင်းတုံ၌ သစ်ပင် (၂၄၀၀)ကျော် စိုက်ပျိုး
ဇွန် 19, 2016
By Tachileik News Agency

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် သစ်ပင်ချစ်သူများ အဖွဲ့တို့မှ ဦးဆောင်၍ ကျိုင်းတုံခရိုင်၊ လွိုင်မွေမြို့၌ သစ်ပင် အမျိုးအစားပေါင်း (၁၄)မျိုးပါဝင်သည့် အပင်ပေါင်း(၂,၄၃၅)ပင်ကို ယနေ့ ဇွန်လ(၁၉)ရက်၊ တနင်္ဂနွေနေ့၊ နံနက်(၈)နာရီက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အပင်ပေါင်း (၂,၄၃၅)ပင်အား စိုက်ပျိုးရာတွင် ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အစိမ်းရောင်ရှင်သန်သူများ ကွန်ရက်မှ အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်(ကျိုင်းတုံ) ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံများနှင့် ကျောင်းသား၊ကျောင်းသူများမှ စုပေါင်း စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

သတင်း။  ။ #ဇွဲမြတ်
ဓာတ်ပုံ။  ။ #စိုင်းပေါ်ထူး

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net