သစ္ေမႊးထုတ္လုပ္မႈတြင္ သစ္ေတာခြန္ (၂၅)ရာခိုင္ႏႈန္းအစား (၅)ရာခိုင္ႏႈန္းသာ ေကာက္ခံရန္ညိႇႏိႈင္းထား

သစ္ေမႊးထုတ္လုပ္မႈတြင္ သစ္ေတာခြန္ (၂၅)ရာခိုင္ႏႈန္းအစား (၅)ရာခိုင္ႏႈန္းသာ ေကာက္ခံရန္ညိႇႏိႈင္းထား
ဇွန် 30, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ဇြန္လ (၃၀) ရက္
သစ္ေမႊးထုတ္လုပ္မႈတြင္ သစ္ေတာထြက္ပစၥည္းမ်ားအေပၚ လက္ရိွေကာက္ခံေနသည့္ သစ္ေတာခြန္ (၂၅) ရာခိုင္ႏႈန္းအစား (၅)ရာခိုင္ႏႈန္းအထိ ေလွ်ာ႔ခ်ေကာက္ခံရန္ညိႇႏိႈင္းေနေၾကာင္း သစ္ေမႊး လုပ္ငန္းရွင္မ်ား အသင္းမွ သိရသည္။

ျမန္မာႏိုင္ငံ သစ္ေတာဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံ သစ္ေမႊးလုပ္ငန္းရွင္မ်ားအသင္းတို႔သည္ သစ္ေမႊးစိုက္ပ်ိဳး ထုတ္လုပ္ေရးလုပ္ငန္း ညႇိႏိႈင္းအစည္းအေဝးကို ဇြန္လ(၁၅)ရက္ေန႔က ေနျပည္ေတာ္ သစ္ေတာဦးစီး ရုံးခ်ဳပ္တြင္ က်င္းပရာ သစ္ေတာခြန္ေလွ်ာ့ခ်ေကာက္ခံေရးအတြက္ သစ္ေတာဦးစီးဌာနက လႊတ္ေတာ္တြင္ တင္ျပေဆာင္ရြက္ ေပးသြားမည္ဟု ဆံုးျဖတ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"အခုဟာက လုပ္ငန္းရွင္ေတြက ကိုယ္႔အရင္းအႏွီးနဲ႔ကိုယ္ ကိုယ္႔ေျမေပၚမွာ ကိုယ့္ရဲ ႔ရင္းႏွီးမတည္ေငြနဲ႔ စိုက္တဲ႔အတြက္ ႀကိဳးဝိုင္းထဲက ေကာက္သလို ေကာက္ရင္ တရားမွ်တမႈမရိွတဲ့အတြက္ ျပင္ဆင္ေပးပါလို႔ တင္ျပတဲ႔အခါမွာ ဌာနအေနနဲ႔(၁၀)ရာခိုင္ႏႈန္းပဲ ေကာက္မယ္လို႔ေျပာေပမဲ႔ (၁၀)ရာခိုင္ႏႈန္းကလည္း မ်ားတဲ႔အတြက္ (၅)ရာခိုင္ႏႈန္းပဲ ေကာက္ပါလို႔ ညႇိႏိႈင္းတဲ့အခါမွာ သူတို႔က အစည္းအေဝးျပန္ထိုင္ၿပီးေတာ႔ လႊတ္ေတာ္မွာ တင္ျပေပးပါမယ္လို႔ ဆိုပါတယ္။ အခြန္ေတာ္ ကိစၥကလည္း ေလွ်ာ႔ခ်ေပးမယ့္ အေျခအေနမွာရိွပါတယ္"ဟု ျမန္မာႏိုင္ငံ သစ္ေမႊးလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌဦးေသာင္းညြန္႔က ေျပာသည္။

သစ္ေတာထြက္ကုန္မ်ား ေရာင္းေစ်းေပၚတြင္ (၂၅) ရာခုိင္ႏႈန္း ေကာက္ခံေနျခင္းျဖစ္ေသာ္လည္း ကိုယ္ပိုင္ စိုက္ပ်ိဳးထုတ္လုပ္ၾကသည့္ သစ္ေမႊးထြက္ကုန္မ်ားအေပၚ အခြန္ေလွ်ာ့ေပါ့ေပးရန္ ညိႇႏိႈင္းေနျခင္း ျဖစ္ေၾကာင္း သိရသည္။

