မိုင်းလားနယ်စပ် ကုန်သွယ်ရေးမှ ဒေသတွင်း ဆန်စပါးအများဆုံး တရုတ်သို့ တင်ပို့နေ

မိုင်းလားနယ်စပ် ကုန်သွယ်ရေးမှ ဒေသတွင်း ဆန်စပါးအများဆုံး တရုတ်သို့ တင်ပို့နေ
ဇှနျ 18, 2016
By Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၁၈)ရက်
တာချီလိတ်ခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်ရှိရာ လယ်စိုက်ဧက (၁၅၀၀၀)ခန့်ရှိပြီး နှစ်စဉ် ဆန်တန်ချိန်ပေါင်း(၃)သိန်းကျော်ထွက်ရှိရာ အများစုမှာ မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း လယ်ယာစိုက်တောင်သူများထံမှသိရပါတယ်။
တရုတ်နိုင်ငံသို့ မိုင်းလားမြို့မှတစ်ဆင့် ကုန်စည်များတင်ပို့ခွင့်အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၁၂)ရက်နေ့တွင် ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ (၃၅/၂၀၁၅)အစည်းအဝေးဆုံးဖြတ်ချက်အရ အခြား နယ်စပ်ကုန်သွယ်ရေးစခန်းများနည်းတူ ကန့်သတ်ကုန်စည်များမှ အပ ကုန်သွယ်ခွင့်အား ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။
သတင်း။ ။ ‪ကိုဇက်‬
.....................
တာချီလိတ်၊ ဇွန်လ(၁၈)ရက်
တရုတ်နိုင်ငံနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တာချီလိတ်ခရိုင်အတွင်းမှထွက်ရှိသည့် ဆန်စပါးအများဆုံး တင်ပို့လျှက်ရှိကြောင်း ဒေသခံ ကုန်သည်များထံမှ သိရပါတယ်။
"မိုင်းယောင်းမြို့နယ်ထဲက ထွက်ရှိတဲ့ဆန်တွေကို အဓိကတရုတ်နိုင်ငံကို ပို့တာပါ။ ထိုင်းနိုင်ငံကို တင်ပို့ဖို့ကြတော့ ထိုင်းက မယူဘူး အရည်အသွေးအကြောင့်မယူတာ။ အဲဒါကြောင့် တရုတ်ကိုပဲ တင်ပို့နေရတယ်"လို့ တာချီလိတ်နယ်စပ်ကုန်သည်များအသင်းမှ ဒုက္ကဌ ဦးဌေးအောင်က ပြောပါတယ်။
တာချီလိတ်ခရိုင်အတွင်း မြို့နယ်(၃)မြို့နယ်ရှိရာ လယ်စိုက်ဧက (၁၅၀၀၀)ခန့်ရှိပြီး နှစ်စဉ် ဆန်တန်ချိန်ပေါင်း(၃)သိန်းကျော်ထွက်ရှိရာ အများစုမှာ မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချနခြေင်းဖြစ်ကြောင်း လယ်ယာစိုက်တောင်သူများထံမှသိရပါတယ်။
တရုတ်နိုင်ငံသို့ မိုင်းလားမြို့ နယ်စပ်ဂိတ်မှ ကုန်စည်များတင်ပို့ရာတွင် တာချီလိတ်ခရိုင်အတွင်းမှ ဒေသထွက် ဆန်၊ စပါးများအပြင် ရာဘာကိုလည်း တင်ပို့နေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံသို့ မိုင်းလားမြို့မှတစ်ဆင့် ကုန်စည်များတင်ပို့ခွင့်အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ(၁၂)ရက်နေ့တွင် ပြုလုပ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ (၃၅/၂၀၁၅)အစည်းအေဝးဆုံးဖြတ်ချက်အရ အခြား နယ်စပ်ကုန်သွယ်ရေးစခန်းများနည်းတူ ကန့်သတ်ကုန်စည်များမှ အပ ကုန်သွယ်ခွင့်အား ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။
သတင်း။ ‪ကိုဇက်‬
 ⊱ #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~