Update News

တရုတ္ႏုိင္ငံအတြင္း ဖမ္းဆီးမႈမ်ားေၾကာင့္ က်ိဳင္းတံုၿမိဳ႕မွ စပါးတင္ပို႔မႈေလ်ာ့နည္း


က်ဳိင္းတံု၊ ဇြန္လ (၂၆) ရက္
တရုတ္ႏုိင္ငံအတြင္း ဖမ္းဆီးမႈမ်ားရိွသျဖင့္ ရွမ္းျပည္နယ္(အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕မွ စပါးတင္ပို႔မႈ ေလ်ာ့နည္းသြားေၾကာင္း က်ိဳင္းတုံၿမိဳ႕နယ္ ဆန္၊စပါးကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။

"ျပည္ပကို ဒီကေန စပါးတင္ပို႔မႈ အေျခအေနက အခုတေလာက အနည္းအက်ဥ္းေလာက္ပဲ ရိွတယ္။
ဘာလို႔လဲဆုိေတာ့ ဟိုဘက္မွာလည္း စပါးေစ်းက တန္႔ေနတယ္ေလ။ ဘာလို႔လဲဆိုေတာ့ နယ္စပ္မွာကလည္း တရား၀င္ (DUTY) မဖြင့္ေပးဘူးေလ။ ၿပီးရင္ သူတို ့တရုတ္ဘက္မွာ အဖမ္းအဆီး ေတြကလည္း ရိွေနတဲ့အတြက္ ေၾကာင့္ပါ။"ဟု က်ိဳင္းတုံၿမိဳ ့နယ္ ဆန္၊စပါးကုန္သည္ႀကီးမ်ားအသင္း ဥကၠဌဦးမုန္းကိုက ေျပာသည္။

က်ိဳင္းတုံၿမိဳ ့မွ စပါးမ်ားကို တရုတ္ျပည္သို ့တင္ပို ့ရာတြင္ ႏွစ္ႏိုင္ငံတရား၀င္(MOU)ေရးထိုး ေဆာင္ရြက္ျခင္း မဟုတ္ဘဲ ႏွွစ္ႏိုင္ငံလုပ္ငန္းရွင္မ်ား အေနျဖင့္ ႏွစ္ဦးႏွစ္ဖက္နားလည္မႈျဖင့္သာ လုပ္ေဆာင္ေနၾကရျခင္း ျဖစ္ေၾကာင္း သိရသည္။

"တရား၀င္ လို္င္စင္ မဖြင့္ေပးတဲ့အတြက္ တရုတ္ႏိုင္ငံအတြင္းမွာ အဖမ္းအဆီးေတြ လုပ္ေနတာပါ။ ကၽြြန္ေတာ္တို႔ ျမန္မာဘက္မွာကေတာ့ အဖမ္းအဆီး မရိွပါဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို ့ဆီက စပါးေတြကို ျပည္ပကိုတင္ပို႔ဖို ့ သယ္သြားတဲ့အခါမွာ မိုင္းလားအ၀င္ ဟိုမိန္းဂိတ္မွာ အခြန္ေဆာင္ရပါတယ္။"ဟု ဦးမုန္းကိုက ဆိုသည္။

ယခုလက္ရိွ က်ိဳင္းတုံၿမိဳ႕၏ စပါးေစ်းကြက္တြင္ ကီလို(၄၀)တစ္အိတ္လွ်င္ (၁၄,၀၀၀)က်ပ္ျဖစ္ၿပီး တစ္ပတ္လွ်င္ စပါးတန္ေပါင္း(၁၀၀)ခန္ ့ က်ိဳင္းတုံၿမိဳ ့မွ တရုတ္ႏိုင္ငံအတြင္းသို ့ တင္ပို႔ေနေၾကာင္း သိရသည္။

သတင္း။  ။ #ဇြဲျမတ္
...................

ကျိုင်းတုံ၊ ဇွန်လ (၂၆) ရက်
တရုတ်နိုင်ငံအတွင်း ဖမ်းဆီးမှုများရှိသဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ စပါးတင်ပို့မှု လျော့နည်းသွားကြောင်း ကျိုင်းတုံမြို့နယ် ဆန်၊စပါးကုန်သည်ကြီးများအသင်းမှ သိရသည်။

"ပြည်ပကို ဒီကနေ စပါးတင်ပို့မှု အခြေအနေက အခုတလောက အနည်းအကျဉ်းလောက်ပဲ ရှိတယ်။
ဘာလို့လဲဆိုတော့ ဟိုဘက်မှာလည်း စပါးဈေးက တန့်နေတယ်လေ။ ဘာလို့လဲဆိုတော့ နယ်စပ်မှာကလည်း တရားဝင် (DUTY) မဖွင့်ပေးဘူးလေ။ ပြီးရင် သူတို့တရုတ်ဘက်မှာ အဖမ်းအဆီး တွေကလည်း ရှိနေတဲ့အတွက် ကြောင့်ပါ။"ဟု ကျိုင်းတုံမြို့နယ် ဆန်၊စပါးကုန်သည်ကြီးများအသင်း ဥက္ကဌဦးမုန်းကိုက ပြောသည်။

ကျိုင်းတုံမြို့မှ စပါးများကို တရုတ်ပြည်သို့တင်ပို့ရာတွင် နှစ်နိုင်ငံတရားဝင်(MOU)ရေးထိုး ဆောင်ရွက်ခြင်း မဟုတ်ဘဲ နှစ်နိုင်ငံလုပ်ငန်းရှင်များ အနဖြေင့် နှစ်ဦးနှစ်ဖက်နားလည်မှုဖြင့်သာ လုပ်ဆောင်နကြေရခြင်း ဖြစ်ကြောင်း သိရသည်။

"တရားဝင် လို်င်စင် မဖွင့်ပေးတဲ့အတွက် တရုတ်နိုင်ငံအတွင်းမှာ အဖမ်းအဆီးတွေ လုပ်နေတာပါ။ ကျွန်တော်တို့ မြန်မာဘက်မှာကတော့ အဖမ်းအဆီး မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီက စပါးတွေကို ပြည်ပကိုတင်ပို့ဖို့ သယ်သွားတဲ့အခါမှာ မိုင်းလားအဝင် ဟိုမိန်းဂိတ်မှာ အခွန်ဆောင်ရပါတယ်။"ဟု ဦးမုန်းကိုက ဆိုသည်။

ယခုလက်ရှိ ကျိုင်းတုံမြို့၏ စပါးဈေးကွက်တွင် ကီလို(၄၀)တစ်အိတ်လျှင် (၁၄,ဝဝဝ)ကျပ်ဖြစ်ပြီး တစ်ပတ်လျှင် စပါးတန်ပေါင်း(၁၀၀)ခန့် ကျိုင်းတုံမြို့မှ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့နေကြောင်း သိရသည်။

သတင်း။ #ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

« PREV
NEXT »