တာချီလိတ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်း စတင်ဆောင်ရွက်

တာချီလိတ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်း စတင်ဆောင်ရွက်
ဇှနျ 15, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန် လ(၁၅)
တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးကူးစက်ရောဂါများ ကာကွယ်ရေးအနေဖြင့် အများပြည်သူ သွားလာမှုများသည့် နေရာများ၊ ခြင်ပေါက်ဖွားနိုင်သည့် နေရာများတွင် ခြင်ဆေးဖျန်းခြင်းကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနက ဇွန် လ (၁၅) ရက်နေ့က စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ယနေ့ ဇွန် လ(၁၅)ရက် နံနက်(၉)နာရီကျော်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အောက်တွင် ခြင်ဆေးဖျန်းခြင်းကို စတင်ဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။




မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါကာကွယ်ရေးကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ။ ။ ‪ဇောင်းညီ‬
..................

တာချီလိတ်၊ ဇွန် လ(၁၅)
တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးကူးစက်ရောဂါများ ကာကွယ်ရေးအနဖြေင့် အများပြည်သူ သွားလာမှုများသည့် နေရာများ၊ ခြင်ပေါက်ဖွားနိုင်သည့် နေရာများတွင် ခြင်ဆေးဖျန်းခြင်းကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနက ဇွန် လ (၁၅) ရက်နေ့က စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအနဖြေင့် ယနေ့ ဇွန် လ(၁၅)ရက် နံနက်(၉)နာရီကျော်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အောက်တွင် ခြင်ဆေးဖျန်းခြင်းကို စတင်ဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

“အဓိက က လူအများစုဝေး သွားလာတတ်တဲ့နေရာတွေမှာ ဖျန်းသွားမှာပါ။ ဒီနေ့မှာတော့ ချစ်ကြည်ရေးတံတားအောက်၊ လ.ဝ.ကရုံး၊ မြို့နယ်ထွေ/အုပ်ရုံးနဲ့ ရှမ်းရိုးမကွင်းတို့မှာ ဖျန်းသွားမှာပါ။ မိုးရာသီမှာ ခြင်ကြောင့် သွေးလွန်တုပ်ကွေး ရောဂါတွေ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်းဖြစ်ပါတယ်။”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

အဆိုပါ ခြင်ဆေးဖျန်းခြင်းကို သစ်ပင်ခြုံနွယ်များပြားသည့်နေရာများ ချောင်းမြောင်များတွင်လည်းဆောင်ရွက်သွားမည်ဖြစ်ပြီး နေအိမ်များ၌ ခြင်ဆေးဖျန်းလိုပါကလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“တကယ်လို့ အိမ်တွေမှာ ဖျန်းချင်တယ်ဆိုရင် ရုံးကို လာ ပြောလို့ရပါတယ်။ အိမ်အထိ ခြင်ဆေးကို အခမဲ့ ဖျန်းပေးသွားမှာပါ။”ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးလှမျိုးက ပြောသည်။

မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါကာကွယ်ရေးကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပူးပေါင်း ဆောင်ရွက်နခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ။ ‪ဇောင်းညီ‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~