စပါးပ်ဳိး သက္ႏုႏု ပ်ဳိးေထာင္စုိက္ပ်ဳိးနည္း စနစ္ လက္ေတြ႕ သရုပ္ျပအျဖစ္ တာေလ၌ စုိက္ပ်ဳိး

စပါးပ်ဳိး သက္ႏုႏု ပ်ဳိးေထာင္စုိက္ပ်ဳိးနည္း စနစ္ လက္ေတြ႕ သရုပ္ျပအျဖစ္ တာေလ၌ စုိက္ပ်ဳိး
ဇွန် 29, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္ (၂၉)
စိုက္ပ်ိဳးေရးဦးစီးဌာန၏ စပါးပ်ဳိးသက္ႏုႏု ပ်ဳိးေထာင္ စုိက္ပ်ဳိးနည္းစနစ္ သရုပ္ျပ စုိက္ပ်ဳိး ျခင္းအား ဇြန္လ(၂၈)ရက္၊ နံနက္(၉)နာရီက တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕၊ နားေယာင္းေက်းရြာအုပ္စု၊ ၀မ္ဆာေက်းရြာ ကြင္းအမွတ္(၆၃)၊ ဦးပုိင္အမွတ္(၆၉)ရွိ ေတာင္သူ ဦးစုိင္းလံု၏ လယ္ေျမ(၁)ဧကတြင္ သရုပ္ျပ စိုက္ပ်ိဳးခဲ့ေၾကာင္း တာခ်ီလိတ္ခရိုင္ စိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

"ျမန္မာႏုိင္ငံမွာ လူဦးေရ အမ်ားဆံုးေနထုိင္တာက ေက်းလက္ေဒသေတြမွာ၊ ဒါကို စဥ္ဆက္မျပတ္ ဖံြ႕ၿဖဳိးေရးအတြက္ ေက်းလက္ျပည္သူေတြရဲ႕ လူမႈစီးပြားဘ၀ေတြကို အခ်ိန္တုိတုိအတြင္း ထိထိမိမိ ဖံြ႕ၿဖဳိးတုိးတက္ေစဖို႔အတြက္ ေဆာင္ရြက္တာပါ"ဟု စိုက္ပ်ိဳးေရးဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးမွေျပာသည္။

အစိုးရ၏ ရက္(၁၀၀)စီမံခ်က္ျဖင့္ တာေလစိုက္ပ်ိဳးေရးဦးစီးဌာနမွ အေကာင္အထည္ေဖၚ စိုက္ပ်ိဳးခဲ့ျခင္းျဖစ္ေၾကာင္း၊ သရုပ္ျပစိုက္ပ်ိဳးပြဲတြင္ ခရုိင္စုိက္ပ်ဳိးေရးဦးစီးဌာန မွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးလွ၀င္း၊ ခရုိင္ေျမအသံုးခ်ေရး၊ သီးႏွံကာကြယ္ေရးတာ၀န္ခံမ်ားႏွင့္ ၀န္ထမ္းမ်ား၊ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ အဖဲြ႕၀င္မ်ား၊ အက်ဳိးေဆာင္ေတာင္သူ(၂၅)ဦး တုိ႔မွ လက္ေတြ႕ သရုပ္ျပ စုိက္ပ်ဳိးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ ခရိုင္အတြင္း ၿမိဳ႕ေပၚေနလူဦးေရမွာ (၉,၀၆၈)ဦးေနထုိင္ၿပီး? ေက်းလက္ေနလူဦးေရမွာ (၁၅,၃၂၆)ဦးရွိေၾကာင္း ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္း အဓိက သီးႏွံ(၁၀)မ်ိဳး စိုက္ပ်ိဳးၿပီး မိုးစပါး စိုက္ပ်ိဳးႏိုင္သည့္ ဧကမွာ ဧကေပါင္း (၁၇,၀၀၀)ေက်ာ္ရွိေၾကာင္း တာခ်ီလိတ္ခရိုင္ ေဒသဆိုင္ရာ အခ်က္အလက္မ်ားအရ သိရသည္။

သတင္း။  ။ ေ၀ယံလင္း
.................

တာချီလိတ်၊ ဇွန် (၂၉)
စိုက်ပျိုးရေးဦးစီးဌာန၏ စပါးပျိုးသက်နုနု ပျိုးထောင် စိုက်ပျိုးနည်းစနစ် သရုပ်ပြ စိုက်ပျိုး ခြင်းအား ဇွန်လ(၂၈)ရက်၊ နံနက်(၉)နာရီက တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ ဝမ်ဆာကျေးရွာ ကွင်းအမှတ်(၆၃)၊ ဦးပိုင်အမှတ်(၆၉)ရှိ တောင်သူ ဦးစိုင်းလုံ၏ လယ်မြေ(၁)ဧကတွင် သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"မြန်မာနိုင်ငံမှာ လူဦးရေ အများဆုံးနေထိုင်တာက ကျေးလက်ဒေသတွေမှာ၊ ဒါကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ကျေးလက်ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေကို အချိန်တိုတိုအတွင်း ထိထိမိမိ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆောင်ရွက်တာပါ"ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောသည်။

အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် တာလေစိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ သရုပ်ပြစိုက်ပျိုးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှဝင်း၊ ခရိုင်မြေအသုံးချရေး၊ သီးနှံကာကွယ်ရေးတာဝန်ခံများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ အကျိုးဆောင်တောင်သူ(၂၅)ဦး တို့မှ လက်တွေ့ သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တာချီလိတ် ခရိုင်အတွင်း မြို့ပေါ်နေလူဦးရေမှာ (၉,ဝ၆၈)ဦးနေထိုင်ပြီး? ကျေးလက်နေလူဦးရေမှာ (၁၅,၃၂၆)ဦးရှိကြောင်း နှင့် တာချီလိတ်ခရိုင်အတွင်း အဓိက သီးနှံ(၁၀)မျိုး စိုက်ပျိုးပြီး မိုးစပါး စိုက်ပျိုးနိုင်သည့် ဧကမှာ ဧကပေါင်း (၁၇,ဝဝဝ)ကျော်ရှိကြောင်း တာချီလိတ်ခရိုင် ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။

သတင်း။ေဝယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~