ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကုမ္ပဏီပေါင်း (၁၅၀)ခန့်ပါဝင်သည့် ကုန်စည်ပြပွဲ ကျိုင်းတုံမြို့၌ ကျင်းပမည်

ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကုမ္ပဏီပေါင်း (၁၅၀)ခန့်ပါဝင်သည့် ကုန်စည်ပြပွဲ ကျိုင်းတုံမြို့၌ ကျင်းပမည်
ဇှနျ 13, 2016
By Tachileik News Agency



အဆိုပါ ကုန်စည်ပြပွဲကျင်းပရန် ကျိုင်းတုံမြို့ ဘောလုံးကွင်းတွင် မိုးလုံလေလုံခန်းမအဖြစ် ယာယီတဲ တည်ဆောက်ပြီး မီးစက်အသုံးပြုကာ အဲယားကွန်းများဖြင့် အအေးပေးသွားရန် ထိုင်းကုန်စည်ပြပွဲ ကျင်းပရေးအဖွဲ့က လုပ်ဆောင်မည်ဖြစ်ပြီး ပြပွဲသို့ဝင်ရောက်ပြသလိုသည့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ပြင်ဆင် စရိတ်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကုန်စည်ပြပွဲကို တောင်ကြီးမြို့တွင် သြဂုတ်လ (၃)ရက်မှ (၇)ရက်နေ့အထိနှင့် ကျိုင်းတုံမြို့တွင် (၁၀)ရက်မှ (၁၂)ရက်နေ့အထိ ကျင်းပမည်ဟု လျာထားပြီး ကျိုင်းတုံမြို့နယ် ကုန်သည်များအသင်းအနေဖြင့် ထိုင်းနိုင်ငံမှ အဖွဲ့ကို ကုန်စည်ပြပွဲအတွင်း၌ လယ်ယာနှင့်ပတ်သက်သည့် ကုန်စည်ပြခန်းများ၊ နာရီပိုင်းနှင့် နည်းပညာ ဆင့်ပွားသင်တန်းများ၊ အော်ဂဲနစ် စိုက်ပျိုးနည်းစနစ်များကို ပြသစေလိုပြီး ကုန်စည်ပြပွဲကို လူအများ ပိုမိုစိတ်ဝင်စားလာစေရန် ထိုင်းနိုင်ငံမှ အနုပညာရှင်များကိုလည်း ခေါ်ဆောင်လာရန် တောင်းဆိုထားကြောင်း သိရသည်။

သတင်း။ ။ ‪#‎ဇွဲမြတ်‬
.....................

ကျိုင်းတုံ၊ ဇွန်လ (၁၃) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ထိုင်းအစိုးရအစီအစဉ်ဖြင့် ကုမ္ပဏီပေါင်း (၁၅၀)ခန့် ပါဝင်ပြသမည့် ကုန်စည်ပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"လာမယ့် သြဂုတ် လအတွင်းမှာ ထိုင်းအစိုးရရဲ့ ကုန်စည်ပြပွဲကို ကျိုင်းတုံမြို့မှာ လာရောက် ကျင်းပဖို့ရှိပါတယ်။ ကျိုင်းတုံမှာ မလုပ်ခင်မှာ တောင်ကြီးမှာ (၅)ရက်ပြမယ်။ ပြီးမှဒီကို လာကြမှာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် သူတို့အဖွဲ့တွေ ပြည်နယ်အစိုးရနဲ့ တွေ့ပြီးပြီ။ ကျွန်တော်တို့နဲ့လည်း လာတွေ့ပြီးပါပြီ။"ဟု ကျိုင်းတုံမြို့နယ် ကုန်သည်များအသင်းဥက္ကဌ ဦးစိုင်းဇော်မင်းက ပြောသည်။

အဆိုပါ ကုန်စည်ပြပွဲကျင်းပရန် ကျိုင်းတုံမြို့ ဘောလုံးကွင်းတွင် မိုးလုံလေလုံခန်းမအဖြစ် ယာယီတဲ တည်ဆောက်ပြီး မီးစက်အသုံးပြုကာ အဲယားကွန်းများဖြင့် အအေးပေးသွားရန် ထိုင်းကုန်စည်ပြပွဲ ကျင်းပရေးအဖွဲ့က လုပ်ဆောင်မည်ဖြစ်ပြီး ပြပွဲသို့ဝင်ရောက်ပြသလိုသည့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ အနဖြေင့် ပြင်ဆင် စရိတ်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

"သူတို့က နေရာကို ဘောလုံးကွင်းကို ရွေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ဒေသအုပ်ချုပ်ရေး အကြီးအကဲတွေ ရှိသေးတဲ့အတွက် တိတိကျကျလည်း အဖြေမပေးရသေးပါဘူး။ သူတို့လုပ်မယ့် အစီအစဉ်နဲ့ အသေးစိတ် အချက်အလက်တွေကို မြန်မာစီးပွားရေးသံရုံးကနေတစ်ဆင့် ကျွန်တော်တို့ကို ပေးပို့ပြီးတော့ ပြန်အကြောင်းကြားပေးပါလို့ ပြောထားပါတယ်။ အကြောင်းကြားပေးပြီးမှ သူတို့လာမှာပေါ့"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြောသည်။

အဆိုပါ ကုန်စည်ပြပွဲကို တောင်ကြီးမြို့တွင် သြဂုတ်လ (၃)ရက်မှ (၇)ရက်နေ့အထိနှင့် ကျိုင်းတုံမြို့တွင် (၁၀)ရက်မှ (၁၂)ရက်နေ့အထိ ကျင်းပမည်ဟု လျာထားပြီး ကျိုင်းတုံမြို့နယ် ကုန်သည်များအသင်းအနဖြေင့် ထိုင်းနိုင်ငံမှ အဖွဲ့ကို ကုန်စည်ပြပွဲအတွင်း၌ လယ်ယာနှင့်ပတ်သက်သည့် ကုန်စည်ပြခန်းများ၊ နာရီပိုင်းနှင့် နည်းပညာ ဆင့်ပွားသင်တန်းများ၊ အော်ဂဲနစ် စိုက်ပျိုးနည်းစနစ်များကို ပြသစေလိုပြီး ကုန်စည်ပြပွဲကို လူအများ ပိုမိုစိတ်ဝင်စားလာစေရန် ထိုင်းနိုင်ငံမှ အနုပညာရှင်များကိုလည်း ခေါ်ဆောင်လာရန် တောင်းဆိုထားကြောင်း သိရသည်။

သတင်း။ ‪#‎ဇွဲမြတ်‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~