အမ်ိဳးသား သစ္ေတာသယံဇာတ ဆန္းစစ္ေလ့လာျခင္း ႏွင့္ အမ်ိဳးသားသစ္ေတာေစာင့္ၾကည့္ေလ့လာေရးစနစ္ တည္ေဆာက္ရန္ ေဆြးေႏြး

အမ်ိဳးသား သစ္ေတာသယံဇာတ ဆန္းစစ္ေလ့လာျခင္း ႏွင့္ အမ်ိဳးသားသစ္ေတာေစာင့္ၾကည့္ေလ့လာေရးစနစ္ တည္ေဆာက္ရန္ ေဆြးေႏြး
ဇွန် 29, 2016
By Tachileik News Agency
ဇြန္လ(၂၉)
အမ်ိဳးသား သစ္ေတာသယံဇာတဆန္းစစ္ေလ့လာျခင္း(National Forest Inventory-NFI) ႏွင့္ အမ်ိဳးသား သစ္ေတာ ေစာင့္ၾကည့္ေလ့လာေရး စနစ္ (National Forest Monitoring System- NFMS)မ်ားအား ျမန္မာႏိုင္ငံအတြင္း တည္ေဆာက္ရန္အတြက္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီးဌာနမွ ျပင္ဆင္လွ်က္ရွိေၾကာင္း သိရသည္။
သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီးဌာန၊ သစ္ေတာဦးစီးဌာန၊ ညႊန္ၾကားေရးမွဴးခ်ဳပ္ရံုး အစည္းအေ၀းခန္းမတြင္ ယေန႔ ဇြန္လ(၂၉)ရက္ေန႔ ေန႔လည္ပိုင္းတြင္ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာညီညီေက်ာ္ႏွင့္ အၾကံေပးပုဂၢိဳလ္ ေဒါက္တာမိုးျမင့္တို႔ ေတြ႕ဆံုခဲ့ၿပီး သစ္ေတာသယံဇာတ ဆန္းစစ္ေလ့လာျခင္းႏွင့္ ေစာင့္ၾကည္ေလ့လာေရးစနစ္တည္ေထာင္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သစ္ေတာဦးစီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ေဆြးေႏြးပြဲတြင္ သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္မ်ား၊ ညႊန္ၾကားေရးမွဴးမ်ား Remote Sensing ႏွင့္ GIS ဌာနစိတ္၊ ကြန္ပ်ဴတာဌာနစိတ္ႏွင့္ သစ္ေတာသယံဇာတ စာရင္းေကာက္ဌာနစိတ္တို႔မွ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ သစ္ေတာ အက်ယ္အ၀န္းမွာ (၁၆၇,၁၈၆,၃၃၄.၀၈)ဧကရွိၿပီး သစ္ေတာ ဖံုးလြမ္းမႈဧရိယာမွာ (၇၈,၅၁၄,၇၀၄.၉၅)ဧကရွိၿပီး ရာခိုင္ႏွဳန္းအားျဖင့္ (၅၀)ရာခိုင္ႏွဳန္းေက်ာ္ ဖံုးလြမ္းလွ်က္ရွိၿပီး ႀကိဳး၀ိုင္း၊ ႀကိဳးျပင္ကာကြယ္ေတာဖြဲ႕စည္းၿပီးစီးမွဳမွာ (၄၁,၄၄၇,၆၅၃.၃၅)ဧကရွိေၾကာင္း သယံဇာတႏွင့္ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီးဌာန၏ စာရင္းမ်ားအရသိရသည္။
 ...............
ဇွန်လ(၂၉)
အမျိုးသား သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း(National Forest Inventory-NFI) နှင့် အမျိုးသား သစ်တော စောင့်ကြည့်လေ့လာရေး စနစ် (National Forest Monitoring System- NFMS)များအား မြန်မာနိုင်ငံအတွင်း တည်ဆောက်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအေဝးခန်းမတွင် ယနေ့ ဇွန်လ(၂၉)ရက်နေ့ နေ့လည်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အကြံပေးပုဂ္ဂိုလ် ဒေါက်တာမိုးမြင့်တို့ တွေ့ဆုံခဲ့ပြီး သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်းနှင့် စောင့်ကြည်လေ့လာရေးစနစ်တည်ထောင်ရန် ဆွေးနွေးခဲ့ကြောင်း သစ်တောဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ Remote Sensing နှင့် GIS ဌာနစိတ်၊ ကွန်ပျူတာဌာနစိတ်နှင့် သစ်တောသယံဇာတ စာရင်းကောက်ဌာနစိတ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သစ်တော အကျယ်အဝန်းမှာ (၁၆၇,၁၈၆,၃၃၄.ဝ၈)ဧကရှိပြီး သစ်တော ဖုံးလွမ်းမှုဧရိယာမှာ (၇၈,၅၁၄,၇၀၄.၉၅)ဧကရှိပြီး ရာခိုင်နှုန်းအားဖြင့် (၅၀)ရာခိုင်နှုန်းကျော် ဖုံးလွမ်းလျှက်ရှိပြီး ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောဖွဲ့စည်းပြီးစီးမှုမှာ (၄၁,၄၄၇,၆၅၃.၃၅)ဧကရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net