ပင္လံုစာခ်ဳပ္အထိမ္းအမွတ္ ေက်ာက္တိုင္အား ျပဳျပင္ၿပီးေနာက္ လာေရာက္ေလ့လာသူ မ်ားျပား

ပင္လံုစာခ်ဳပ္အထိမ္းအမွတ္ ေက်ာက္တိုင္အား ျပဳျပင္ၿပီးေနာက္ လာေရာက္ေလ့လာသူ မ်ားျပား
ဇွန် 23, 2016
By Tachileik News Agency

လဲခ်ား၊ ဇြန္လ (၂၂) ရက္
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပင္လံုၿမိဳ႕ရိွ  ပင္လံုေက်ာက္စာတို္င္ တည္ရိွသည့္ေနရာအား ျပည္နယ္အစိုးရက အဆင့္ျမႇင့္တင္ ျပဳျပင္ၿပီးေနာက္ပိုင္း လာေရာက္လည္ပတ္သူမ်ားျဖင့္ စည္ကားလာေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ အခုျပဳျပင္ထားတာ သေဘာက်တယ္။ အရင္ ဒီေနရာက ရိုးရိုးေျမေျပာင္ႀကီး။ သြားလာလည္ပတ္ရေကာင္းမွန္း မသိၾကဘူး။ ခုလိုျပဳျပင္ထိန္းသိမ္းလိုက္ေတာ့ ကေလးေတြေရာ လူႀကီးေတြေရာ လာေရာက္ေလ့လာ လည္ပတ္စရာ အပန္းေျဖစရာ တိုးလာတယ္”ဟု ပင္လံုေဒသခံ ဦးထြန္းခင္က ေျပာသည္။

ပင္လံုေက်ာက္တိုင္ဝန္း သတ္မွတ္ရန္အတြက္ ၁၉၈၉ ခုႏွစ္က ေနအိမ္ေပါင္း (၉၀)ေက်ာ္အား ၿမိဳ႕သစ္သို႔ ေရႊ႕ေျပာင္းေနရာခ်ထားေပးၿပီး ေက်ာက္တိုင္ဝန္းအျဖစ္ သတ္မွတ္ထားျခင္းျဖစ္ေသာ္လည္း ေက်ာက္တိုင္ဝန္း အနီး ျပဳျပင္မြမ္းမံမႈ မရိွသျဖင့္ လာေရာက္လည္ပတ္သူနည္းပါးၿပီး ၂၀၁၄ ခုႏွစ္အတြင္း ရွမ္းျပည္နယ္အစိုးရက ျပဳျပင္မြမ္းမံမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ လာေရာက္ လည္ပတ္သူမ်ားလာျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီမွာလာလည္ၾကတာ  လူငယ္ေတြ ေတာ္ေတာ္လာတယ္။ တျခားေဒသေတြကလည္း ကားေတြနဲ႔ကို လာၾကတယ္။ ဒီေန႔ဆို ကယားက ကားနဲ႔လာလည္ၾကတယ္။ ေလ့လာေရးလာၾကတာ” ဟု လဲခ်ားၿမိဳ႕မွ ပင္လံုသို႔ လာေရာက္လည္ပတ္သူတစ္ဦးက ဆိုသည္။

လက္ရိွတြင္ အဆိုပါ ပင္လံုေက်ာက္တုိင္သို႔ ေဒသတြင္းမွ လာေရာက္လည္ပတ္သူမ်ားအျပင္ အျခားေဒသမ်ားမွ လာေရာက္ေလ့လာသူမ်ားျဖင့္ စည္ကားေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

သတင္း/ဓာတ္ပံု ။  ။ ဟံႏိုင္
..........................

လဲချား၊ ဇွန်လ (၂၂) ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ရှိ ပင်လုံကျောက်စာတို်င် တည်ရှိသည့်နေရာအား ပြည်နယ်အစိုးရက အဆင့်မြှင့်တင် ပြုပြင်ပြီးနောက်ပိုင်း လာရောက်လည်ပတ်သူများဖြင့် စည်ကားလာကြောင်း ဒေသခံများထံမှ သိရသည်။

“ အခုပြုပြင်ထားတာ သဘောကျတယ်။ အရင် ဒီနေရာက ရိုးရိုးမြေပြောင်ကြီး။ သွားလာလည်ပတ်ရကောင်းမှန်း မသိကြဘူး။ ခုလိုပြုပြင်ထိန်းသိမ်းလိုက်တော့ ကလေးတွေရော လူကြီးတွေရော လာရောက်လေ့လာ လည်ပတ်စရာ အပန်းဖြေစရာ တိုးလာတယ်”ဟု ပင်လုံဒေသခံ ဦးထွန်းခင်က ပြောသည်။

ပင်လုံကျောက်တိုင်ဝန်း သတ်မှတ်ရန်အတွက် ၁၉၈၉ ခုနှစ်က နေအိမ်ပေါင်း (၉၀)ကျော်အား မြို့သစ်သို့ ရွှေ့ပြောင်းနေရာချထားပေးပြီး ကျောက်တိုင်ဝန်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်သော်လည်း ကျောက်တိုင်ဝန်း အနီး ပြုပြင်မွမ်းမံမှု မရှိသဖြင့် လာရောက်လည်ပတ်သူနည်းပါးပြီး ၂၀၁၄ ခုနှစ်အတွင်း ရှမ်းပြည်နယ်အစိုးရက ပြုပြင်မွမ်းမံမှုများလုပ်ဆောင်ခဲ့ပြီးနောက် လာရောက် လည်ပတ်သူများလာခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမှာလာလည်ကြတာ လူငယ်တွေ တော်တော်လာတယ်။ တခြားဒေသတွေကလည်း ကားတွေနဲ့ကို လာကြတယ်။ ဒီနေ့ဆို ကယားက ကားနဲ့လာလည်ကြတယ်။ လေ့လာရေးလာကြတာ” ဟု လဲချားမြို့မှ ပင်လုံသို့ လာရောက်လည်ပတ်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါ ပင်လုံကျောက်တိုင်သို့ ဒေသတွင်းမှ လာရောက်လည်ပတ်သူများအပြင် အခြားဒေသများမှ လာရောက်လေ့လာသူများဖြင့် စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း/ဓာတ်ပုံ။ ဟံနိုင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~