သစ္ေမႊးအခြန္ေကာက္ခံရန္ သစ္ေမႊးတန္ဖိုးသတ္မွတ္ရာတြင္ သစ္ေတာဌာန၊ သစ္ေမႊးလုပ္ငန္းရွင္မ်ား အသင္း၏ ကိုယ္စားျပဳကိုယ္စားလွယ္တစ္ဦး၊ ၿမိဳ႕နယ္မ်ားရိွ သက္ဆိုင္ရာ အဖြဲ႔အစည္း တစ္ခုခုႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနတုိ႔ပါဝင္သည့္ တန္ဖိုးျဖတ္ေကာ္မတီတစ္ခုျဖင့္ တန္ဖိုးျဖတ္ႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သစ္ေတာဦးစီးဌာနမွ စီစဥ္ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာတစ္ႏိုင္ငံလုံးတြင္ သစ္ေမႊးစိုက္ဧကေပါင္း တစ္ေသာင္းေက်ာ္ရိွၿပီး သစ္ေမႊးအပင္ေပါင္း (၅)သန္းခန္႔အထိ ရိွေနေသာ္လည္း သစ္ေမႊးထုတ္လုပ္မႈႏွင့္ပတ္သက္၍ လိုအပ္သည့္ မူဝါဒ လုပ္ထံုးလုပ္နည္းမ်ား မရိွေသးသျဖင့္ ယင္းကဲ့သို႔ ညိႇႏိႈင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္
..................

ကျိုင်းတုံ၊ ဇွန်လ (၃၀) ရက်
သစ်မွှေးထုတ်လုပ်မှုတွင် သစ်တောထွက်ပစ္စည်းများအပေါ် လက်ရှိကောက်ခံနေသည့် သစ်တောခွန် (၂၅) ရာခိုင်နှုန်းအစား (၅)ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံရန်ညှိနှိုင်းနေကြောင်း သစ်မွှေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များအသင်းတို့သည် သစ်မွှေးစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၁၅)ရက်နေ့က နပြေည်တော် သစ်တောဦးစီး ရုံးချုပ်တွင် ကျင်းပရာ သစ်တောခွန်လျှော့ချကောက်ခံရေးအတွက် သစ်တောဦးစီးဌာနက လွှတ်တော်တွင် တင်ပြဆောင်ရွက် ပေးသွားမည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"အခုဟာက လုပ်ငန်းရှင်တွေက ကိုယ့်အရင်းအနှီးနဲ့ကိုယ် ကိုယ့်မြေပေါ်မှာ ကိုယ့်ရဲ့ရင်းနှီးမတည်ငွေနဲ့ စိုက်တဲ့အတွက် ကြိုးဝိုင်းထဲက ကောက်သလို ကောက်ရင် တရားမျှတမှုမရှိတဲ့အတွက် ပြင်ဆင်ပေးပါလို့ တင်ပြတဲ့အခါမှာ ဌာနအနေနဲ့(၁၀)ရာခိုင်နှုန်းပဲ ကောက်မယ်လို့ပြောပေမဲ့ (၁၀)ရာခိုင်နှုန်းကလည်း များတဲ့အတွက် (၅)ရာခိုင်နှုန်းပဲ ကောက်ပါလို့ ညှိနှိုင်းတဲ့အခါမှာ သူတို့က အစည်းအဝေးပြန်ထိုင်ပြီးတော့ လွှတ်တော်မှာ တင်ပြပေးပါမယ်လို့ ဆိုပါတယ်။ အခွန်တော် ကိစ္စကလည်း လျှော့ချပေးမယ့် အခြေအနေမှာရှိပါတယ်"ဟု မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးသောင်းညွန့်က ပြောသည်။

သစ်တောထွက်ကုန်များ ရောင်းဈေးပေါ်တွင် (၂၅) ရာခိုင်နှုန်း ကောက်ခံနခြေင်းဖြစ်သော်လည်း ကိုယ်ပိုင် စိုက်ပျိုးထုတ်လုပ်ကြသည့် သစ်မွှေးထွက်ကုန်များအပေါ် အခွန်လျှော့ပေါ့ပေးရန် ညှိနှိုင်းနခြေင်း ဖြစ်ကြောင်း သိရသည်။

သစ်မွှေးအခွန်ကောက်ခံရန် သစ်မွှေးတန်ဖိုးသတ်မှတ်ရာတွင် သစ်တောဌာန၊ သစ်မွှေးလုပ်ငန်းရှင်များ အသင်း၏ ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦး၊ မြို့နယ်များရှိ သက်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုခုနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ပါဝင်သည့် တန်ဖိုးဖြတ်ကော်မတီတစ်ခုဖြင့် တန်ဖိုးဖြတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် သစ်မွှေးစိုက်ဧကပေါင်း တစ်သောင်းကျော်ရှိပြီး သစ်မွှေးအပင်ပေါင်း (၅)သန်းခန့်အထိ ရှိနေသော်လည်း သစ်မွှေးထုတ်လုပ်မှုနှင့်ပတ်သက်၍ လိုအပ်သည့် မူဝါဒ လုပ်ထုံးလုပ်နည်းများ မရှိသေးသဖြင့် ယင်းကဲ့သို့ ညှိနှိုင်းနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~