လဲချားစော်ဘွား၏ ဟော်နန်းအုတ်ရိုးများ ဖြိုဖျက်ခံနေရသဖြင့် ထိန်းသိမ်းရန်လုပ်ဆောင်နေ
လဲချားစော်ဘွား၏ ဟော်နန်းအုတ်ရိုးများ ဖြိုဖျက်ခံနေရသဖြင့် ထိန်းသိမ်းရန်လုပ်ဆောင်နေ
ဇှနျ 15, 2016
By Tachileik News Agency
လဲချား၊ ဇွန်လ (၁၅) ရက်
ပင်လုံစာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် လဲချားစော်ဘွား၏ ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြို့ရှိ ဟော်နန်းတွင်းနေထိုင်သူများက အဆောက်အဦတိုးချဲ့ဆောက်လုပ်ရန် ဟော်နန်းအုတ်ရိုးများ ဖြိုဖျက်နေသဖြင့် ထိန်းသိမ်းရန် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ ဟော်နန်းအား စော်ဘွား၏ အမွေဆက်ခံသူများက ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းထား သော်လည်း ဟော်နန်းဝန်းအတွင်း ဝင်ရောက်နေထိုင်သည့်အိမ်များက နေအိမ်များတိုးချဲ့တည်ဆောက်ရန် ဟော်နန်းအုတ်ရိုးအား ဖြိုဖျက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဟော်နန်းဝန်းအတွင်း အုတ်နှစ်ထပ်ဟော်နန်းအား ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်းထားရာ ဆရာတော်က အခန်းအချို့အား ပြခန်းအဖြစ်ထားရှိပြီး ထိန်းသိမ်းထားသော်လည်း ဟော်နန်းဝန်းအတွင်း ခြံစည်းရိုးပတ်လည်တွင် အိမ် (၁၀)လုံးခန့်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့မြို့ရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းသင့်တယ်။ ဟော်နန်းတော်က ဘုန်းကြီးကျောင်းကို လှူထားတော့ မူလအတိုင်းရှိပြီး စည်းရိုးတံတိုင်းကိုလည်း မူလအတိုင်းရှိနေအောင် ထိန်းသင့်တယ်”ဟု လဲချားမြို့ခံ ဦးစိုင်းစံလင်းက ပြောသည်။
လဲချားမြို့လယ်တွင် တည်ရှိသည့် အဆိုပါဟော်နန်းဝန်းတွင် တံခါးပေါက်လေးခုရှိသည့်အနက် အမင်္ဂလာတံခါးအဖြစ် အသုံးပြုခဲ့သည့် အနောက်တံခါးပေါက်မှလွဲ၍ ကျန်တံခါးသုံးခုကို ဖွင့်ထားခြင်းဖြစ်သည်။
သတင်း။  ။ ဟံနိုင်
...............
လဲချား၊ ဇွန်လ (၁၅) ရက်
ပင်လုံစာချှူပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် လဲချားစော်ဘွား၏ ရှမ်းပြည်နယ် (တောင်ပိုင်း) လဲချားမြှိူဋ္ဌရှိ ဟော်နန်းတွင်းနေထိုင်သူများက အဆောက်အဦတိုးချဲဋ္ဌဆောက်လုပ်ရန် ဟော်နန်းအုတ်ရိုးများ ဖြှိူဖျက်နေသဖြင့် ထိန်းသိမ်းရန် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ ဟော်နန်းအား စော်ဘွား၏ အမွေဆက်ခံသူများက ဘုန်းတော်ကြီးကျောင်းအဖြစ် လှဒါန်းထား သော်လည်း ဟော်နန်းဝန်းအတွင်း ဝင်ရောက်နေထိုင်သည့်အိမ်များက နေအိမ်များတိုးချဲဋ္ဌတည်ဆောက်ရန် ဟော်နန်းအုတ်ရိုးအား ဖြှိူဖျက်နခြေင်းဖြစ်ကြောင်း သိရသည်။
“ စော်ဘွားမိသားစုကလည်း သာသနာကို လှလိုက်တယ်။ အကျှိူးကဘာကို မျှော်ကိုးလည်းဆိုတော့ှေုးဟောင်း သမိုင်းဝင်နေရာကို ထိန်းသိမ်းဿိုင်မယ်ထင်လိုရပါ။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ ဟော်ဝန်းထဲ နေသူတွေက မဖယ်ချင်ကြဘူး။ တချှိူဋ္ဌက စော်ဘွားခေတ်ထဲက နေရာ ရထားတယ်လိုရပြောတယ်။ တချှိူဋ္ဌက တစ်ဆင့်ဝယ်ထားတာ ရှိတယ်။ တချှိူဋ္ဌက အမွေအဿှစ်ကို တန်ဖိုးမထားကြဘူး။ စည်းိုးတွေကိုလည်း ယဉ်ကျေးမူအမွေအဿှစ်အဖြစ် ထိန်းသိမ်းသင့်တယ်။ စော်ဘွားအုတ်ဂူတွေကိုလည်း ထိန်းသိမ်းဖိုရ ဂူအနီးနေသူတွေနဲရ ညှိဿှိင်းနေပါတယ်”ဟု လဲချား မဲဆဿ္ဓနယ် အမှတ်(၁)မှ ရှမ်းပြည်နယ်လျတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျက ဆိုသည်။
ဟော်နန်းဝန်းအတွင်း အုတ်ဿှစ်ထပ်ဟော်နန်းအား ဘုန်းတော်ကြီးကျောင်းအဖြစ် လှဒါန်းထားရာ ဆရာတော်က အခန်းအချှိူဋ္ဌအား ပြခန်းအဖြစ်ထားရှိပြီး ထိန်းသိမ်းထားသော်လည်း ဟော်နန်းဝန်းအတွင်း ခြံစည်းရိုးပတ်လည်တွင် အိမ် (၁၀)လုံးခန်ရရှိနခြေင်းဖြစ်ကြောင်း သိရသည်။
“ကွနြ်တော်တိုရမြှိူဋ္ဌရဲဋ္ဌ အမွေအဿှစ်တွေကို ထိန်းသိမ်းသင့်တယ်။ ဟော်နန်းတော်က ဘုန်းကြီးကျောင်းကို လှထားတော့ မူလအတိုင်းရှိပြီး စည်းိုးတံတိုင်းကိုလည်း မူလအတိုင်းှိုနေအောင် ထိန်းသင့်တယ်”ဟု လဲချားမြှိူဋ္ဌခံ ဦးစိုင်းစံလင်းက ပြောသည်။
လဲချားမြှိူဋ္ဌလယ်တွင် တည်ရှိသည့် အဆိုပါဟော်နန်းဝန်းတွင် တံခါးပေါက်လေးခုရှိသည့်အနက် အမဂါ်လာတံခါးအဖြစ် အသုံးပြှူခဲ့သည့် အနောက်တံခါးပေါက်မှလွဲ၍ ကျန်တံခါးသုံးခုကို ဖွင့်ထားခြင်းဖြစ်သည်။
သတင်း။ ဟံဿိုင်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~